အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက ယူရိုပါလိဂ်ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် ခံစစ် သုံးယောက်တန်း ကစားကွက်ကိုပဲ ဆက်လက် ခင်းကျင်းသွားဖွယ် ရှိပါတယ်။ လက်စတာနဲ့ပွဲမှာ အိုဇေးကို ပွဲထုတ်လာဖွယ် ရှိပြီး ဇာခါကတော့ ပါဝင်နိုင်မှာ မဟုတ်ကြောင်း အမ်မရီက အတည်ပြု ပြောကြားထားပါတယ်။

ဂိုးသမား လီနိုရဲ့ ရှေ့မှာ ချန်ဘာစ်၊ လူးဝစ်နဲ့ ဆိုကရေးတစ် တို့ သုံးယောက်တန်းနဲ့ ပွဲထွက်လာမယ် ယူဆရပြီး ခံစစ် ပိုမို ကျစ်လစ်စေဖို့ ဘယ်လာရင်နဲ့ ကိုလာစီနက်တို့ကို အစွန်မှာ ရန်လာစေဖွယ် ရှိပါတယ်။ ဂန်းနားတွေဟာ ပြိုင်ပွဲစုံ နောက်ဆုံး လေးပွဲဆက် သရေကျထားကာ ပရီးမီးယားလိဂ်မှာ အောက်တိုဘာ ၆ ဘုန်းမောက်ကို နိုင်တဲ့ ပွဲ နောက်ပိုင်း နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါတယ်။

လက်စတာနဲ့ ပွဲမတိုင်ခင် ဒဏ်ရာရ ကစားသမားသစ် အနေနဲ့ ဒန်နီ ဆီးဘယ်လော့သာ ရှိပြီး ယူရိုပါလိဂ်ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရသွားခဲ့တာပါ။ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထုတ်ရမှာ ဖြစ်လို့ အမ်မရီက အိုဇေးကို ကွင်းလယ်မှာ ထားကာ ဂွမ်ဒူဇီ၊ တော်ရဲရားတို့လည်း ပါဝင်စေမှာပါ။

တိုက်စစ်မှာတော့ အသင်းခေါင်းဆောင်သစ် အဖြစ် တာဝန်ယူမယ့် အူဘာမီးယန်းနဲ့ ပီပီတို့ တွဲဖက်လာမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်စတာကို ရှုံးလိုက်ရင် ထိပ်သီးလေးသင်းနဲ့ ၉မှတ်အထိ ပြတ်သွားနိုင်တာ ဖြစ်လို့ အမ်မရီ အတွက် နိုင်ကို နိုင်အောင် ပြင်ရမယ့် ပွဲ ဖြစ်ပါတယ်။

လက်စတာနဲ့ ပွဲမှာ အာဆင်နယ်ရဲ့ ပွဲထွက်လာဖွယ်ရှိတဲ့ ခန့်မှန်းလိုင်းအပ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

လီနို၊ ဘယ်လာရင်၊ ချမ်ဘစ်၊ လူးဝစ်၊ ဆိုကရေးတစ်၊ ကိုလာစီနက်၊ ဂွမ်ဒူဇီ၊ တော်ရဲရား၊ အိုဇေး၊ ပီပီ၊ အူဘာမီးယန်း။

Zawgyi

အာဆင္နယ္နည္းျပ အူနုိင္း အမ္မရီက ယူရိုပါလိဂ္ပြဲမွာ ရုန္းကန္ခဲ့ရေပမယ့္ ခံစစ္ သံုးေယာက္တန္း ကစားကြက္ကိုပဲ ဆက္လက္ ခင္းက်င္းသြားဖြယ္ ရွိပါတယ္။ လက္စတာနဲ႕ပြဲမွာ အိုေဇးကို ပြဲထုတ္လာဖြယ္ ရွိျပီး ဇာခါကေတာ့ ပါ၀င္နိုင္မွာ မဟုတ္ေၾကာင္း အမ္မရီက အတည္ျပဳ ေျပာၾကားထားပါတယ္။

ဂိုးသမား လီနိုရဲ႕ ေရွ႕မွာ ခ်န္ဘာစ္၊ လူး၀စ္နဲ႕ ဆိုကေရးတစ္ တို႔ သံုးေယာက္တန္းနဲ႕ ပြဲထြက္လာမယ္ ယူဆရျပီး ခံစစ္ ပိုမို က်စ္လစ္ေစဖို႔ ဘယ္လာရင္နဲ႕ ကိုလာစီနက္တို႔ကို အစြန္မွာ ရန္လာေစဖြယ္ ရွိပါတယ္။ ဂန္းနားေတြဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ေလးပြဲဆက္ သေရက်ထားကာ ပရီးမီးယားလိဂ္မွာ ေအာက္တိုဘာ ၆ ဘုန္းေမာက္ကို နုိင္တဲ့ ပြဲ ေနာက္ပိုင္း နုိင္ပြဲ ေပ်ာက္ဆံုးေနခဲ့ပါတယ္။

လက္စတာနဲ႕ ပြဲမတိုင္ခင္ ဒဏ္ရာရ ကစားသမားသစ္ အေနနဲ႕ ဒန္နီ ဆီးဘယ္ေလာ့သာ ရွိျပီး ယူရိုပါလိဂ္ပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာ ရသြားခဲ့တာပါ။ ေတာင့္တင္းတဲ့ လူစာရင္းနဲ႔ ပြဲထုတ္ရမွာ ျဖစ္လို႔ အမ္မရီက အိုေဇးကို ကြင္းလယ္မွာ ထားကာ ဂြမ္ဒူဇီ၊ ေတာ္ရဲရားတို႔လည္း ပါ၀င္ေစမွာပါ။

တိုက္စစ္မွာေတာ့ အသင္းေခါင္းေဆာင္သစ္ အျဖစ္ တာ၀န္ယူမယ့္ အူဘာမီးယန္းနဲ႕ ပီပီတို႔ တြဲဖက္လာမွာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ လက္စတာကို ရွံဳးလိုက္ရင္ ထိပ္သီးေလးသင္းနဲ႕ ၉မွတ္အထိ ျပတ္သြားနုိင္တာ ျဖစ္လို႔ အမ္မရီ အတြက္ နိုင္ကို နုိင္ေအာင္ ျပင္ရမယ့္ ပြဲ ျဖစ္ပါတယ္။

လက္စတာနဲ႕ ပြဲမွာ အာဆင္နယ္ရဲ႕ ပြဲထြက္လာဖြယ္ရွိတဲ့ ခန္႔မွန္းလိုင္းအပ္ကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

လီနို၊ ဘယ္လာရင္၊ ခ်မ္ဘစ္၊ လူး၀စ္၊ ဆိုကေရးတစ္၊ ကိုလာစီနက္၊ ဂြမ္ဒူဇိီ၊ ေတာ္ရဲရား၊ အိုေဇး၊ ပီပီ၊ အူဘာမီးယန္း။