ချယ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ လန်ဒန်ဒါဘီပွဲဖြစ်တဲ့ ပဲလေစ့်နဲ့ပွဲမှာ အသာစီးရယူ ကစားနိုင်မှုနဲ့အတူ ဒုတိယပိုင်းအတွင်း အေဘရာဟမ် ပူလာဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ စနေအစောပိုင်းပွဲအပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပဲလေစ့်ဟာ စတမ်းဖိုဒ့်ဘရစ်ကို သရေတစ်ပေါက် ရအောင်ကစားဖို့ လာခဲ့တာဖြစ်ပြီး သူတို့ဟာ ချယ်ဆီးရဲ့ တိုက်စစ်တွေကို အနာခံဖျက်ထုတ်မှုတွေ၊ ခပ်ကြမ်းကြမ်း ကိုင်တွယ်မှုတွေနဲ့ ရပ်တန့်လိုတာကို မြင်ထားရတယ်။ ချယ်ဆီးဟာ ပိုင်ဆိုင်မှု အပြည့်အဝ အသာစီးရပေမယ့် ပထမပိုင်းအတွင်းမှာ သွင်းဂိုးအဖြစ် ရလောက်အောင်တော့ အခွင့်အရေးကောင်းတွေ ဆုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။ ဒီပွဲမှာ ဂျော်ဂျင်ဟိုရဲ့ ကစားကွက် တည်ဆောက်မှုကို လွမ်းမိတယ်လို့တော့ ဝန်ခံလိုပါတယ်။

ပထမပိုင်းအတွင်း ပူလာဆစ် ကောင်းမွန်တဲ့ အနေအထားတွေ ပြသခဲ့သလို လိဂ်ရဲ့ အကောင်းဆုံး တောင်ပံတွေထဲက တစ်ဦးဖြစ်တဲ့ ဇာဟာကိုလည်း ရိစ်ဂျိမ်း အကောင်းဆုံး ပိတ်ဆို့ထားနိုင်ပါတယ်။ ဒုတိယပိုင်း ပြီးခါနီး ဝီလီယမ်ရဲ့ ကန်သွင်းမှု ပဲလေစ့်ခံစစ်သမားနဲ့ ချယ်ဆီးအသင်းသားဟောင်း ကာဟေး ပိတ်ကာနိုင်ခဲ့လို့ ဂိုးမရခဲ့တာဖြစ်တယ်။ ချယ်ဆီးရဲ့ ကစားကွက် အသာစီးယူနိုင်မှုက ပထမပိုင်းကတည်းက သိသာခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အဆုံးသတ်ပိုင်းတွေ ပိုကောင်းမှပဲး ဂိုးရမယ့် အနေအထားမှာ ချယ်ဆီးဟာ ပြိုင်ဘက်ကို ဆက်လက် ဖိအားပေးခဲ့ပြီး ခံစစ်ကို ပိတ်ကစားတဲ့အသင်းကို စိတ်ရှည်ရှည်နဲ့ နည်းစနစ်ကျကျ ထိုးဖောက်မှု လုပ်ခဲ့တာဖြစ်တယ်။ ချယ်ဆီးအတွက် အဖွင့်ဂိုးသွင်းခဲ့သူက ကိုဗာဆစ်ရဲ့ လှပတဲ့ ပေးမှုကို ဝီလီယမ် ပြန်တို့ပေးလိုက်တာကို အေဘရာဟမ် အဆုံးသတ်သွားတာပဲဖြစ်ပါတယ်။ ချယ်ဆီးကွင်းလယ်လူ ကိုဗာဆစ်နဲ့ ဝီလီယမ်တို့ရဲ့ ထူးချွန်လွန်းတဲ့ ဖန်တီးမှုဖြစ်ပြီး အေဘရာဟမ် အကောင်းဆုံး အဆုံးသတ်ခဲ့ပါတယ်။

ဆက်လက်ပြီး ဖိအားပေးလာတဲ့ ချယ်ဆီးဟာ အခွင့်အရေးတွေ ထပ်ခဲ့သေးပေမယ့် ဂိုးဘေးထွက်တာတွေ ဂိုးပေါက်မတည့်တာတွေ ဖြစ်နေခဲ့တယ်။ မောင့်နဲ့ ပူလာဆစ်တို့ သွင်းဂိုး လိုချင်နေကြတာကို မြင်ခဲ့ရပြီး တကယ်တမ်း ဂိုးရခဲ့သူကတော့ ဧရိယာထဲ အနာခံ ခေါင်းတိုက်ခဲ့တဲ့ ပူလာဆစ်ဖြစ်ပါတယ်။ ပူလာဆစ်ဟာ ရာသီစက စိတ်ရှည်ရှည် အချိန်ယူခဲ့ရမှုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်နေပါပြီ။

ချယ်ဆီးရဲ့ ပုံစံကောင်းတွေဟာ နောက်ပိုင်း အမှတ်ပေးပွဲ ၆ ပွဲဆက် အနိုင်ရမှုနဲ့အတူ ဒီရာသီ အမှတ်ပေးဖလားကို လီဗာပူး၊ မန်စီးတီးတို့နဲ့အပြိုင် စိန်ခေါ်နိုင်ပြီးလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေမယ်လို့ ယုံကြည်ပါတယ်။ လူငယ်ကစားသမားတွေ ခြေစွမ်းတက်လာမှု မန်နေဂျာလမ်းပတ်ရဲ့ မှတ်ကန်တဲ့ ဦးဆောင်မှုတွေနဲ့အတူ ချယ်ဆီးတို့ ထိပ်ဆုံးအဆင့်တွေထံ ပြန်လာပြီဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ လန္ဒန္ဒါဘီပြဲျဖစ္တဲ့ ပဲေလစ့္နဲ႔ပြဲမွာ အသာစီးရယူ ကစားႏုိင္မႈနဲ႔အတူ ဒုတိယပိုင္းအတြင္း ေအဘရာဟမ္ ပူလာဆစ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ စေနအေစာပိုင္းပြဲအျပီး အမွတ္ေပးဇယား ဒုတိယေနရာကို တက္လွမ္းႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ပဲေလစ့္ဟာ စတမ္းဖိုဒ့္ဘရစ္ကို သေရတစ္ေပါက္ ရေအာင္ကစားဖို႔ လာခဲ့တာျဖစ္ျပီး သူတို႔ဟာ ခ်ယ္ဆီးရဲ႕ တိုက္စစ္ေတြကို အနာခံဖ်က္ထုတ္မႈေတြ၊ ခပ္ၾကမ္းၾကမ္း ကိုင္တြယ္မႈေတြနဲ႔ ရပ္တန႔္လိုတာကို ျမင္ထားရတယ္။ ခ်ယ္ဆီးဟာ ပိုင္ဆိုင္မႈ အျပည့္အဝ အသာစီးရေပမယ့္ ပထမပိုင္းအတြင္းမွာ သြင္းဂိုးအျဖစ္ ရေလာက္ေအာင္ေတာ့ အခြင့္အေရးေကာင္းေတြ ဆုပ္ကိုင္ႏိုင္ျခင္း မရွိပါဘူး။ ဒီပြဲမွာ ေဂ်ာ္ဂ်င္ဟိုရဲ႕ ကစားကြက္ တည္ေဆာက္မႈကို လြမ္းမိတယ္လို႔ေတာ့ ဝန္ခံလိုပါတယ္။

ပထမပိုင္းအတြင္း ပူလာဆစ္ ေကာင္းမြန္တဲ့ အေနအထားေတြ ျပသခဲ့သလို လိဂ္ရဲ႕ အေကာင္းဆုံး ေတာင္ပံေတြထဲက တစ္ဦးျဖစ္တဲ့ ဇာဟာကိုလည္း ရိစ္ဂ်ိမ္း အေကာင္းဆုံး ပိတ္ဆို႔ထားႏိုင္ပါတယ္။ ဒုတိယပိုင္း ျပီးခါနီး ဝီလီယမ္ရဲ႕ ကန္သြင္းမႈ ပဲေလစ့္ခံစစ္သမားနဲ႔ ခ်ယ္ဆီးအသင္းသားေဟာင္း ကာေဟး ပိတ္ကာႏုိင္ခဲ့လို႔ ဂိုးမရခဲ့တာျဖစ္တယ္။ ခ်ယ္ဆီးရဲ႕ ကစားကြက္ အသာစီးယူႏုိင္မႈက ပထမပိုင္းကတည္းက သိသာခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အဆုံးသတ္ပိုင္းေတြ ပိုေကာင္းမွပဲး ဂိုးရမယ့္ အေနအထားမွာ ခ်ယ္ဆီးဟာ ျပိဳင္ဘက္ကို ဆက္လက္ ဖိအားေပးခဲ့ျပီး ခံစစ္ကို ပိတ္ကစားတဲ့အသင္းကို စိတ္ရွည္ရွည္နဲ႔ နည္းစနစ္က်က် ထိုးေဖာက္မႈ လုပ္ခဲ့တာျဖစ္တယ္။ ခ်ယ္ဆီးအတြက္ အဖြင့္ဂိုးသြင္းခဲ့သူက ကိုဗာဆစ္ရဲ႕ လွပတဲ့ ေပးမႈကို ဝီလီယမ္ ျပန္တို႔ေပးလိုက္တာကို ေအဘရာဟမ္ အဆံုးသတ္သြားတာပဲျဖစ္ပါတယ္။ ခ်ယ္ဆီးကြင္းလယ္လူ ကိုဗာဆစ္နဲ႔ ဝီလီယမ္တုိ႔ရဲ႕ ထူးခၽြန္လြန္းတဲ့ ဖန္တီးမႈျဖစ္ျပီး ေအဘရာဟမ္ အေကာင္းဆံုး အဆံုးသတ္ခဲ့ပါတယ္။

ဆက္လက္ျပီး ဖိအားေပးလာတဲ့ ခ်ယ္ဆီးဟာ အခြင့္အေရးေတြ ထပ္ခဲ့ေသးေပမယ့္ ဂိုးေဘးထြက္တာေတြ ဂိုးေပါက္မတည့္တာေတြ ျဖစ္ေနခဲ့တယ္။ ေမာင့္နဲ႔ ပူလာဆစ္တို႔ သြင္းဂိုး လိုခ်င္ေနၾကတာကို ျမင္ခဲ့ရျပီး တကယ္တမ္း ဂိုးရခဲ့သူကေတာ့ ဧရိယာထဲ အနာခံ ေခါင္းတိုက္ခဲ့တဲ့ ပူလာဆစ္ျဖစ္ပါတယ္။ ပူလာဆစ္ဟာ ရာသီစက စိတ္ရွည္ရွည္ အခ်ိန္ယူခဲ့ရမႈနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းကို ျပသႏုိင္ေနပါျပီ။

ခ်ယ္ဆီးရဲ႕ ပံုစံေကာင္းေတြဟာ ေနာက္ပိုင္း အမွတ္ေပးပြဲ ၆ ပြဲဆက္ အႏုိင္ရမႈနဲ႔အတူ ဒီရာသီ အမွတ္ေပးဖလားကို လီဗာပူး၊ မန္စီးတီးတို႔နဲ႔အျပိဳင္ စိန္ေခၚႏုိင္ျပီးလားဆိုတဲ့ ေမးခြန္းေတြ ထြက္ေပၚလာေစမယ္လို႔ ယံုၾကည္ပါတယ္။ လူငယ္ကစားသမားေတြ ေျခစြမ္းတက္လာမႈ မန္ေနဂ်ာလမ္းပတ္ရဲ႕ မွတ္ကန္တဲ့ ဦးေဆာင္မႈေတြနဲ႔အတူ ခ်ယ္ဆီးတို႔ ထိပ္ဆံုးအဆင့္ေတြထံ ျပန္လာျပီျဖစ္ပါတယ္။