မန်ချက်စတာယူနိုက်တက်ဟာ ကြားရက်က ပါတီဇန်ဘဲလ်ဂရိတ်ကို နိုင်ထားတဲ့ပွဲက စွမ်းဆောင်ရည်ကို ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဆက်လက် သယ်ဆောင် ကစားဖို့ ကြိုးစားပါလိမ့်မယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဘုန်းမောက်ကို ရှုံးခဲ့တာ အတွက် ကောင်းစွာ တုန့်ပြန်နိုင်ဖို့ စိတ်အားထက်သန်နေမှာ ဖြစ်ပြီး အသင်း တိုက်စစ်ကလည်း ကြားရက်ကပွဲမှာ သုံးဂိုး ပြန်သွင်းထားပြီဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ ပွဲမတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ နည်းပြ ဆိုးရှားက မက် တော်မီနေးနဲ့ လင်ဒီလော့ဖ်တို့ဟာ ဒဏ်ရာကနေ သက်သာနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပေါ့ဘာ၊ တူရမ်ဇီဘီ၊ လုခ်ရှော၊ ဒါလော့၊ မာတစ်နဲ့ အိန်ဂျယ် ဂိုမက်စ်တို့လည်း ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။

ဒေးဗစ် ဒီဂီယာကတော့ ပြန်လည် ပွဲထွက် လာမှာပါ။ ပါတီဇန်နဲ့ ပွဲမှာ အနားပေးထားခဲ့ဲ့တဲ့ ဝမ် ဘစ်ဆာကာလည်း ပြန်ပါဝင်လာမှာ ဖြစ်ပြီး တကယ်လို့ လင်ဒီလော့ဖ်သာ ပွဲမတိုင်ခင် ကြံ့ခိုင်မှုစစ်ဆေးတာ အောင်မြင်ပါက မက်ဂွဲရားနဲ့ တွဲဖက် ပါဝင် ကစားနိုင်မှာ ဖြစ်ပါတယ်။ ယန်းကတော့ ပွဲပယ်ခံထားရပြီး လူငယ် ကစားသမား ဘရန်ဒန် ဝီလီယံ ထပ်မံ အခွင့်အရေး ရဖွယ်ပါ။

ဘုန်းမောက်ကို ရှုံးခဲ့ပေမယ့် ထိုပွဲမှာ ဖရက်က စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်ခဲ့ပြီး ဘရိုက်တန်နဲ့ ပွဲမှာ ဘရာဇီးသားကို မြင်ရနိုင်ပါတယ်။ မေဆန် ဂရင်းဝုဒ်လည်း ကစားခွင့် ရနိုင်ပြီး တိုက်စစ်မှာ ရက်ဖို့ဒ် ဒန်နီရယ် ဂျိမ်းစ်တို့နဲ့ တွဲဖက် လာမယ်လို့ ယူဆရပါတယ်။ မာရှယ်ကတော့ တိုက်စစ်လိုင်းကို ဦးဆောင်လာမှာပါ။

ဘရိုက်တန်နဲ့ ပွဲ ယူနိုက်တက်ရဲ့ ဖြစ်နိုင်ဖွယ် လိုင်းအပ်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဒီဂီယာ၊ ဝမ်ဘစ်ဆာကာ၊ မက်ဂွဲရား၊ လင်ဒီလော့ဖ်၊ ဝီလီယံ၊ တော်မီနေး၊ ဖရက်၊ ဂျိမ်းစ်၊ ရက်ဖို့ဒ်၊ ဂရင်းဝုဒ်၊ မာရှယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ဟာ ၾကားရက္က ပါတီဇန္ဘဲလ္ဂရိတ္ကို နုိုင္ထားတဲ့ပြဲက စြမ္းေဆာင္ရည္ကို ဘရိုက္တန္နဲ႕ ပရီးမီးယားလိဂ္ ပြဲမွာ ဆက္လက္ သယ္ေဆာင္ ကစားဖို႕ ၾကိဳးစားပါလိမ့္မယ္။ ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က ဘုန္းေမာက္ကို ရွံဳးခဲ့တာ အတြက္ ေကာင္းစြာ တုန္႔ျပန္နုိင္ဖို႔ စိတ္အားထက္သန္ေနမွာ ျဖစ္ျပီး အသင္း တိုက္စစ္ကလည္း ၾကားရက္ကပြဲမွာ သံုးဂိုး ျပန္သြင္းထားျပီျဖစ္ပါတယ္။

ဘရိုက္တန္နဲ႕ ပြဲမတိုင္ခင္ ပြဲၾကိဳ ရွင္းလင္းပြဲမွာ နည္းျပ ဆိုးရွားက မက္ ေတာ္မီေနးနဲ႕ လင္ဒီေလာ့ဖ္တို႔ဟာ ဒဏ္ရာကေန သက္သာေနဆဲ ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဒါ့အျပင္ ေပါ့ဘာ၊ တူရမ္ဇီဘီ၊ လုခ္ေရွာ၊ ဒါေလာ့၊ မာတစ္နဲ႕ အိန္ဂ်ယ္ ဂိုမက္စ္တို႔လည္း ပါ၀င္ကစားနုိင္ျခင္း မရွိေသးပါဘူး။

ေဒးဗစ္ ဒီဂီယာကေတာ့ ျပန္လည္ ပြဲထြက္ လာမွာပါ။ ပါတီဇန္နဲ႕ ပြဲမွာ အနားေပးထားခဲ့ဲ့တဲ့ ၀မ္ ဘစ္ဆာကာလည္း ျပန္ပါ၀င္လာမွာ ျဖစ္ျပီး တကယ္လို႔ လင္ဒီေလာ့ဖ္သာ ပြဲမတိုင္ခင္ ၾကံ႕ခိုင္မႈစစ္ေဆးတာ ေအာင္ျမင္ပါက မက္ဂြဲရားနဲ႕ တြဲဖက္ ပါ၀င္ ကစားနိုင္မွာ ျဖစ္ပါတယ္။ ယန္းကေတာ့ ပြဲပယ္ခံထားရျပီး လူငယ္ ကစားသမား ဘရန္ဒန္ ၀ီလီယံ ထပ္မံ အခြင့္အေရး ရဖြယ္ပါ။

ဘုန္းေမာက္ကို ရွံဳးခဲ့ေပမယ့္ ထိုပြဲမွာ ဖရက္က စြမ္းေဆာင္ရည္ေကာင္းမ်ား ျပသနိုင္ခဲ့ျပီး ဘရိုက္တန္နဲ႕ ပြဲမွာ ဘရာဇီးသားကို ျမင္ရနုိင္ပါတယ္။ ေမဆန္ ဂရင္း၀ုဒ္လည္း ကစားခြင့္ ရနိုင္ျပီး တိုက္စစ္မွာ ရက္ဖို႔ဒ္ ဒန္နီရယ္ ဂ်ိမ္းစ္တို႔နဲ႕ တြဲဖက္ လာမယ္လို႔ ယူဆရပါတယ္။ မာရွယ္ကေတာ့ တိုက္စစ္လိုင္းကို ဦးေဆာင္လာမွာပါ။

ဘရိုက္တန္နဲ႕ ပြဲ ယူနိုက္တက္ရဲ႕ ျဖစ္နုိင္ဖြယ္ လိုင္းအပ္ကေတာ့ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

ဒီဂီယာ၊ ၀မ္ဘစ္ဆာကာ၊ မက္ဂြဲရား၊ လင္ဒီေလာ့ဖ္၊ ၀ီလီယံ၊ ေတာ္မီေနး၊ ဖရက္၊ ဂ်ိမ္းစ္၊ ရက္ဖို႔ဒ္၊ ဂရင္း၀ုဒ္၊ မာရွယ္။