ချယ်ဆီးအသင်းဟာ စနေညပိုင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အေဗရာဟမ်၊ ပူလီဆစ်တို့ သွင်းဂိုးတွေနဲ့ ၂ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိသွားပါတယ်။ ဒီနိုင်ပွဲကြောင့် ချယ်ဆီးအသင်းဟာ လီဗာပူး မန်စီးတီးပွဲ မတိုင်ခင် အဆင့် ၂ နေရာသို့ တက်လာခဲ့ကာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲ ဆက် နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

ပဲလေ့စ်ကို နိုင်တဲ့ပွဲက ချယ်ဆီးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်များကို လန်ဒန် အခြေစိုက် သတင်းဌာနက အောက်ပါအတိုင်း ဖော်ပြပေးသွားပါတယ်။

ကီပါ – ၆

ပထမပိုင်းမှာ ဘာမှ မယ်မယ်ရရ မလုပ်ခဲ့ရပါဘူး။ ခရစ္စတယ်ပဲလေ့စ်က လောက်လောက်လားလား ခြိမ်းခြောက်နိုင်မှု မရှိခဲ့ဘဲ ဂိုးပေါက် တည့်မှု တစ်ကြိမ်လောက်သာ ရခဲ့ပါတယ်။ ကန်ချက်တွေကလည်း ညံ့တာကြောင့် ကီပါကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကီပါရဲ့ ပေးပို့မှုတချို့က သိပ်မကောင်းမွန်ခဲ့ဘဲ ခံစစ်သမားတွေကို ဖိအားဝင်စေခဲ့ပါတယ်။

ရစ်စီ ဂျိမ်းစ် – ၈

သူ့ရဲ့ ချယ်ဆီးအိမ်ကွင်းမှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက် ကစားတဲ့ ပွဲ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဇာဟာကို ကောင်းစွာ တားဆါ် ပြနိုင်ခဲ့ပြီး ညာဘက်ခြမ်းမှာ ခြိမ်းခြောက်မှုကောင်းတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဝီလီယံ ဂိုးသွင်းနိုင်လုနီးပါး ဖြစ်ခဲ့တဲ့ ကန်ချက်ကို ပေးပို့မှုကောင်းလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် တော်တော်များများ ဇာဟာကို အိတ်ကပ်ထဲ ထည့်ထားနိုင်တာကကို ဂျိမ်းစ်ရဲ့ ဒီပွဲက ပြောင်မြောက်မှု တစ်ခုပါ။

ဇူးမား – ၇

ချယ်ဆီး ခံစစ်ကို အလွန် ကျစ်လစ်စွာ ထိန်းထားနိုင်ခဲ့ပါတယ်။ တိုက်စစ် ခြိမ်းခြောက်မှုတွေကို တားဆီးနိုင်ခဲ့ပြီး အယူးကို တိတ်ဆိတ် နေစေခဲ့ပါတယ်။ ဇူးမားရဲ့ ပွဲဖတ်နိုင်စွမ်းက ထူးချွန်ခဲ့ပြီး ပွဲတလျောက်လုံး နေရာယူမှုကောင်းတွေ လုပ်သွားပါတယ်။

ဖီကာရို တိုမိုရီ – ၇

ဇူးမားလိုပဲ ကြံ့ကြံ့ခိုင်ခိုင် ကျစ်ကျစ်လစ်လစ်နဲ့ ပွဲထဲမှာ အစွမ်းပြသွားခဲ့ပါတယ်။ ဖိအားတွေကို ကောင်းစွာ ကိုင်တွယ်ပြီး အသင်းကို ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ ချယ်ဆီး လူငယ်လေးအတွက်တော့ နောက်ထပ် ပွဲကောင်း တစ်ပွဲ ကစားနိုင်ခဲ့တာ ဖြစ်ပြီး တည်ငြိမ်မှု အပြည့် ပြသနိုင်ခဲ့ပါတယ်။

အီမာဆန် – ၆

ပထမပိုင်းမှာ အဝါကတ် ရခဲ့ပြီး ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ တောင်းဆန်ကလည်း အီမာဆန်ကို ဒုက္ခ သိပ်မပေးနိုင်ခဲ့ဘူး။

ကန်တေ – ၇

ကန်တေ ကစားတာ ပြန်မြင်ရတာ ပျော်စရာပါ။ ကွင်းလယ်ကနေ အသင်းကို မောင်းနှင်နိုင်နေပြီး လုံခြုံတဲ့ ကာကွယ်မှုလည်း ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပထမပိုင်းမှ ပို့ချက် လှလှပပလေး တစ်ခု လုပ်ခဲ့ပါသေးတယ်။ ဒုတိယပိုင်းမှာ ကန်တေ ပို အရှိန်ကောင်းလာခဲ့ပြီး ပြင်သစ်သား ကစားပုံ မြင်ရတာက လမ်းပတ် အတွက် အင်အားကြီး တစ်ရပ် ဖြစ်ခဲ့ပါတယ်။

ကိုဗာဆစ် – ၉

ဂျော်ဂျင်ဟို မပါဝင်တဲ့ အချိန်မှာ သူ့နေရာကို ဝင် တာဝန်ယူခဲ့တာက ကိုဗာဆစ် ဖြစ်ပြီး ပွဲ အရှိန် အတက်အကျကို ထိန်းကျောင်းခဲ့ပါတယ်။ အားလုံးက သူ့ကို ဖြတ်သန်းပြီးမှ သွားခဲ့တာပါ။ အဖွင့်ဂိုးအတွက်လည်း ကောင်းမွန်တဲ့ ပံ့ပိုးမှု လုပ်ခဲ့ပြီး ကွင်းလယ်ကနေ ဘောလုံးကို ဝီလီယံထိ ပေးပို့ခဲ့ပါတယ်။ ကွင်းလယ်မှာ လုံး၀ ဆရာကျခဲ့ပြီး အကောင်းဆုံး အစွမ်းပြခဲ့သူပါ။

မေဆန်မောင့် – ၆

အစပိုင်းမှာ အလွန်တက်ကြွပြီး ကွင်းလယ်မှာ နေရာလွတ်တွေ ရှာဖွေပေးခဲ့ ဖန်တီးပေးခဲ့ပါတယ်။ ကောင်းမွန်တဲ့ ရွေ့လျားမှုတွေလည်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အရှိန်လျော့သွားပြီး သူ ခါတိုင်း လုပ်သလို ဖန်တီးမှုကောင်းတွေ မလုပ်နိုင်ခဲ့ပါဘူး။

ဝီလီယံ – ၈

အသင်းခေါင်းဆောင် လက်ပတ်ကို ပတ်ပြီး ဝီလီယံ အစွမ်းပြခဲ့တဲ့ ပွဲပါ။ နေရာလွတ်တွေ ရှာဖွေတာ၊ ကွင်းလယ်နဲ့ ချိတ်ဆက်တာတွေ ကောင်းဏွာ လုပ်ခဲ့ပြီး ဖရီးကစ် လှလှတစ်လုံးလည်း ကန်ခဲ့ပေမယ့် ဂိုးမဝင်ခဲ့လို့ပါ။ ဒုတိယပိုင်းမှာ ပို အကောင်းဆုံး ဖြစ်လာခဲ့ပြီး အဖွင့် ဂိုး အတွက် ပံ့ပိုးမှု လုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပြေးလွှားမှုတွေက ပဲလေ့စ်ကို ဒုက္ခကောင်းကောင်း ပေးခဲ့တယ်။

ပူလီဆစ် – ၈

ပထမပိုင်းမှာ ခြေစွမ်းအပြဆုံး ချယ်ဆီးအသင်းသားတွေဲ ပါဝင်ခဲ့ပြီး အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ်။ Guaita ကာကွယ် သွားတဲ့ တစ်လုံးကလည်း ဂိုး ဝင်သွားသင့်သလို နောက်ထပ် သူ့ရဲ့ ကန်ချက်ကောင်းကလည်း ဂိုးသမား ကာကွယ်ခံခဲ့ရပါတယ်။ အခွင့်အရေးကောင်းတွေ ရခဲ့တဲ့ ပူလီဆစ် အနေနဲ့ ဒိထက် ကောင်းကောင်း လုပ်ပြနိုင်ခဲ့သင့်ပါသေးတယ်။ သေသပ်တဲ့ ခေါင်းတိုက်ချက်နဲ့တော့ ပူလီဆစ် တစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။

တမ်မီ အေဗရာဟမ် – ၇

ပထမပိုင်းမှာ သိပ်မကောင်းခဲ့ပါဘူး။ ဘောလုံးကို ကောင်းစွာ မထိန်းနိုင်ခဲ့ဘဲ ပဲလေ့စ် ဧရိယာထဲ ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်း အစောပိုင်းမှာတော့ လုံး၀ ခြားနားသွားခဲ့ပြီး သူ့ရဲ့ ပရီးမီးယားလိ၈် ၁၀ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပါတယ်။ လှပတဲ့ ပြေးလွှားမှု အလန်းစား အဆုံးသတ်မှုနဲ့ ဂိုးသွင်းခဲ့ပါတယ်။

လူစားဝင် ကစားသမားများ

ဘတ်ရှူဝါရီ – ၆

အိုဒွိုင်း – ၆

ဘီလီ ဂီးလ်မား – ၅

Zawgyi

ခ်ယ္ဆီးအသင္းဟာ စေနညပိုင္း ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ခရစၥတယ္ပဲေလ့စ္ကို ေအဗရာဟမ္၊ ပူလီဆစ္တို႔ သြင္းဂိုးေတြနဲ႕ ၂ ဂိုး ဂိုးမရွိ ရလဒ္ျဖင့္ အနိုင္ရရွိသြားပါတယ္။ ဒီနိုင္ပြဲေၾကာင့္ ခ်ယ္ဆီးအသင္းဟာ လီဗာပူး မန္စီးတီးပြဲ မတိုင္ခင္ အဆင့္ ၂ ေနရာသို႔ တက္လာခဲ့ကာ ေနာက္ဆံုး ပရီးမီးယားလိဂ္ ၆ ပြဲ ဆက္ နုိင္ပြဲရခဲ့တာ ျဖစ္ပါတယ္။

ပဲေလ့စ္ကို နုိင္တဲ့ပြဲက ခ်ယ္ဆီးအသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္မ်ားကို လန္ဒန္ အေျခစိုက္ သတင္းဌာနက ေအာက္ပါအတိုင္း ေဖာ္ျပေပးသြားပါတယ္။

ကီပါ – ၆

ပထမပိုင္းမွာ ဘာမွ မယ္မယ္ရရ မလုပ္ခဲ့ရပါဘူး။ ခရစၥတယ္ပဲေလ့စ္က ေလာက္ေလာက္လားလား ျခိမ္းေျခာက္နုိင္မႈ မရွိခဲ့ဘဲ ဂိုးေပါက္ တည့္မႈ တစ္ၾကိမ္ေလာက္သာ ရခဲ့ပါတယ္။ ကန္ခ်က္ေတြကလည္း ညံ့တာေၾကာင့္ ကီပါကို မေက်ာ္ျဖတ္နုိင္ခဲ့ပါဘူး။ ဒါေပမယ့္ ကီပါရဲ႕ ေပးပို႔မႈတခ်ိဳ႕က သိပ္မေကာင္းမြန္ခဲ့ဘဲ ခံစစ္သမားေတြကို ဖိအား၀င္ေစခဲ့ပါတယ္။

ရစ္စီ ဂ်ိမ္းစ္ – ၈

သူ႔ရဲ႕ ခ်ယ္ဆီးအိမ္ကြင္းမွာ ပထမဆံုး ပရီးမီးယားလိဂ္ ပြဲထြက္ ကစားတဲ့ ပြဲ ျဖစ္ပါတယ္။ ပထမပိုင္းမွာ ဇာဟာကို ေကာင္းစြာ တားဆၚ ျပနိုင္ခဲ့ျပီး ညာဘက္ျခမ္းမွာ ျခိမ္းေျခာက္မႈေကာင္းေတြလည္း ျပဳလုပ္နုိင္ခဲ့ပါတယ္။ ၀ီလီယံ ဂိုးသြင္းနုိင္လုနီးပါး ျဖစ္ခဲ့တဲ့ ကန္ခ်က္ကို ေပးပို႔မႈေကာင္းလည္း ျပဳလုပ္နုိင္ခဲ့ပါတယ္။ ပြဲခ်ိန္ ေတာ္ေတာ္မ်ားမ်ား ဇာဟာကို အိတ္ကပ္ထဲ ထည့္ထားနုိင္တာကကို ဂ်ိမ္းစ္ရဲ႕ ဒီပြဲက ေျပာင္ေျမာက္မႈ တစ္ခုပါ။

ဇူးမား – ၇

ခ်ယ္ဆီး ခံစစ္ကို အလြန္ က်စ္လစ္စြာ ထိန္းထားနိုင္ခဲ့ပါတယ္။ တိုက္စစ္ ျခိမ္းေျခာက္မႈေတြကို တားဆီးနိုင္ခဲ့ျပီး အယူးကို တိတ္ဆိတ္ ေနေစခဲ့ပါတယ္။ ဇူးမားရဲ႕ ပြဲဖတ္နုိင္စြမ္းက ထူးခၽြန္ခဲ့ျပီး ပြဲတေလ်ာက္လံုး ေနရာယူမႈေကာင္းေတြ လုပ္သြားပါတယ္။

ဖီကာရို တိုမိုရီ – ၇

ဇူးမားလိုပဲ ၾကံ႕ၾကံ႕ခိုင္ခိုင္ က်စ္က်စ္လစ္လစ္နဲ႕ ပြဲထဲမွာ အစြမ္းျပသြားခဲ့ပါတယ္။ ဖိအားေတြကို ေကာင္းစြာ ကိုင္တြယ္ျပီး အသင္းကို ထိန္းေက်ာင္းနုိင္ခဲ့ပါတယ္။ ခ်ယ္ဆီး လူငယ္ေလးအတြက္ေတာ့ ေနာက္ထပ္ ပြဲေကာင္း တစ္ပြဲ ကစားနုိင္ခဲ့တာ ျဖစ္ျပီး တည္ျငိမ္မႈ အျပည့္ ျပသနိုင္ခဲ့ပါတယ္။

အီမာဆန္ – ၆

ပထမပိုင္းမွာ အ၀ါကတ္ ရခဲ့ျပီး ထိေရာက္တဲ့ ျခိမ္းေျခာက္မႈေတြ မလုပ္နုိင္ခဲ့ပါဘူး။ ေတာင္းဆန္ကလည္း အီမာဆန္ကို ဒုကၡ သိပ္မေပးနုိင္ခဲဲ့ဘူး။

ကန္ေတ – ၇

ကန္ေတ ကစားတာ ျပန္ျမင္ရတာ ေပ်ာ္စရာပါ။ ကြင္းလယ္ကေန အသင္းကို ေမာင္းနွင္နိုင္ေနျပီး လံုျခံဳတဲ့ ကာကြယ္မႈလည္း ေပးနုိုင္ခဲ့သူ ျဖစ္ပါတယ္။ ပထမပိုင္းမွ ပို႔ခ်က္ လွလွပပေလး တစ္ခု လုပ္ခဲ့ပါေသးတယ္။ ဒုတိယပိုင္းမွာ ကန္ေတ ပို အရွိန္ေကာင္းလာခဲ့ျပီး ျပင္သစ္သား ကစားပံု ျမင္ရတာက လမ္းပတ္ အတြက္ အင္အားၾကီး တစ္ရပ္ ျဖစ္ခဲ့ပါတယ္။

ကိုဗာဆစ္ – ၉

ေဂ်ာ္ဂ်င္ဟို မပါ၀င္တဲ့ အခ်ိန္မွာ သူ႔ေနရာကို ၀င္ တာ၀န္ယူခဲ့တာက ကိုဗာဆစ္ ျဖစ္ျပီး ပြဲ အရွိန္ အတက္အက်ကို ထိန္းေက်ာင္းခဲ့ပါတယ္။ အားလံုးက သူ႔ကို ျဖတ္သန္းျပီးမွ သြားခဲ့တာပါ။ အဖြင့္ဂိုးအတြက္လည္း ေကာင္းမြန္တဲ့ ပံ့ပိုးမႈ လုပ္ခဲ့ျပီး ကြင္းလယ္ကေန ေဘာလံုးကို ၀ီလီယံထိ ေပးပို႕ခဲ့ပါတယ္။ ကြင္းလယ္မွာ လံုး၀ ဆရာက်ခဲ့ျပီး အေကာင္းဆံုး အစြမ္းျပခဲ့သူပါ။

ေမဆန္ေမာင့္ – ၆

အစပိုင္းမွာ အလြန္တက္ၾကြျပီး ကြင္းလယ္မွာ ေနရာလြတ္ေတြ ရွာေဖြေပးခဲ့ ဖန္တီးေပးခ့ဲပါတယ္။ ေကာင္းမြန္တဲ့ ေရြ႕လ်ားမႈေတြလည္း လုပ္ခဲ့တယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့ အရွိန္ေလ်ာ့သြားျပီး သူ ခါတိုင္း လုပ္သလို ဖန္တီးမႈေကာင္းေတြ မလုပ္နိုင္ခဲ့ပါဘူး။

၀ီလီယံ – ၈

အသင္းေခါင္းေဆာင္ လက္ပတ္ကို ပတ္ျပီး ၀ီလီယံ အစြမ္းျပခဲ့တဲ့ ပြဲပါ။ ေနရာလြတ္ေတြ ရွာေဖြတာ၊ ကြင္းလယ္နဲ႕ ခ်ိတ္ဆက္တာေတြ ေကာင္းဏြာ လုပ္ခဲ့ျပီး ဖရီးကစ္ လွလွတစ္လံုးလည္း ကန္ခဲ့ေပမယ့္ ဂိုးမ၀င္ခဲ့လို႔ပါ။ ဒုတိယပိုင္းမွာ ပို အေကာင္းဆံုး ျဖစ္လာခဲ့ျပီး အဖြင့္ ဂိုး အတြက္ ပံ့ပိုးမႈ လုပ္နုိင္ခဲ့ပါတယ္။ သူ႔ရဲ႕ ေျပးလႊားမႈေတြက ပဲေလ့စ္ကို ဒုကၡေကာင္းေကာင္း ေပးခဲ့တယ္။

ပူလီဆစ္ – ၈

ပထမပိုင္းမွာ ေျခစြမ္းအျပဆံုး ခ်ယ္ဆီးအသင္းသားေတြဲ ပါ၀င္ခဲ့ျပီး အခြင့္အေရးေကာင္းေတြ ရခဲ့ပါတယ္။ Guaita ကာကြယ္ သြားတဲ့ တစ္လံုးကလည္း ဂိုး ၀င္သြားသင့္သလို ေနာက္ထပ္ သူ႔ရဲ႕ ကန္ခ်က္ေကာင္းကလည္း ဂိုးသမား ကာကြယ္ခံခဲ့ရပါတယ္။ အခြင့္အေရးေကာင္းေတြ ရခဲ့တဲ့ ပူလီဆစ္ အေနနဲ႕ ဒိထက္ ေကာင္းေကာင္း လုပ္ျပနိုင္ခဲ့သင့္ပါေသးတယ္။ ေသသပ္တဲ့ ေခါင္းတိုက္ခ်က္နဲ႕ေတာ့ ပူလီဆစ္ တစ္ဂိုး သြင္းနုိင္ခဲ့ပါတယ္။

တမ္မီ ေအဗရာဟမ္ – ၇

ပထမပိုင္းမွာ သိပ္မေကာငး္ခဲ့ပါဘူး။ ေဘာလံုးကို ေကာင္းစြာ မထိန္းနုိင္ခဲ့ဘဲ ပဲေလ့စ္ ဧရိယာထဲ ထိေရာက္တဲ့ ျခိမ္းေျခာက္မႈေတြ မလုပ္နုိင္ခဲ့ပါဘူး။ ဒါေပမယ့္ ဒုတိယပိုင္း အေစာပိုင္းမွာေတာ့ လံုး၀ ျခားနားသြားခဲ့ျပီး သူ႔ရဲ႕ ပရီးမီးယားလိ၈္ ၁၀ ဂိုးေျမာက္ သြင္းယူနုိင္ခဲ့ပါတယ္။ လွပတဲ့ ေျပးလႊားမႈ အလန္းစား အဆံုးသတ္မႈနဲ႕ ဂိုးသြင္းခဲ့ပါတယ္။

လူစား၀င္ ကစားသမားမ်ား

ဘတ္ရွဴ၀ါရီ – ၆

အိုဒြိဳင္း – ၆

ဘီလီ ဂီးလ္မား – ၅