ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ နဲ့ နိုင်တဲ့ ပွဲ အပြီးမှာ ချယ်ဆီးနည်းပြ လမ်းပတ်က အသင်း သွင်းဂိုးရှင် ပူလီဆစ်ဟာ ထိုပွဲကို ဒဏ်ရာ ရှိလျက် ဝင်ကစားခဲ့တ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပြီး အမေရိကန်သားရဲ့ စွမ်းဆောင်ရည်ကို ချီးမြှောက် ပြောဆိုသွားပါတယ်။ အေဗရာဟမ်ရဲ့ အဖွင့် ဂိုး အပြီးမှာ ပူလီဆစ်က ပဲလေ့စ်ဘက် ခေါင်းတိုက်ဂိုး လှလှပပ သွင်းယူပေးခဲ့ပါတယ်။

” ပူလီဆစ်က ပင်ကိုအရည်အချင်း အများကြီး ရှိတဲ့သူ၊ အသင်းအတွက် ကစားသမားကောင်း တစ်ယောက် ဖြစ်မယ့်သူလို့ ကျနော် အမြဲ ယုံကြည်ခဲ့ရသူပါ။ သူက အသင်းအတွက် တကယ့်ကို ပထမတန်းစားပဲ။ ၆ ကိုက် ဧရိယာထဲမှာ ဂိုးသွင်းဖို့ဆိုတာ လူငယ် ကစားသမားတွေ အတွက် ကိစ္စကြီး ဖြစ်တယ်။ ဒါပေမယ့် တင်ပါးဒဏ်ရာကနေ ကစားတာတောင် ပူလီဆစ်က လုပ်ပြနိုင်ခဲ့တယ်။ ” လို့ လမ်းပတ်က ဆိုပါတယ်။

” ပူလီဆစ် ကောင်းတာတွေ ပြောရရင် ဘောလုံးနဲ့ အတူရော ဘောလုံး မပါဘဲ ရွေ့လျားတာတွေ၊ အသင်းအတွက အားထုတ်တဲ့ စွမ်းအားတွေ အစုံပါပဲ။” လို့ လမ်းပတ်က ချီးကျူးခဲ့ပါတယ်။

ပထမပိုင်းမှာ ချယ်ဆီးနဲ့ ပဲလေ့စ်တို့ ဂိုးမရှိ သရေကျခဲ့ပေမယ့် ဒုတိယပိုင်းစလို့ သိပ်မကြာခင် ၅၂ မိနစ်မှာ တမ်မီ အေဗရာဟမ်က ချယ်ဆီးအတွက် အဖွင့်ဂိုး သွင်းပေးခဲ့တာပါ။ ပူလီဆစ်က ပွဲချိန်အတွင်း အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့သော်လည်း ဒဏ်ရာ ရှိနေတဲ့ကြားက အစွမ်းကုန် ရုန်းခဲ့တဲ့ အမေရိကန်သားဟာ ပွဲချိန် ၇၉ မိနစ်မှာတော့ လှလှပပ ခေါင်း တိုက် ဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ထိုသွင်းဂိုးက ၎င်းရဲ့ ဒီရာသီ ၅ ဂိုးမြောက် ဖြစ်ပြီး လိဂ်သွင်းဂိုးတွေ အရ သူ့ရဲ့ အကောင်းဆုံး ဘောလုံး ရာသီ ဖြစ်လာနေပြီလို့လည်း ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ဒေါ့မွန်မှာ သွင်းခဲ့တဲ့ ပြိုင်ပွဲစုံ သွင်းဂိုးကို မှီဖို့ ပူလီဆစ်က ဒီရာသီ အစောပိုင်းမှာတင် နှစ်ဂိုးသာ လိုပါတော့တယ်။ ပူလီဆစ်က သွင်းဂိုးတွေတင် မက ဖန်တီးမှုကောင်းတွေနဲ့ ပါ ချယ်ဆီးအသင်းကို အကူအညီပေးနေသူပါ။

Zawgyi

ခရစၥတယ္ပဲေလ့စ္ကို ၂-၀ နဲ႕ နုိင္တဲ့ ပြဲ အျပီးမွာ ခ်ယ္ဆီးနည္းျပ လမ္းပတ္က အသင္း သြင္းဂိုးရွင္ ပူလီဆစ္ဟာ ထိုပြဲကို ဒဏ္ရာ ရွိလ်က္ ၀င္ကစားခဲ့တ ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ျပီး အေမရိကန္သားရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးေျမွာက္ ေျပာဆိုသြားပါတယ္။ ေအဗရာဟမ္ရဲ႕ အဖြင့္ ဂိုး အျပီးမွာ ပူလီဆစ္က ပဲေလ့စ္ဘက္ ေခါင္းတိုက္ဂိုး လွလွပပ သြင္းယူေပးခဲ့ပါတယ္။

” ပူလီဆစ္က ပင္ကိုအရည္အခ်င္း အမ်ားၾကီး ရွိတဲ့သူ၊ အသင္းအတြက္ ကစားသမားေကာင္း တစ္ေယာက္ ျဖစ္မယ့္သူလို႔ က်ေနာ္ အျမဲ ယံုၾကည္ခဲ့ရသူပါ။ သူက အသင္းအတြက္ တကယ့္ကို ပထမတန္းစားပဲ။ ၆ ကိုက္ ဧရိယာထဲမွာ ဂိုးသြင္းဖို႔ဆုိတာ လူငယ္ ကစားသမားေတြ အတြက္ ကိစၥၾကီး ျဖစ္တယ္။ ဒါေပမယ့္ တင္ပါးဒဏ္ရာကေန ကစားတာေတာင္ ပူလီဆစ္က လုပ္ျပနုိင္ခဲ့တယ္။ ” လို႔ လမ္းပတ္က ဆိုပါတယ္။

” ပူလီဆစ္ ေကာင္းတာေတြ ေျပာရရင္ ေဘာလံုးနဲ႕ အတူေရာ ေဘာလံုး မပါဘဲ ေရြ႕လ်ားတာေတြ၊ အသင္းအတြက အားထုတ္တဲ့ စြမ္းအားေတြ အစံုပါပဲ။” လို႔ လမ္းပတ္က ခ်ီးက်ဴးခဲ့ပါတယ္။

ပထမပိုင္းမွာ ခ်ယ္ဆီးနဲ႕ ပဲေလ့စ္တို႔ ဂိုးမရွိ သေရက်ခဲ့ေပမယ့္ ဒုတိယပိုင္းစလို႔ သိပ္မၾကာခင္ ၅၂ မိနစ္မွာ တမ္မီ ေအဗရာဟမ္က ခ်ယ္ဆီးအတြက္ အဖြင့္ဂိုး သြင္းေပးခဲ့တာပါ။ ပူလီဆစ္က ပြဲခ်ိန္အတြင္း အခြင့္အေရးေကာင္းေတြ ရခဲ့ေပမယ့္ ဂိုးအျဖစ္ မေျပာင္းလဲ နုိင္ခဲ့ေသာ္လည္း ဒဏ္ရာ ရွိေနတဲ့ၾကားက အစြမ္းကုန္ ရုန္းခဲ့တဲ့ အေမရိကန္သားဟာ ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ လွလွပပ ေခါင္း တိုက္ ဂိုး တစ္ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။

ထိုသြင္းဂိုးက ၄င္းရဲ႕ ဒီရာသီ ၅ ဂိုးေျမာက္ ျဖစ္ျပီး လိဂ္သြင္းဂိုးေတြ အရ သူ႔ရဲ႕ အေကာင္းဆံုး ေဘာလံုး ရာသီ ျဖစ္လာေနျပီလို႔လည္း ဆိုနုိင္ပါတယ္။ ျပီးခဲ့တဲ့ ရာသီ ေဒါ့မြန္မွာ သြင္းခဲ့တဲ့ ျပိဳင္ပြဲစံု သြင္းဂိုးကို မွီဖို႔ ပူလီဆစ္က ဒီရာသီ အေစာပိုင္းမွာတင္ နွစ္ဂိုးသာ လိုပါေတာ့တယ္။ ပူလီဆစ္က သြင္းဂိုးေတြတင္ မက ဖန္တီးမႈေကာင္းေတြနဲ႕ ပါ ခ်ယ္ဆီးအသင္းကို အကူအညီေပးေနသူပါ။