ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် စပါးကွင်းလယ်လူ အဲရစ်ဆန်ကို ခေါ်ယူဖို့အတွက် စကားပြောနေပြီး စပါးနဲ့ သက်တမ်း တစ်နှစ်ပဲ ကျန်ရှိတဲ့ ဒိန်းမတ်လက်ရွေးစင်ကို အရခေါ်ယူဖို့ စိတ်အားထက်သန်နေခဲ့ပြီဖြစ်ပါတယ်။

အဲရစ်ဆန်ဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ခဲ့သလို ကွင်းလယ်တိုက်စစ် ကစားသမားဟာ လာလီဂါကလပ်နဲ့ ဆက်သွယ်မှုတွေ ရှိခဲ့ကြောင်း သိခဲ့ရပေမယ့် အပြီးသတ်ကိစ္စတွေအတွက် အသံမထွက်လာခဲ့ပါဘူး။ မန်နေဂျာဆိုးရှားက ကွင်းလယ်မှာ အင်အားဖြည့်ဖို့ လိုအပ်နေတယ်လို့ ယုံကြည်မှုနဲ့အတူ ကြံ့ခိုင်မှုကောင်းနေတဲ့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူူဖို့ ဆန္ဒရှိနေတာဖြစ်တယ်။

ကွင်းလယ်ကနေ တိုက်စစ်ကို ချိတ်ဆက်မှုမှာ အကောင်းဆုံး ပါဝင်နိုင်တဲ့ အဲရစ်ဆန်အတွက် ယူနိုက်တက်က ပေါင် ၄၂ သန်း အသုံးပြုမှာဖြစ်ပြီး အရင်လကတည်းက အပြောင်းအရွှေ့ဆိုင်ရာ စကားပြောမှုတွေကို စတင်ထားတယ်လို့ သိရတယ်။ ၂၀၁၃ ခုနှစ်မှာ အေဂျက်ကနေ စပါးအသင်းကို ပေါင် ၁၂ သန်းနဲ့တင် ပြောင်းရွှေ့ခဲ့တဲ့ အဲရစ်ဆန်ဟာ ၆ နှစ်အတွင်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

အဲရစ်ဆန်က ရီးရဲလ်မက်ဒရစ်ကို ပြောင်းလိုခဲ့ပေမယ့် လာလီဂါကလပ်က ကွင်းလယ်မှာ ပစ်မှတ်အများအပြားကို ရွေးချယ်စရာတွေအဖြစ် လုပ်ဆောင်ထားပြီး သူ့ကို ဦးစားပေးအဖြစ် သက်မှတ်ခဲ့ခြင်း မရှိပါဘူး။ ဒီအခြေအနေကြောင့် ပရီးမီးယားလိဂ်မှာ အသားကျနေပြီး ဘောလုံးကို ကိုင်ကစားနိုင်ကာ လှုပ်အားနှုန်းလည်းကောင်းတဲ့ သူ့ကို ဆိုးရှားက အလိုရှိလာတာဖြစ်တယ်။

စပါးမန်နေဂျာကတော့ ကစားသမားရဲ့ စာချုပ် နှစ်အနည်းငယ်ပဲ ကျန်ရှိတာကို နားလည်ထားတယ်ဆိုတာ ဝန်ခံပေမယ့် ကလပ်အပေါ် ပေးဆပ်ပုံခြင်းက အတူတူပဲဖြစ်ကာ ကလပ်အသင်းမှာ အဲရစ်ဆန်ကို ဆက်ရှိနေမယ်လို့ မျှော်လင့်ကြောင်း ဆိုထားခဲ့တယ်။ အဲရစ်ဆန်ကတော့ စပါးကနေ ထွက်ခွာလိုတယ်လို့ နွေတုန်းက ဆိုထာဖူးပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာတင္ စပါးကြင္းလယ္လူ အဲရစ္ဆန္ကို ေခၚယူဖို႔အတြက္ စကားေျပာေနျပီး စပါးနဲ႔ သက္တမ္း တစ္ႏွစ္ပဲ က်န္ရွိတဲ့ ဒိန္းမတ္လက္ေရြးစင္ကို အရေခၚယူဖို႔ စိတ္အားထက္သန္ေနခဲ့ျပီျဖစ္ပါတယ္။

အဲရစ္ဆန္ဟာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႔ဖို႔ သတင္းထြက္ခဲ့သလို ကြင္းလယ္တိုက္စစ္ ကစားသမားဟာ လာလီဂါကလပ္နဲ႔ ဆက္သြယ္မႈေတြ ရွိခဲ့ေၾကာင္း သိခဲ့ရေပမယ့္ အျပီးသတ္ကိစၥေတြအတြက္ အသံမထြက္လာခဲ့ပါဘူး။ မန္ေနဂ်ာဆိုးရွားက ကြင္းလယ္မွာ အင္အားျဖည့္ဖို႔ လိုအပ္ေနတယ္လုိ႔ ယံုၾကည္မႈနဲ႔အတူ ၾကံ႕ခိုင္မႈေကာင္းေနတဲ့ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူူဖို႔ ဆႏၵရွိေနတာျဖစ္တယ္။

ကြင္းလယ္ကေန တိုက္စစ္ကို ခ်ိတ္ဆက္မႈမွာ အေကာင္းဆံုး ပါဝင္ႏုိင္တဲ့ အဲရစ္ဆန္အတြက္ ယူႏုိက္တက္က ေပါင္ ၄၂ သန္း အသံုးျပဳမွာျဖစ္ျပီး အရင္လကတည္းက အေျပာင္းအေရႊ႔ဆိုင္ရာ စကားေျပာမႈေတြကို စတင္ထားတယ္လို႔ သိရတယ္။ ၂၀၁၃ ခုႏွစ္မွာ ေအဂ်က္ကေန စပါးအသင္းကို ေပါင္ ၁၂ သန္းနဲ႔တင္ ေျပာင္းေရႊ႔ခဲ့တဲ့ အဲရစ္ဆန္ဟာ ၆ ႏွစ္အတြင္း တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ကို ျပသႏုိင္ခဲ့ပါတယ္။

အဲရစ္ဆန္က ရီးရဲလ္မက္ဒရစ္ကို ေျပာင္းလိုခဲ့ေပမယ့္ လာလီဂါကလပ္က ကြင္းလယ္မွာ ပစ္မွတ္အမ်ားအျပားကို ေရြးခ်ယ္စရာေတြအျဖစ္ လုပ္ေဆာင္ထားျပီး သူ႔ကို ဦးစားေပးအျဖစ္ သက္မွတ္ခဲ့ျခင္း မရွိပါဘူး။ ဒီအေျခအေနေၾကာင့္ ပရီးမီးယားလိဂ္မွာ အသားက်ေနျပီး ေဘာလံုးကို ကိုင္ကစားႏုိင္ကာ လႈပ္အားႏႈန္းလည္းေကာင္းတဲ့ သူ႔ကို ဆိုးရွားက အလိုရွိလာတာျဖစ္တယ္။

စပါးမန္ေနဂ်ာကေတာ့ ကစားသမားရဲ႕ စာခ်ဳပ္ ႏွစ္အနည္းငယ္ပဲ က်န္ရွိတာကို နားလည္ထားတယ္ဆိုတာ ဝန္ခံေပမယ့္ ကလပ္အေပၚ ေပးဆပ္ပံုျခင္းက အတူတူပဲျဖစ္ကာ ကလပ္အသင္းမွာ အဲရစ္ဆန္ကို ဆက္ရွိေနမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ဆိုထားခဲ့တယ္။ အဲရစ္ဆန္ကေတာ့ စပါးကေန ထြက္ခြာလိုတယ္လို႔ ေႏြတုန္းက ဆိုထာဖူးပါတယ္။