ဘရာဇီး ဂန္တဝင်ဟောင်းကြီး ရော်နယ်ဒင်ဟိုက သူဟာ လီဗာပူးအသင်းမှ တိုက်စစ်မှူး ဖာမင်နိုကို သဘောကျသူဖြစ်ပြီး တိုက်စစ်သမားဟာ ကမ္ဘာအဆင့် ကစားသမားတစ်ဦးပါလို့ ထုတ်ဖော်ချီးကျူးမှု ပြုလုပ်သွားပါတယ်။

ဗြိတိန်သတင်းဌာနဖြစ်တဲ့ ဂါးဒီးယန်းနဲ့ အင်တာဗျူးမှာ ရော်နယ်ဒင်ဟိုက ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံး ဘရာဇီးကစားသမားဖြစ်သူ ဖာမင်နိုကို ထည့်သွင်း ချီးကျူးမှု လုပ်ခဲ့တာဖြစ်တယ်။ ဖာမင်နိုဟာ ဒီရာသီ လီဗာပူးအတွက် တိုက်စစ်မှာ အဓိကကျသူဖြစ်ပြီး သွင်းဂိုးတွေအတွက် ရေသောက်မြစ်အဖြစ် ကစားပေးနိုင်စွမ်း ရှိသူဖြစ်တယ်။

၂၀၁၅ ခုနှစ်မှာ ဂျာမနီကလပ် ဟော့ဖန်ဟိန်းကနေ ပြောင်းလာခဲ့တဲ့ ဖာမင်နိုဟာ မာဆေးဆိုဒ်ကလပ်နဲ့အတူ တောက်ပတဲ့ ခြေစွမ်းတွေကြောင့် ဘရာဇီးလက်ရွေးစင်ရဲ့ အဓိက တိုက်စစ်သမား ဖြစ်လာခဲ့ပြီး နွေတုန်းကတော့ ကိုပါအမေရိကဖလားကို လက်ရွေးစင်အသင်းနဲ့အတူ ကိုင်မြောက်ခွင့် ရထားသူဖြစ်တယ်။

ဖာမင်နိုဟာ အင်္ဂလန်လိဂ်မှာ ဘရာဇီးကစားသမားတွေ အထင်ကြီးခြင်းခံရဖို့အတွက် တစ်ဘက်တစ်လမ်းကနေ ပါဝင်နေသူဖြစ်ပြီး ဘရာဇီးသားပီပီ တိုက်စစ်ပိုင်း အမြင်ရှိမှု၊ လှုပ်အားနှုန်းအပြည့်နဲ့ မိနစ် ၉၀ မကျတမ်း ကစားနိုင်မှုတွေကြောင့်လည်း ထင်ရှားသူဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုက “ ဖာမင်နိုက ဘရာဇီးအသင်းအတွက် အရမ်းကို တန်ဖိုးကြီးသူနဲ့ အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမား ဖြစ်လာတယ်။ လီဗာပူးအတွက်လည်း တကယ်ကို အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။ ကိုယ်မှာရှိတဲ့ အစွမ်းအစတွေ အားလုံးကို ပေးဆပ်တဲ့ ကမ္ဘာအဆင့် တိုက်စစ်သမားဖြစ်တယ်။ ဘောလုံးကို ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ကစားတတ်သူဖြစ်ပြီး ဒီအချက်ကို ကျနော် သဘောကျပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘရာဇီး ဂႏၱဝင္ေဟာင္းၾကီး ေရာ္နယ္ဒင္ဟိုက သူဟာ လီဗာပူးအသင္းမွ တိုက္စစ္မွဴး ဖာမင္ႏိုကို သေဘာက်သူျဖစ္ျပီး တိုက္စစ္သမားဟာ ကမၻာအဆင့္ ကစားသမားတစ္ဦးပါလို႔ ထုတ္ေဖာ္ခ်ီးက်ဴးမႈ ျပဳလုပ္သြားပါတယ္။

ျဗိတိန္သတင္းဌာနျဖစ္တဲ့ ဂါးဒီးယန္းနဲ႔ အင္တာဗ်ဴးမွာ ေရာ္နယ္ဒင္ဟိုက ပရီးမီးယားလိဂ္မွာ သြင္းဂိုးအမ်ားဆံုး ဘရာဇီးကစားသမားျဖစ္သူ ဖာမင္ႏုိကို ထည့္သြင္း ခ်ီးက်ဴးမႈ လုပ္ခဲ့တာျဖစ္တယ္။ ဖာမင္ႏိုဟာ ဒီရာသီ လီဗာပူးအတြက္ တိုက္စစ္မွာ အဓိကက်သူျဖစ္ျပီး သြင္းဂိုးေတြအတြက္ ေရေသာက္ျမစ္အျဖစ္ ကစားေပးႏုိင္စြမ္း ရွိသူျဖစ္တယ္။

၂၀၁၅ ခုႏွစ္မွာ ဂ်ာမနီကလပ္ ေဟာ့ဖန္ဟိန္းကေန ေျပာင္းလာခဲ့တဲ့ ဖာမင္ႏိုဟာ မာေဆးဆိုဒ္ကလပ္နဲ႔အတူ ေတာက္ပတဲ့ ေျခစြမ္းေတြေၾကာင့္ ဘရာဇီးလက္ေရြးစင္ရဲ႕ အဓိက တိုက္စစ္သမား ျဖစ္လာခဲ့့ျပီး ေႏြတုန္းကေတာ့ ကိုပါအေမရိကဖလားကို လက္ေရြးစင္အသင္းနဲ႔အတူ ကိုင္ေျမာက္ခြင့္ ရထားသူျဖစ္တယ္။

ဖာမင္ႏိုဟာ အဂၤလန္လိဂ္မွာ ဘရာဇီးကစားသမားေတြ အထင္ၾကီးျခင္းခံရဖို႔အတြက္ တစ္ဘက္တစ္လမ္းကေန ပါဝင္ေနသူျဖစ္ျပီး ဘရာဇီးသားပီပီ တိုက္စစ္ပိုင္း အျမင္ရွိမႈ၊ လႈပ္အားႏႈန္းအျပည့္နဲ႔ မိနစ္ ၉၀ မက်တမ္း ကစားႏုိင္မႈေတြေၾကာင့္လည္း ထင္ရွားသူျဖစ္ပါတယ္။

ေရာ္နယ္ဒင္ဟိုက “ ဖာမင္ႏိုက ဘရာဇီးအသင္းအတြက္ အရမ္းကို တန္ဖိုးၾကီးသူနဲ႔ အေတြ႔အၾကံဳရင့္က်က္တဲ့ ကစားသမား ျဖစ္လာတယ္။ လီဗာပူးအတြက္လည္း တကယ္ကို အေရးပါတဲ့ ကစားသမားျဖစ္ပါတယ္။ ကိုယ္မွာရွိတဲ့ အစြမ္းအစေတြ အားလံုးကို ေပးဆပ္တဲ့ ကမၻာအဆင့္ တိုက္စစ္သမားျဖစ္တယ္။ ေဘာလံုးကို ျပံဳးရႊင္ေနတဲ့ မ်က္ႏွာနဲ႔ ကစားတတ္သူျဖစ္ျပီး ဒီအခ်က္ကို က်ေနာ္ သေဘာက်ပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။