ဒီတပတ် လီဗာပူးနဲ့ မန်စီးတီး ပရီးမီးယားလိဂ်ပွဲကို အမှတ်ပေးဖလားအတွက် အရေးကြီး ပွဲစဉ်တစ်ပွဲလို့ ယူဆထားကြပေမယ့် လီဗာပူး ကွင်းလယ် ကစားသမား ဖာဘင်ညိုကတော့ ဒီတစ်ပွဲဟာ ချန်ပီယံ အဆုံးအဖြတ် ဖြစ်စေမှာ မဟုတ်ဘူးလို့ ပြောဆိုလာပါတယ်။ လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကတော့ ဒီပွဲကို နိုင်အောင် ကစားဖို့ ဆုံးဖြတ်ထားကြောင်း ပွဲကြို ရှင်းလင်းပွဲမှာ ဆိုထားပါတယ်။

အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူးက ဒီပွဲကို နိုင်ရင် ချန်ပီယံ မန်စီးတီးကို ၉ မှတ် အထိ ဖြတ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းကြား ပြီးခဲ့တဲ့ရာသီ အန်းဖီးမှာ တွေ့ဆုံစဉ်ကတော့ ဂိုးမရှိ သရေပွဲနဲ့ ပြီးဆုံးခဲ့တာပါ။ တဖန် စီးတီးကွင်းမှာတော့ မန်စီးတီးက ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးဟာ လီဗာပူးကို တစ်မှတ်အသာနဲ့ ရာသီအကုန်မှာ ဗိုလ်စွဲခဲ့တာ ဖြစ်သော်လည်း ဖာဘင်ညိုကတော့ နှစ်သင်းဆုံတွေ့မှုကချည်း အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ဖို့ ဆုံးဖြတ် မပေးနိုင်ဘူးလို့ ယူဆထားပါတယ်။

” ပြီးခဲ့တဲ့ ရာသီက (ချန်ပီယံ ဆုလွဲခဲ့တဲ့) အဖြစ်အပျက်ဟာ မန်စီးတီးနဲ့ ပွဲက ရလဒ်ကြောင့်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် သူတို့ကို ဒီပွဲ နိုင်လိုက်ရင်တော့ အမှတ်ကွာဟချက် ပိုများသွားမှာ ဖြစ်ပြီး အားသာချက် ပိုရလာမှာပါ။ ဒီလိုပွဲတွေက ပြိုင်ဘက်ကို ရပ်တန့်ဖို့နဲ့ သူတို့ ဆီက အမှတ်ယူနိုင်တာ ဖြစ်လို့ အမြဲ ပိုထူးခြားပါလိမ့်မယ်။ ဒီတော့ ကျနော်တို့ဘက်က လုပ်နိုင်သမဆ အကုန်လုပ်ပြီး နိုင်ပွဲရဖို့ ကြိုးစားသွားမှာပါ။ ဒါပေမယ့် ဒီပွဲ ရလဒ်က တစ်ရာသီလုံးစာ အဆုံး အဖြတ် ဖြစ်သွားမယ်တော့ ကျနော် မထင်ပါဘူး။ ” လို့ ဖာဘင်ညိုက ဆိုခဲ့ပါတယ်။

” ကျနေ်ာတို့ မန်စီးတီးနဲ့ အရင်ကလည်း ရင်ဆိုင် ကစားဖူးပါတယ်။ သူတို့က ဘယ်လို အသင်းလဲဆိုတာ ကျနေ်ာတို့ကို ပြသပြီး ဖြစ်တယ်။ သူတို့ က ဘောလုံး ခြေထဲ ရှိရင် တော်တော် ကောင်းကောင်း ကစားနိုင်တယ်။ အလုပ်ကြိုးစားသူတွေ ဖြစ်တယ်။ တိုက်စစ်မှာ လည်း သိပ်ကောင်းတယ်။ ဒါကြောင့်လည်း ဒီနေ့ ဥရောပ အကောင်းဆုံး အသင်းတွေထဲ ပါဝင်တာပါ။”

” ဒါပေမယ့် ပရီးမီးယားလိဂ်မှာက အသင်းကောင်းတွေ အများကြီး ရှိတယ်။ ဒီလိုအသင်းတွေနဲ့လည်း ကျနေ်ာတို့ ကောင်းကောင်း ယှဉ်ပြိုင်နိုင်ထားပြီ ဖြစ်တယ်။ ဒီတော့ မန်စီးတီးကလည်း နောက်ထပ် စိန်ခေါ်မှု တစ်ခုဖြစ်ပြီး ဒီအတွက် ကျနေ်ာတို့က အသင့်ပါပဲ။” လို့ ဘရာဇီးသားက ပြောဆိုခဲ့ပါတယ်။

Zawgyi

ဒီတပတ္ လီဗာပူးနဲ႕ မန္စီးတီး ပရီးမီးယားလိဂ္ပြဲကို အမွတ္ေပးဖလားအတြက္ အေရးၾကီး ပြဲစဥ္တစ္ပြဲလို႔ ယူဆထားၾကေပမယ့္ လီဗာပူး ကြင္းလယ္ ကစားသမား ဖာဘင္ညိဳကေတာ့ ဒီတစ္ပြဲဟာ ခ်န္ပီယံ အဆံုးအျဖတ္ ျဖစ္ေစမွာ မဟုတ္ဘူးလို႔ ေျပာဆိုလာပါတယ္။ လီဗာပူး နည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ ဒီပြဲကို နုိင္ေအာင္ ကစားဖို႔ ဆံုးျဖတ္ထားေၾကာင္း ပြဲၾကိဳ ရွင္းလင္းပြဲမွာ ဆိုထားပါတယ္။

အမွတ္ေပးဇယားကို ဦးေဆာင္ထားတဲ့ လီဗာပူးက ဒီပြဲကို နုိင္ရင္ ခ်န္ပီယံ မန္စီးတီးကို ၉ မွတ္ အထိ ျဖတ္ထားနုိင္မွာ ျဖစ္ပါတယ္။ ဒီနွစ္သင္းၾကား ျပီးခဲ့တဲ့ရာသီ အန္းဖီးမွာ ေတြ႔ဆံုစဥ္ကေတာ့ ဂိုးမရွိ သေရပြဲနဲ႕ ျပီးဆံုးခဲ့တာပါ။ တဖန္ စီးတီးကြင္းမွာေတာ့ မန္စီးတီးက ၂-၁ နဲ႕ အနိုင္ရရွိခဲ့ပါတယ္။

မန္စီးတီးဟာ လီဗာပူးကို တစ္မွတ္အသာနဲ႕ ရာသီအကုန္မွာ ဗိုလ္စြဲခဲ့တာ ျဖစ္ေသာ္လည္း ဖာဘင္ညိဳကေတာ့ နွစ္သင္းဆံုေတြ႔မႈကခ်ည္း အမွတ္ေပးဖလား ခ်န္ပီယံ ျဖစ္ဖို႔ ဆံုးျဖတ္ မေပးနုိင္ဘူးလို႔ ယူဆထားပါတယ္။

” ျပီးခဲ့တဲ့ ရာသီက (ခ်န္ပီယံ ဆုလြဲခဲ့တဲ့) အျဖစ္အပ်က္ဟာ မန္စီးတီးနဲ႕ ပြဲက ရလဒ္ေၾကာင့္လို႔ က်ေနာ္ မထင္ပါဘူး။ ဒါေပမယ့္ သူတိုု႔ကို ဒီပြဲ နုိင္လိုက္ရင္ေတာ့ အမွတ္ကြာဟခ်က္ ပိုမ်ားသြားမွာ ျဖစ္ျပီး အားသာခ်က္ ပိုရလာမွာပါ။ ဒီလိုပြဲေတြက ျပိဳင္ဘက္ကို ရပ္တန္႔ဖို႔နဲ႕ သူတို႔ ဆီက အမွတ္ယူနုိင္တာ ျဖစ္လို႔ အျမဲ ပိုထူးျခားပါလိမ့္မယ္။ ဒီေတာ့ က်ေနာ္တို႔ဘက္က လုပ္နိုင္သမဆ အကုန္လုပ္ျပီး နုိင္ပြဲရဖို႔ ၾကိဳးစားသြားမွာပါ။ ဒါေပမယ့္ ဒီပြဲ ရလဒ္က တစ္ရာသီလံုးစာ အဆံုး အျဖတ္ ျဖစ္သြားမယ္ေတာ့ က်ေနာ္ မထင္ပါဘူး။ ” လို႔ ဖာဘင္ညိဳက ဆိုခဲ့ပါတယ္။

” က်ေန္ာတို႔ မန္စီးတီးနဲ႕ အရင္ကလည္း ရင္ဆိုင္ ကစားဖူးပါတယ္။ သူတို႔က ဘယ္လို အသင္းလဲဆုိတာ က်ေန္ာတို႔ကို ျပသျပီး ျဖစ္တယ္။ သူတို႔ က ေဘာလံုး ေျခထဲ ရွိရင္ ေတာ္ေတာ္ ေကာင္းေကာင္း ကစားနုိင္တယ္။ အလုပ္ၾကိဳးစားသူေတြ ျဖစ္တယ္။ တိုက္စစ္မွာ လည္း သိပ္ေကာင္းတယ္။ ဒါေၾကာင့္လည္း ဒီေန႔ ဥေရာပ အေကာင္းဆံုး အသင္းေတြထဲ ပါ၀င္တာပါ။”

” ဒါေပမယ့္ ပရီးမီးယားလိဂ္မွာက အသင္းေကာင္းေတြ အမ်ားၾကီး ရွိတယ္။ ဒီလိုအသင္းေတြနဲ႕လည္း က်ေန္ာတို႔ ေကာင္းေကာင္း ယွဥ္ျပိဳင္နိုင္ထားျပီ ျဖစ္တယ္။ ဒီေတာ့ မန္စီးတီးကလည္း ေနာက္ထပ္ စိန္ေခၚမႈ တစ္ခုျဖစ္ျပီး ဒီအတြက္ က်ေန္ာတို႔က အသင့္ပါပဲ။” လို႔ ဘရာဇီးသားက ေျပာဆိုခဲ့ပါတယ္။