ချယ်ဆီးမန်နေဂျာလမ်းပတ်က ကွင်းလယ်မှာခြေစွမ်းပြနေတဲ့ ကိုဗာစစ်ရဲ့ ပုံစံကောင်းကို ကျေနပ်နေပေမယ့် ကစားသမားအား ကလပ်အတွက် သွင်းဂိုးတွေ ရအောင် စွမ်းဆောင်ပေးဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။
မနှစ်ကရာသီ ရီးရဲလ်မက်ဒရစ်ကနေ အငှားလာကစားခဲ့ပြီး ဒီနွေမှာ အပြီးသတ်စာချုပ်ဖြင့် ပြောင်းလာခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ ဂျော်ဂျင်ဟိုနဲ့ တွဲဘက်ပြီး ခြေစွမ်းပြပနေခြင်း ရှိနေပါတယ်။ ဒီရာသီ ချယ်ဆီးအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲထိ ကစားထားပေမယ့်လည်း ကိုဗာဆစ်ဟာ သွင်းဂိုးတော့ တစ်ဂိုးမှ သွင်းယူထားနိုင်ခြင်း မရှိတာဖြစ်တယ်။
လမ်းပတ်က ‘ အခြားသော တိုင်းပြည်ကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့ပြီးရင် အထိုင်ကျဖို့ ကစားသမားတွေအတွက် အချိန်လိုတာက အဆန်းမဟုတ်တော့ဘူးလို့ ကျနော်ထင်တယ်။ ကိုဗာဆစ်က တကယ် ကောင်းမွန်တဲ့ လက်မှတ်ထိုးမှုဖြစ်ပြီး မနှစ်ကလည်း သူ့ထံက အကောင်းမြင်မှုတွေ အများကြီး ရခဲ့ပါတယ်။ အသင်းအတွက် သူပါဝင်ကစားပေးပြီး အပြောင်းအလဲဖြစ်စေတာက တကယ်ကို မလွယ်ပါဘူး။
မန်နေဂျာတစ်ယောက်အနေနဲ့ အခုချိန်မှာ ကျနေ်ာ ပိုပြီးတော့ လိုချင်လာပါတယ်။ ဒီနေရာကို အိမ်လို့ သူခံစားမိနေပြီ ထင်ပါတယ်။ အခုချိန်မှာ သူက အသင်းလူစာရင်းနဲ့လည်း အကောင်းဆုံး တောက်ပနေပါပြီ။ ကွင်းတွင်းမှာနဲ့ ကွင်းပြင်မှာ သူဟာ အရမ်းကို ကောင်းမွန်တ့ အကျင့်စရိုက်ရှိသူဖြစ်ပြီး တကယ်ကို ကစားသမားကောင်းတစ်ယောက်ပါ။
သူက ကလပ်နဲ့ အသားကျလာခဲ့ပြီဖြစ်ပြီး ကစားပုံလည်းကောင်းသလို အဲ့တာအတွက် ကျေနပ်မိတယ်။ သူ့အနေနဲ့ ဂိုးတွေသွင်းဖို့ လိုအပ်တယ်လို့ ကျနော်ထင်ပြီး သူ ဂိုးတွေ သွင်းယူနိုင်ရပါမယ်။ သူပြသနေတဲ့ အရည်အချင်းတွေက ဒီရာသီ ကျနေ်ာတို့အတွက် အရေးပါပါတယ်။ သွင်းဂိုးတွေမှာ တိုးတက်ဖို့လိုပြီး ကျနော်တို့ ကြိုးစားလုပ်ဆောင်နေတယ်။
သူ ဂိုးသွင်းနိုင်ရင် အတော်လေး ကျေနပ်ပျော်ရွှင်တာကို မြင်ရပါလိမ့်မယ်။ သူ့ထံကတင် မဟုတ်ပဲ အသင်းဖော်တွေကလည်း ပျော်ရွှင်ကြမှာပါ။ ဘာလို့လည်းဆိုတော့ သူက ဂိုးတွေသွင်းနိုင်တဲ့ အရည်အချင်းရှိပြီး အဲ့တာက နောက်ထပ် ခြေလှမ်းသစ်ပါပဲ။ ’ လို့ ဆိုခဲ့တာပဲဖြစ်ပါတယ်။
ZAWGYI