ချယ်ဆီးမန်နေဂျာလမ်းပတ်က အသင်းခေါင်းဆောင် ကွီတာနေရာမှာ ရိစ်ကို ထည့်ကစားတာက သူ့ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တိုက်စစ်ပိုင်းကို ပိုကောင်းတဲ့ အခွင့်အရေးတွေရဖို့ဆိုတဲ့ ဦးတည်ချက်အတွက် အပြောင်းအလဲလုပ်ခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

အေဂျက်ကို ၄-၄ နဲ့ အနိုင်ရတဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး သွင်းဂိုးလည်း ရခဲ့သေးတဲ့ ရိစ်ဟာ တိုက်စစ်နဲ့ ခံစစ်မှာ ဟန်ချက်ညီညီကစားနိုင်မှုကြောင့် သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကို ကစားခွင့်ရခဲ့တယ်။ လိဂ်ရဲ့ အကောင်းဆုံး တောင်ပံလူတွေထဲက တစ်ဦးဖြစ်တဲ့ ဇာဟာကို ထိန်းချုပ်ခဲ့ရပေမယ့် အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ ရိစ်က လိဂ်ရဲ့ အကောင်းဆုံး တောင်ပံတွေထဲက တစ်ဦးကို တစ်ဦးချင်း ရင်ဆိုင်ခဲ့ရသူပါ။ ဇာဟာက ကောင်တာတိုက်စစ်တွေမှာ တကယ်ကို ခြိမ်းခြောက်နိုင်သူဖြစ်ပြီး ရိစ်က သူရင်ဆိုင်ရတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ခဲ့သလို တိုက်စစ်တွေမှာလည်း ပါဝင် ကူညီနိုင်ခဲ့တယ်။ ဘောလုံးကို ဘယ်လောက်ထိ သက်သောင့်သက်သာ ကိုင်ကစားနိုင်ပြီး ပေးမှုကောင်းတွေ ဘယ်လို ပိုနိုင်လဲဆိုတာ အားလုံးလည်း မြင်ကြပါတယ်။

ကျနော်က ရိစ်ကို ယုံပါတယ်။ ရာသီစက သူဒဏ်ရာရနေခဲ့တာဖြစ်ပေမယ့် ကြံ့ခိုင်မှု ပြန်ကောင်းလာပြီး ပွဲကစားခွင့်နဲ့ ထိုက်တန်တဲ့ အဆင့်ကို ပြန်လည်လေ့ကျင့်နိုင်ခဲ့တယ်။ သူက တကယ်ကို ထူးချွန်အောင်ကို ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ” လို့ လမ်းပတ်က လူငယ်အစွန်လူကို ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

ဝါရင့်ညာအစွန်လူနဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ကွီတာကို ချန်လှပ်ထားခဲ့တာက ဆုံးဖြတ်ကြီးဖြစ်တယ်ဆိုတာကိုလည်း လမ်းပတ်က “ ဒါက ကျနော် အလုပ်ရဲ့ တစ်စိတ်တစ်ဒေသပါပဲ။ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့် ကွီတာက ကစားပုံ ကောင်းနေချိန်မှာ လူငယ်ကစားသမားကို ထည့်သွင်းဖို့ ကျနော် လုပ်ခဲ့တာဖြစ်တယ်။

ကွီတာက ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အသင်းကို မောင်းနှင်သူပါ။ ဒါပေမယ့် ရိစ်ကို အခွင့်အရေးပေးဖို့ ကျနေ်ာ ဆုံးဖြတ်ခဲ့ပြီး သူက ကျနေ်ာတို့အတွက် တိုက်စစ်ပိုင်း အမြင်တွေကို ပိုကောင်းစေတယ်။ ကွီတာက ကောင်းမွန်တဲ့ အကျင့်စရိုက်နဲ့ အမူအကျင့်တွေ ရှိပါတယ်။ သူနဲ့ စကားပြောရတာလွယ်ကူပြီး ကလပ်အသင်းအတွက် သူအကောင်းဆုံး ဖြစ်စေလိုတယ် ကျနော် တကယ်ကို အသိအမှတ်ပြုပါတယ်။

ဒီအပြောင်းအလဲက ကျနေ်ာတို့ကို တိုက်စစ်ပိုင်းမှာ ပြဿနာအနည်းငယ် ပေးခဲ့ပေမယ့် အကောင်းဆုံး ဆုံးဖြတ်ချက်ကို လုပ်ခဲ့တာဖြစ်ပြီး တွေ့ခဲ့ရတဲ့ ပြဿနာတွေကလည်း အရမ်းကောင်းပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က အသင္းေခါင္းေဆာင္ ကီြတာေနရာမွာ ရိစ္ကို ထည့္ကစားတာက သူ႔ရဲ႕ ဆံုးျဖတ္ခ်က္ျဖစ္ျပီး တိုက္စစ္ပိုင္းကို ပိုေကာင္းတဲ့ အခြင့္အေရးေတြရဖို႔ဆိုတဲ့ ဦးတည္ခ်က္အတြက္ အေျပာင္းအလဲလုပ္ခဲ့တာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုပါတယ္။

ေအဂ်က္ကို ၄-၄ နဲ႔ အႏုိင္ရတဲ့ပြဲမွာ လူစားဝင္ကစားခဲ့ျပီး သြင္းဂိုးလည္း ရခဲ့ေသးတဲ့ ရိစ္ဟာ တိုက္စစ္နဲ႔ ခံစစ္မွာ ဟန္ခ်က္ညီညီကစားႏုိင္မႈေၾကာင့္ သူ႔ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲကို ကစားခြင့္ရခဲ့တယ္။ လိဂ္ရဲ႕ အေကာင္းဆံုး ေတာင္ပံလူေတြထဲက တစ္ဦးျဖစ္တဲ့ ဇာဟာကို ထိန္းခ်ဳပ္ခဲ့ရေပမယ့္ အေကာင္းဆံုး ထိန္းခ်ဳပ္ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

“ ရိစ္က လိဂ္ရဲ႕ အေကာင္းဆံုး ေတာင္ပံေတြထဲက တစ္ဦးကို တစ္ဦးခ်င္း ရင္ဆိုင္ခဲ့ရသူပါ။ ဇာဟာက ေကာင္တာတိုက္စစ္ေတြမွာ တကယ္ကို ျခိမ္းေျခာက္ႏုိင္သူျဖစ္ျပီး ရိစ္က သူရင္ဆိုင္ရတဲ့ အေျခအေနေတြကို ေျဖရွင္းႏုိင္ခဲ့သလို တိုက္စစ္ေတြမွာလည္း ပါဝင္ ကူညီႏုိင္ခဲ့တယ္။ ေဘာလံုးကို ဘယ္ေလာက္ထိ သက္ေသာင့္သက္သာ ကိုင္ကစားႏုိင္ျပီး ေပးမႈေကာင္းေတြ ဘယ္လို ပိုႏုိင္လဲဆိုတာ အားလံုးလည္း ျမင္ၾကပါတယ္။

က်ေနာ္က ရိစ္ကို ယံုပါတယ္။ ရာသီစက သူဒဏ္ရာရေနခဲ့တာျဖစ္ေပမယ့္ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာျပီး ပြဲကစားခြင့္နဲ႔ ထိုက္တန္တဲ့ အဆင့္ကို ျပန္လည္ေလ့က်င့္ႏုိင္ခဲ့တယ္။ သူက တကယ္ကို ထူးခၽြန္ေအာင္ကို ကစားႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ” လို႔ လမ္းပတ္က လူငယ္အစြန္လူကို ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ပါတယ္။

ဝါရင့္ညာအစြန္လူနဲ႔ အသင္းေခါင္းေဆာင္ျဖစ္သူ ကီြတာကို ခ်န္လွပ္ထားခဲ့တာက ဆံုးျဖတ္ၾကီးျဖစ္တယ္ဆိုတာကိုလည္း လမ္းပတ္က “ ဒါက က်ေနာ္ အလုပ္ရဲ႕ တစ္စိတ္တစ္ေဒသပါပဲ။ ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ ျဖစ္ေပမယ့္ ကီြတာက ကစားပံု ေကာင္းေနခ်ိန္မွာ လူငယ္ကစားသမားကို ထည့္သြင္းဖို႔ က်ေနာ္ လုပ္ခဲ့တာျဖစ္တယ္။

ကီြတာက ေခါင္းေဆာင္တစ္ေယာက္ျဖစ္ျပီး အသင္းကို ေမာင္းႏွင္သူပါ။ ဒါေပမယ့္ ရိစ္ကို အခြင့္အေရးေပးဖို႔ က်ေန္ာ ဆံုးျဖတ္ခဲ့ျပီး သူက က်ေန္ာတုိ႔အတြက္ တိုက္စစ္ပိုင္း အျမင္ေတြကို ပိုေကာင္းေစတယ္။ ကီြတာက ေကာင္းမြန္တဲ့ အက်င့္စရိုက္နဲ႔ အမူအက်င့္ေတြ ရွိပါတယ္။ သူနဲ႔ စကားေျပာရတာလြယ္ကူျပီး ကလပ္အသင္းအတြက္ သူအေကာင္းဆံုး ျဖစ္ေစလိုတယ္ က်ေနာ္ တကယ္ကို အသိအမွတ္ျပဳပါတယ္။

ဒီအေျပာင္းအလဲက က်ေန္ာတို႔ကို တိုက္စစ္ပိုင္းမွာ ျပႆနာအနည္းငယ္ ေပးခဲ့ေပမယ့္ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ကို လုပ္ခဲ့တာျဖစ္ျပီး ေတြ႔ခဲ့ရတဲ့ ျပႆနာေတြကလည္း အရမ္းေကာင္းပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။