လီဗာပူးအသင်းဟာ ဒီတပတ်မှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင် စကားစစ်ထိုးမှုတွေနဲ့ သုံးသပ်သူတွေ အကြားမှာ ရေပန်းစားနေတဲ့ ပွဲကောင်းလည်း ဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းပေါင်းထဲက အကောင်းဆုံး ၁၁ ယောက် အသင်းကို နာမည်ကျော် သုံးသပ်သူ ရော်ဘီ ဆားဗေ့ချ်က ရွေးထုတ်ပေးထားတာကို ဖော်ပြပေးပါမယ်။ ၎င်းရဲ့ အသင်းမှာ လီဗာပူးအသင်းသားတွေကတော့ အများစု လွှမ်းမိုးထားတာပါ။ ရော်ဘီ ဆားဗေ့ ရွေးချယ်ထားတဲ့ အသင်းကတော့ ၄-၂-၃-၁ နဲ့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အယ်လစ်ဆန် (လီဗာပူး)၊ ထရန့် အလက်ဇန်းဒါး အာနိုး (လီဗာပူး)၊ ဗန်ဒိုက် (လီဗာပူး)၊ မာတစ် (လီဗာပူး)၊ ရော်ဘတ်ဆန် (လီဗာပူး)၊ ဒီဘရိုင်း (မန်စီးတီး)၊ ဖာဘင်ညို (လီဗာပူး)၊ စတားလင်း (မန်စီးတီး)၊ ဖာမီနို (လီဗာပူး)၊ မာနေး (လီဗာပူး)၊ အဂွယ်ရို (မန်စီးတီး)

မန်စီးတီး ခံစစ်မှူး လာပေါ်တေး သာ ကာလရှည် ဒဏ်ရာကြောင့် လွဲချော် မနေရင် ခံစစ်တန်းမှာ ပါဝင်နေလိမ့်မယ်လို့ ဆားဗေ့ချ်က ဆိုခဲ့ပါတယ်။ ၎င်း အသင်းမှာ လီဗာပူးအသင်းသား ၈ ယောက် အထိ ပါဝင်နေပြီး မန်စီးတီးကတော့ ၃ ယောက်ပါ။

” လီဗာပူးအသင်းက နောက်ဆုံ ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၅၀ မှာ တစ်ပွဲပဲ ရှုံးထားတယ်။ ဒါကလည်း မန်စီးတီး ဖြစ်ပြီး ဒီပွဲ ရလဒ်ကြောင့် ပြီးခဲ့တဲ့ရာသီ အမှတ်ပေးဖလားမှာ လီဗာပူး အထိနာခဲ့တယ်။ ဒါပေမယ့် ဒီတပတ် အန်းဖီးမှာတော့ မန်စီးတီးတို့ အိမ်ရှင်ကို လှန်နိုင်မယ် မထင်ပါဘူး။ ယာဂင်ကလော့ပ်ရဲ့ အသင်းသာ တနင်္ဂနွေနေ့မှာ နိုင်ပွဲရသွားရင် အမှတ်က ၉ မှတ် ပြတ်သွားမှာပါ။ ”

” တဖက်မှာ မန်စီးတီးက လီဗာပူးကို အမှီလိုက်ဖို့ ဆိုပေမယ့် လီဗာပူး အနေနဲ့က နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၂၆ ပွဲ လုံး ရှုံးပွဲ မရှိတာ၊ ပွဲ ၅၀ မှာ တစ်ပွဲပဲ ရှုံးနိမ့်ထားတာကို ဒီပွဲ ခြေချော်သွားတာနဲ့ လက်လွှတ်ရဦးမှာပါ။ ပြီးခဲ့တဲ့ ရာသီက အန်းဖီးမှာ ဂိုး မရှိ သရေ ကျခဲ့ပေမယ့် ဒီတလော သီတင်းပတ်တွေမှာ clean sheet ဝေးကွာနေတဲ့ နှစ်သင်းက အလားတူ ရလဒ်မျိုး ထပ် ထွက်လာဖွယ် မရှိပါဘူး။ ” လို့ ရော်ဘီ ဆားဗေ့ချ်က သုံးသပ်ခဲ့ပြီး လီဗာပူး အနိုင်ရဖို့ အလေးပေးထားပါတယ်။

Zawgyi

လီဗာပူးအသင္းဟာ ဒီတပတ္မွာ လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္စီးတီးအသင္းကို အိမ္ကြင္း အန္းဖီးမွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ ဒီပြဲ မတိုင္ခင္ စကားစစ္ထိုးမႈေတြနဲ႕ သံုးသပ္သူေတြ အၾကားမွာ ေရပန္းစားေနတဲ့ ပြဲေကာင္းလည္း ျဖစ္ပါတယ္။

လီဗာပူးနဲ႕ မန္စီးတီး နွစ္သင္းေပါင္းထဲက အေကာင္းဆံုး ၁၁ ေယာက္ အသင္းကို နာမည္ေက်ာ္ သံုးသပ္သူ ေရာ္ဘီ ဆားေဗ့ခ်္က ေရြးထုတ္ေပးထားတာကို ေဖာ္ျပေပးပါမယ္။ ၄င္းရဲ႕ အသင္းမွာ လီဗာပူးအသင္းသားေတြကေတာ့ အမ်ားစု လႊမ္းမိုးထားတာပါ။ ေရာ္ဘီ ဆားေဗ့ ေရြးခ်ယ္ထားတဲ့ အသင္းကေတာ့ ၄-၂-၃-၁ နဲ႕ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

အယ္လစ္ဆန္ (လီဗာပူး)၊ ထရန္႔ အလက္ဇန္းဒါး အာနုိး (လီဗာပူး)၊ ဗန္ဒိုက္ (လီဗာပူး)၊ မာတစ္ (လီဗာပူး)၊ ေရာ္ဘတ္ဆန္ (လီဗာပူး)၊ ဒီဘရိုင္း (မန္စီးတီး)၊ ဖာဘင္ညိဳ (လီဗာပူး)၊ စတားလင္း (မန္စီးတီး)၊ ဖာမီနို (လီဗာပူး)၊ မာေနး (လီဗာပူး)၊ အဂြယ္ရို (မန္စီးတီး)

မန္စီးတီး ခံစစ္မွဴး လာေပၚေတး သာ ကာလရွည္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ မေနရင္ ခံစစ္တန္းမွာ ပါ၀င္ေနလိမ့္မယ္လို႔ ဆားေဗ့ခ်္က ဆိုခဲ့ပါတယ္။ ၄င္း အသင္းမွာ လီဗာပူးအသင္းသား ၈ ေယာက္ အထိ ပါ၀င္ေနျပီး မန္စီးတီးကေတာ့ ၃ ေယာက္ပါ။

” လီဗာပူးအသင္းက ေနာက္ဆံု ကစားထားတဲ့ ပရီးမီးယားလိဂ္ပြဲ ၅၀ မွာ တစ္ပြဲပဲ ရွံဳးထားတယ္။ ဒါကလည္း မန္စီးတီး ျဖစ္ျပီး ဒီပြဲ ရလဒ္ေၾကာင့္ ျပီးခဲ့တဲ့ရာသီ အမွတ္ေပးဖလားမွာ လီဗာပူး အထိနာခဲ့တယ္။ ဒါေပမယ့္ ဒီတပတ္ အန္းဖီးမွာေတာ့ မန္စီးတီးတို႔ အိမ္ရွင္ကို လွန္နုိင္မယ္ မထင္ပါဘူး။ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းသာ တနဂၤေႏြေန႔မွာ နုိင္ပြဲရသြားရင္ အမွတ္က ၉ မွတ္ ျပတ္သြားမွာပါ။ ”

” တဖက္မွာ မန္စီးတီးက လီဗာပူးကို အမွီလိုက္ဖို႔ ဆိုေပမယ့္ လီဗာပူး အေနနဲ႕က ေနာက္ဆံုး ကစားထားတဲ့ ပရီးမီးယားလိဂ္ ၂၆ ပြဲ လံုး ရွံဳးပြဲ မရွိတာ၊ ပြဲ ၅၀ မွာ တစ္ပြဲပဲ ရွံဳးနိမ့္ထားတာကို ဒီပြဲ ေျခေခ်ာ္သြားတာနဲ႕ လက္လႊတ္ရဦးမွာပါ။ ျပီးခဲ့တဲ့ ရာသီက အန္းဖီးမွာ ဂိုး မရွိ သေရ က်ခဲ့ေပမယ့္ ဒီတေလာ သီတင္းပတ္ေတြမွာ clean sheet ေ၀းကြာေနတဲ့ နွစ္သင္းက အလားတူ ရလဒ္မ်ိဳး ထပ္ ထြက္လာဖြယ္ မရွိပါဘူး။ ” လို႕ ေရာ္ဘီ ဆားေဗ့ခ်္က သံုးသပ္ခဲ့ျပီး လီဗာပူး အနုိင္ရဖို႕ အေလးေပးထားပါတယ္။