ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ကွင်းလယ်ကစားသမား ကန်တေကို ယခင်နည်းပြ ဆာရီ ကွင်းလယ်မှာ နေရာချခဲ့သလိုမျိုး သုံးသွားဖွယ် ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟလာပါတယ်။

လက်ရှိ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်နေပြီဖြစ်တဲ့ ဆာရီဟာ ချယ်ဆီးအသင်းမှာ ရှိစဉ်က ကွင်းလယ် ဘောလုံး ကိုင် ကစားတဲ့နေရာကို ဂျော်ဂျင်ဟိုအား ပေးခဲ့ပြီး ကန်တေကိုတော့ တိုက်စစ် ပို လိုက်ပါကစားစေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဝေဖန်မှု များစွာ ခံခဲ့ရပြီး ကန်တေလည်း ခြေစွမ်း အကောင်းဆုံး ပြသနိုင်တဲ့ အနေအထား မရှိခဲ့ပါဘူး။

လမ်းပတ်ကလည်း ဆာရီကဲ့သို့ ကန်တေကို ခံစစ်ထက် တိုက်စစ် ပို လိုက်ပါ ကစားစေဖွယ် ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟလာပါတယ်။ ကန်တေဟာ ကွင်းလယ်ခံစစ်မှာ ဆရာ တစ်ပါး ဖြစ်ပေမယ့် ၎င်းနေရာကို ခံစစ်ချည်းနဲ့ ကန့်သတ်ထားမှာ မဟုတ်ကြောင်း လမ်းပတ်က ဆိုလာခဲ့တာပါ။

” ကန်တေက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ်သမားလို့ ပြောလာကြရင် ကျနော် သိပ် သဘောမကျပါဘူး။ ဒီနေရာကတင် သူ့အတွက် အဆုံးသတ် မဟုတ်ဘူး။ လက်စတာမှာတုန်းကလည်း ဒီနေရာတင် သူ ကစားခဲ့တာ မဟုတ်ဘူး။ သူက ကွင်းထဲမှာ နေရာစုံ ရှိနေသူပါ။ အများကြီး ပိုပေးဆပ် ကစားနိုင်သူ ဖြစ်တယ်။” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

လမ်းပတ်ဟာ အခက်အခဲ အကန့်အသတ်တွေ အများကြီးရှိနေပေမယ့် ချယ်ဆီးအသင်းကို ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ဝင်အောင် စွမ်းဆောင်ပေးထားသူပါ။ ကန်တေ မကစားနိုင်ချိန်မှာလည်း ရှိတဲ့ လူစာရင်းနဲ့ အသင်းကို ဟန်ချက်ညီအောင် ထိန်းကာ ရလဒ်ကောင်းတွေ ယူဆောင် ထားနိုင်ခဲ့ပါတယ်။

Zawgyi

ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က ကြင္းလယ္ကစားသမား ကန္ေတကို ယခင္နည္းျပ ဆာရီ ကြင္းလယ္မွာ ေနရာခ်ခဲ့သလိုမ်ိဳး သံုးသြားဖြယ္ ရွိေၾကာင္း အရိပ္အျမြက္ ဖြင့္ဟလာပါတယ္။

လက္ရွိ ဂ်ဴဗင္တပ္အသင္းကို ကိုင္တြယ္ေနျပီျဖစ္တဲ့ ဆာရီဟာ ခ်ယ္ဆီးအသင္းမွာ ရွိစဥ္က ကြင္းလယ္ ေဘာလံုး ကိုင္ ကစားတဲ့ေနရာကို ေဂ်ာ္ဂ်င္ဟိုအား ေပးခဲ့ျပီး ကန္ေတကိုေတာ့ တိုက္စစ္ ပို လိုက္ပါကစားေစခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေ၀ဖန္မႈ မ်ားစြာ ခံခဲ့ရျပီး ကန္ေတလည္း ေျခစြမ္း အေကာင္းဆံုး ျပသနိုင္တဲ့ အေနအထား မရွိခဲ့ပါဘူး။

လမ္းပတ္ကလည္း ဆာရီကဲ့သို႔ ကန္ေတကို ခံစစ္ထက္ တိုက္စစ္ ပို လိုက္ပါ ကစားေစဖြယ္ ရွိေၾကာင္း အရိပ္အျမြက္ ဖြင့္ဟလာပါတယ္။ ကန္ေတဟာ ကြင္းလယ္ခံစစ္မွာ ဆရာ တစ္ပါး ျဖစ္ေပမယ့္ ၄င္းေနရာကို ခံစစ္ခ်ည္းနဲ႕ ကန္႔သတ္ထားမွာ မဟုတ္ေၾကာင္း လမ္းပတ္က ဆိုလာခဲ့တာပါ။

” ကန္ေတက ကမၻာ့အေကာင္းဆံုး ကြင္းလယ္ ခံစစ္သမားလို႔ ေျပာလာၾကရင္ က်ေနာ္ သိပ္ သေဘာမက်ပါဘူး။ ဒီေနရာကတင္ သူ႔အတြက္ အဆံုးသတ္ မဟုတ္ဘူး။ လက္စတာမွာတုန္းကလည္း ဒီေနရာတင္ သူ ကစားခဲ့တာ မဟုတ္ဘူး။ သူက ကြင္းထဲမွာ ေနရာစံု ရွိေနသူပါ။ အမ်ားၾကီး ပိုေပးဆပ္ ကစားနိုင္သူ ျဖစ္တယ္။” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

လမ္းပတ္ဟာ အခက္အခဲ အကန္႔အသတ္ေတြ အမ်ားၾကီးရွိေနေပမယ့္ ခ်ယ္ဆီးအသင္းကို ပရီးမီးယားလိဂ္ အဆင့္ ၄ အတြင္း ၀င္ေအာင္ စြမ္းေဆာင္ေပးထားသူပါ။ ကန္ေတ မကစားနုိင္ခ်ိန္မွာလည္း ရွိတဲ့ လူစာရင္းနဲ႕ အသင္းကို ဟန္ခ်က္ညီေအာင္ ထိန္းကာ ရလဒ္ေကာင္းေတြ ယူေဆာင္ ထားနုိင္ခဲ့ပါတယ္။