မန်စီးတီးတည်းပြ ပက် ဂွာဒီယိုလာက လက်ရှိ အမှတ်ပေးဇယားမှာ ဦးဆောင်နေသူ လီဗာပူးနဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲမှာ အများပြောနေကြသလို မန်စီးတီးက အရှုံးတွေ့မယ့် အောက် အသင်း မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားပြီးချိန်မှာ မန်စီးတီးထက် ၆ မှတ် အသာရထားပြီး ဒီတပတ်မှာလည်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာ ဖြစ်လို့ နိုင်ပွဲရရင် အမှတ် ပိုဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။ မန်စီးတီးကလည်း ၁၉၈၁ ကနေ ခုချိန်ထိ လီဗာပူးကို အန်းဖီးမှာ တစ်ကြိမ်သာ အနိုင်ရရှိဖူးတာ ဖြစ်လို့ ဒီပွဲကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ရဖွယ် ရှိပါတယ်။

ဂွာဒီယိုလာကတော့ သူ့ရဲ့ နည်းပြ သက်တမ်းတလျောက် သူ့အသင်းတွေက ဘယ်တော့မှ အော်ကအသင်း မဖြစ်ခဲ့ဘဲ ဒီတနင်္ဂနွေနေ့မှာလည်း စီးတီးက အောင်ပွဲ ယူနိုင်တယ်လို့ ယုံကြည်နေပါတယ်။

” ကလပ်အသင်း အပြင်ကလူတွေနဲ့ မီဒီယာသမားတွေက ကျနေ်ာတို့ကို အောက်အသင်းလို့ တံဆိပ်ကပ်ဖို့ ကြိုးစားကြတယ်။ ကျနော် ဒါမျိုး တခါမှ မကြုံဖူးပါဘူး။ ဘယ်တုန်းကမှ ပါ။ သူတို့က ကျနော်တို့ထက် ၆ မှတ်သာနေတယ် တစ်ရာသီလုံး ကောင်းကောင်း ကစားထားတယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အန်းဖီးကို ရှုံးပွဲ တစ်ပွဲ ကစားဖို့ အသင်း ဘတ်စ်ကားကို ခေါ်သွားမှာ မဟုတ်ဘူး။”

” ဒါမျိုးလည်း တခါမှ မတွေးဖူးဘူး။ ကျနော် အမြဲတမ်း စပါယ်ရှယ် တစ်ခုခု လုပ်ဖို့ပဲ စဉ်းစားတယ်။ ကျနေ်ာတို့မှာလည်း နိုင်ဖို့ အခွင့် အရေး ရှိတယ်။ ဒီပွဲကို နိုင်ပြီး ထိပ်ဆုံးလယ်ဗယ်မှာ ရပ်တည်ဖို့ လိုတယ်ဆိုတာ သိတယ်။ ဒီတော့ အသေးစိတ်ထိ လုံး၀ အာရုံစိုက် ပြင်ဆင်သွားမယ်။ ဒီပွဲကို အနိုင်ကန်နိုင်တယ်လို့လည်း ယုံကြည်ချက် ရှိထားရတယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ကြမှာပေါ့။” လို့ ဂွာဒီယိုလာက ဆိုသွားပါတယ်။

ဒီတနင်္ဂနွေ ပွဲစဉ် မတိုင်ခင် ဂွာဒီယိုလာက လီဗာပူး တိုက်စစ်မှူး မာနေးကို ပုတ်ခတ်မှုများလည်း ပြောဆိုထားပြီး ကလော့ပ်ကတော့ ဒီပွဲ ကို အနိုင် ကစားရမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Zawgyi

မန္စီးတီးတည္းျပ ပက္ ဂြာဒီယိုလာက လက္ရွိ အမွတ္ေပးဇယားမွာ ဦးေဆာင္ေနသူ လီဗာပူးနဲ႕ ယွဥ္ျပိဳင္ ကစားရမယ့္ ပြဲမွာ အမ်ားေျပာေနၾကသလို မန္စီးတီးက အရွံဳးေတြ႕မယ့္ ေအာက္ အသင္း မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

လီဗာပူးက ပရီးမီးယားလိဂ္ ၁၁ ပြဲ ကစားျပီးခ်ိန္မွာ မန္စီးတီးထက္ ၆ မွတ္ အသာရထားျပီး ဒီတပတ္မွာလည္း အန္းဖီးမွာ ဧည့္ခံ ကစားရမွာ ျဖစ္လို႔ နိုင္ပြဲရရင္ အမွတ္ ပိုျဖတ္နုိင္မွာပဲ ျဖစ္ပါတယ္။ မန္စီးတီးကလည္း ၁၉၈၁ ကေန ခုခ်ိန္ထိ လီဗာပူးကို အန္းဖီးမွာ တစ္ၾကိမ္သာ အနိုင္ရရွိဖူးတာ ျဖစ္လုိ႔ ဒီပြဲကို ခက္ခက္ခဲခဲ ယွဥ္ျပိဳင္ ရဖြယ္ ရွိပါတယ္။

ဂြာဒီယိုလာကေတာ့ သူ႔ရဲ႕ နည္းျပ သက္တမ္းတေလ်ာက္ သူ႔အသင္းေတြက ဘယ္ေတာ့မွ ေအာ္ကအသင္း မျဖစ္ခဲ့ဘဲ ဒီတနဂၤေႏြေန႔မွာလည္း စီးတီးက ေအာင္ပြဲ ယူနိုင္တယ္လို႕ ယံုၾကည္ေနပါတယ္။

” ကလပ္အသင္း အျပင္ကလူေတြနဲ႕ မီဒီယာသမားေတြက က်ေန္ာတို႔ကို ေအာက္အသင္းလို႔ တံဆိပ္ကပ္ဖို႔ ၾကိဳးစားၾကတယ္။ က်ေနာ္ ဒါမ်ိဳး တခါမွ မၾကံဳဖူးပါဘူး။ ဘယ္တုန္းကမွ ပါ။ သူတို႔က က်ေနာ္တို႔ထက္ ၆ မွတ္သာေနတယ္ တစ္ရာသီလံုး ေကာင္းေကာငး္ ကစားထားတယ္ ဆိုတာ ဟုတ္ပါတယ္။ ဒါေပမယ့္ အန္းဖီးကို ရွံဳးပြဲ တစ္ပြဲ ကစားဖို႔ အသင္း ဘတ္စ္ကားကို ေခၚသြားမွာ မဟုတ္ဘူး။”

” ဒါမ်ိဳးလည္း တခါမွ မေတြးဖူးဘူး။ က်ေနာ္ အျမဲတမ္း စပါယ္ရွယ္ တစ္ခုခု လုပ္ဖို႔ပဲ စဥ္းစားတယ္။ က်ေန္ာတို႔မွာလည္း နုိင္ဖို႔ အခြင့္ အေရး ရွိတယ္။ ဒီပြဲကို နုိင္ျပီး ထိပ္ဆံုးလယ္ဗယ္မွာ ရပ္တည္ဖို႔ လိုတယ္ဆိုတာ သိတယ္။ ဒီေတာ့ အေသးစိတ္ထိ လံုး၀ အာရံုစိုက္ ျပင္ဆင္သြားမယ္။ ဒီပြဲကို အနုိင္ကန္နုိင္တယ္လို႔လည္း ယံုၾကည္ခ်က္ ရွိထားရတယ္။ ဘာေတြ ျဖစ္လာမလဲ ဆိုတာကေတာ့ ေစာင့္ၾကည့္ၾကမွာေပါ့။” လို႔ ဂြာဒီယုိလာက ဆိုသြားပါတယ္။

ဒီတနဂၤေႏြ ပြဲစဥ္ မတိုင္ခင္ ဂြာဒီယိုလာက လီဗာပူး တိုက္စစ္မွဴး မာေနးကို ပုတ္ခတ္မႈမ်ားလည္း ေျပာဆိုထားျပီး ကေလာ့ပ္ကေတာ့ ဒီပြဲ ကို အနိုင္ ကစားရမွာ ျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။