ချယ်ဆီးအသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဂယ်ရီကာဟေးက စတမ်းဖိုဒ့်ဘရစ်ကို အပြန်မှာ ပရိသတ်တွေရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကို ကျေးဇူးတင်ပါကြောင်းနဲ့ ချယ်ဆီးဟာ လူငယ်ကစားသမားတွေနဲ့အတူ အရမ်းကောင်းတဲ့ အဆင့်အတန်းကို ရောက်နေပါပြီလို့ ထုတ်ဖော်ချီးကျူးမှု လုပ်ခဲ့ပါတယ်။

ချယ်ဆီးနဲ့အတူ အရာအားလုံးကို အောင်နိုင်သူလို့ ပရိသတ်တွေက ကောင်းချီးပေးရတဲ့ ကာဟေးဟာ စတမ်းဖိုဒ့်ဘရစ်မှာတော့ ဆုဖလားတိုင်းကို အောင်မြင်ခဲ့သူပါ။ သူဟာ ဒီနွေမှာတော့ လန်ဒန်မြို့ခံပြိုင်ဘက် ပဲလေစ့်ကို ကူးပြောင်းခဲ့ပြီး ကစားသမားဘဝကို ရှေ့ဆက်ခဲ့တာဖြစ်တယ်။ ကာဟေးကတော့ ဒီကနေ့မှာ ပဲလေစ့်က ကစားပုံကောင်းခဲ့ပေမယ့် အရေးနိမ့်ခဲ့ခြင်းက ချယ်ဆီးအသင်း လူငယ်တွေရဲ့ စိတ်လှုပ်ရှားစရာ ခြေစွမ်းကောင်းတွေကြောင့်ပါလို့ ထုတ်ဖော် ပြောဆိုပါတယ်။

ကာဟေးကပဲ ” ချယ်ဆီးကို ပြန်လာရတာက ထူးဆန်းပါတယ်။ ခံစားချက်တွေနဲ့အတူ ထူးထူးဆန်းဆန်းဖြစ်နေခဲ့တယ်။ နွေးနွေးထွေးထွေး ကြိုဆိုတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့က လက်ဖျားခါဖို့တောင် ကောင်းပါတယ်။ ကျနော်ရဲ့ ကစားသမားဘဝကို ဒီမှာပဲ အချိန်အကြာကြီး မြုပ်နှံထားခဲ့တာပါ။ အမှတ်ရစရာတွေ အများကြီးနဲ့အတူ ဘောလုံးသမားတစ်ယောက်အဖြစ် ကျနော် ဆက်ပြီး ရှေ့ဆက်ခဲ့ပါတယ်။

ဒီကနေ့မှာ ပဲလေစ့်နဲ့အတူ အရမ်းကောင်းပြီး ပုံစံကောင်းလည်းရနေတဲ့အသင်းကို ရင်ဆိုင်ကစားခဲ့ရတယ်။ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ကျနေ်ာတို့ အသင်းအနေနဲ့ ပထမပိုင်းမှာ ကောင်းကောင်းမွန်မွန် ကာကွယ်နိုင်ခဲ့တယ်။ ပထမဂိုးပေးခဲ့ရတာက ကျနေ်ာတို့ကို ထိခိုက်စေခဲ့ပြီး ရယူနိုင်ခဲ့တာကလည်း ကံကောင်းပါတယ်။ ကျနော်တို့ ရာသီကို အကောင်းဆုံး စတင်လာခဲ့တာဖြစ်ပြီး ဇယားအလယ်မှာ ရပ်တည်နိုင်ဖို့ အာရုံစိုက်နေတယ်။ ကျနေ်ာတို့မှာ ရည်မှန်းချက်တွေ ရှိပါတယ်။

ယှဉ်ပြိုင်ရတာက ခက်ခဲပြီး ဒီအချိန်မှာ ရမှတ်တွေ ရယူနိုင်ဖို့ ကြိုးစားရတာက ခက်ခဲပါတယ်။ ချယ်ဆီးပရိသတ်တွေအတွက်ကတော့ စိတ်လှုပ်ရှားစရာ လူငယ်ကစားသမားတွေကို အားပေးရတဲ့ အခွင့်အရေးကောင်းတွေ ရနေတာပါ။ ဒီကနေ့က အရမ်း ခက်ခဲပါတယ်။ ကျနေ်တို့ ကစားတာ ကောင်းပေမယ့် ချယ်ဆီးက အရည်အချင်းရှိလွန်းတယ်။ အတွေ့အကြုံတွေ ပိုရလာရင် ချယ်ဆီးက ပိုကောင်းလာပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ ဂယ္ရီကာေဟးက စတမ္းဖိုဒ့္ဘရစ္ကို အျပန္မွာ ပရိသတ္ေတြရဲ႕ ေႏြးေထြးတဲ့ ၾကိဳဆိုမႈကို ေက်းဇူးတင္ပါေၾကာင္းနဲ႔ ခ်ယ္ဆီးဟာ လူငယ္ကစားသမားေတြနဲ႔အတူ အရမ္းေကာင္းတဲ့ အဆင့္အတန္းကို ေရာက္ေနပါျပီလို႔ ထုတ္ေဖာ္ခ်ီးက်ဴးမႈ လုပ္ခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔အတူ အရာအားလံုးကို ေအာင္ႏုိင္သူလို႔ ပရိသတ္ေတြက ေကာင္းခ်ီးေပးရတဲ့ ကာေဟးဟာ စတမ္းဖိုဒ့္ဘရစ္မွာေတာ့ ဆုဖလားတိုင္းကို ေအာင္ျမင္ခဲ့သူပါ။ သူဟာ ဒီေႏြမွာေတာ့ လန္ဒန္ျမိဳ႕ခံျပိဳင္ဘက္ ပဲေလစ့္ကို ကူးေျပာင္းခဲ့ျပီး ကစားသမားဘဝကို ေရွ႔ဆက္ခဲ့တာျဖစ္တယ္။ ကာေဟးကေတာ့ ဒီကေန႔မွာ ပဲေလစ့္က ကစားပံုေကာင္းခဲ့ေပမယ့္ အေရးနိမ့္ခဲ့ျခင္းက ခ်ယ္ဆီးအသင္း လူငယ္ေတြရဲ႕ စိတ္လႈပ္ရွားစရာ ေျခစြမ္းေကာင္းေတြေၾကာင့္ပါလို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ကာေဟးကပဲ ” ခ်ယ္ဆီးကို ျပန္လာရတာက ထူးဆန္းပါတယ္။ ခံစားခ်က္ေတြနဲ႔အတူ ထူးထူးဆန္းဆန္းျဖစ္ေနခဲ့တယ္။ ေႏြးေႏြးေထြးေထြး ၾကိဳဆိုတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။ သူတို႔က လက္ဖ်ားခါဖို႔ေတာင္ ေကာင္းပါတယ္။ က်ေနာ္ရဲ႕ ကစားသမားဘဝကို ဒီမွာပဲ အခ်ိန္အၾကာၾကီး ျမဳပ္ႏွံထားခဲ့တာပါ။ အမွတ္ရစရာေတြ အမ်ားၾကီးနဲ႔အတူ ေဘာလံုးသမားတစ္ေယာက္အျဖစ္ က်ေနာ္ ဆက္ျပီး ေရွ႔ဆက္ခဲ့ပါတယ္။

ဒီကေန႔မွာ ပဲေလစ့္နဲ႔အတူ အရမ္းေကာင္းျပီး ပံုစံေကာင္းလည္းရေနတဲ့အသင္းကို ရင္ဆိုင္ကစားခဲ့ရတယ္။ တကယ္ကို ခက္ခဲခဲ့ပါတယ္။ က်ေန္ာတို႔ အသင္းအေနနဲ႔ ပထမပိုင္းမွာ ေကာင္းေကာင္းမြန္မြန္ ကာကြယ္ႏုိင္ခဲ့တယ္။ ပထမဂိုးေပးခဲ့ရတာက က်ေန္ာတုိ႔ကို ထိခိုက္ေစခဲ့ျပီး ရယူႏုိင္ခဲ့တာကလည္း ကံေကာင္းပါတယ္။ က်ေနာ္တို႔ ရာသီကို အေကာင္းဆံုး စတင္လာခဲ့တာျဖစ္ျပီး ဇယားအလယ္မွာ ရပ္တည္ႏုိင္ဖို႔ အာရံုစိုက္ေနတယ္။ က်ေန္ာတုိ႔မွာ ရည္မွန္းခ်က္ေတြ ရွိပါတယ္။

ယွဥ္ျပိဳင္ရတာက ခက္ခဲျပီး ဒီအခ်ိန္မွာ ရမွတ္ေတြ ရယူႏုိင္ဖို႔ ၾကိဳးစားရတာက ခက္ခဲပါတယ္။ ခ်ယ္ဆီးပရိသတ္ေတြအတြက္ကေတာ့ စိတ္လႈပ္ရွားစရာ လူငယ္ကစားသမားေတြကို အားေပးရတဲ့ အခြင့္အေရးေကာင္းေတြ ရေနတာပါ။ ဒီကေန႔က အရမ္း ခက္ခဲပါတယ္။ က်ေန္တို႔ ကစားတာ ေကာင္းေပမယ့္ ခ်ယ္ဆီးက အရည္အခ်င္းရွိလြန္းတယ္။ အေတြ႔အၾကံဳေတြ ပိုရလာရင္ ခ်ယ္ဆီးက ပိုေကာင္းလာပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။