လီဗာပူးအသင်းနဲ့ တောက်ပတဲ့ခြေစွမ်း ပြသလာတဲ့ လူငယ်ညာအစွန်လူ ထရန့်ကို နောက်ဆုံး ချီးကျူးမှုလုပ်ခဲ့သူကတော့ ကမ္ဘာဘောလုံး ဂန္တင်ကြီးတစ်ဦးဖြစ်တဲ့ ကာဖူးပဲ ဖြစ်ပါတယ်။

ဘရာဇီးအသင်းနဲ့ ကမ္ဘာဖလား နှစ်ကြိမ်အနိုင်ရ ကာဖူးဟာ သူ့ရဲ့ ကစားသမားဘဝမှာ အထင်ကရ ကလပ်တွေအတွက် ကိုယ်စားပြုခဲ့သလို ညာအစွန်လူအတိုင်းအတွက် စံနမူနာ ကစားသမားလို့လည်း မှတ်ယူခံခဲ့ရသူဖြစ်တယ်။ ကာဖူးဟာ လက်ရွေးစင် အသင်းဖော်ဖြစ်တဲ့ ရော်ဘတ်တို ကားလိုစ့်နဲ့ တွဲဘက်ပြီး ဘရာဇီးခေတ်တစ်ခုမှာ ရော်နယ်ဒင်ဟို၊ ရော်နယ်ဒို၊ ရီဗယ်ဒိုတို့နဲ့အတူ တောက်ပခဲ့သူလည်း ဖြစ်ပါတယ်။

ကာဖူးက ပရီးမီးယားလိဂ် အကောင်းဆုံး ညာအစွန်လူလို့ နာမည်ရလာခဲ့တဲ့ လူငယ်လေး ထရန့်ကို အတော်လေး နှစ်သက်နေဟန်ရှိပြီး မာဆေးဆိုဒ်သားလေး တိုးတက်လာမှုက ကိုယ်ကစားရတဲ့ နေရာမှာ အားထုတ်မှုကြောင့်လို့ ချီးကျူးခဲ့တယ်။ ထရန့်ဟာ ဘောလုံးရှိချိန်ကော မရှိချိန်ပါ ကစားပုံ ကောင်းသလို ရွေ့လျားမှုတွေမှာလည်း ထူးချွန်ပါတယ်လို့ ကာဖူးက အသိအမှတ် ပြုခဲ့ပါတယ်။

ကာဖူးက ပြောရာမှာ ‘ ထရန့်က ပရီးမီးယားလိဂ်မှာ ပိုကောင်းတဲ့ ကစားသမားဖြစ်လာနေပြီး လီဗာပူးအသင်း လိဂ်ကို ဦးဆောင်နေခြင်းအတွက် အရေးပါတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်လာစေတယ်။ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ ကြီးမားတဲ့ တိုးတက်လာမှုကို မြင်ခဲ့ရတယ်။ သူက ခံစစ်သမားကောင်းဖြစ်ရုံတင် မကပါဘူး တိုက်စစ်ကိုလည်း ကူညီနိုင်ပြီး ဘောလုံးမပါပဲနဲ့ ရွေ့လျားမှုတွေမှာလည်း ကောင်းမွန်သူဖြစ်တယ်။

အဲ့သည် အကြောင်းပြချက်တွေကြောင့်ပဲ သူက သွင်းဂိုးတွေ သွင်းယူနိုင်တာဖြစ်ပြီး အဲ့တာကို ကျနေ်ာတို့က ‘quarterback scorer’ လို့ ခေါ်ပါတယ်။ လူငယ်ကစားသမားတိုင်းအတွက် အရေးပါတဲ့ စကားလုံးကတော့ အားထုတ်ဖို့ပါပဲ။ ကိုယ်ကစားရတဲ့ နေရာမှာ လူငယ်တိုင်းက ပြင်းထန်တဲ့ အားထုတ်မှုတွေကို လုပ်ဆောင်သွားဖို့လိုပါတယ်။ ဒါက ကျနော်ရဲ့ နံပါတ် တစ် အကြံပေးစကားဖြစ်ပြီး အခြားသော လူငယ်တွေကိုလည်း သင်ကြားပေးလေ့ရှိတဲ့ စကားလည်း ဖြစ်ပါတယ် ’ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းနဲ႔ ေတာက္ပတဲ့ေျခစြမ္း ျပသလာတဲ့ လူငယ္ညာအစြန္လူ ထရန္႔ကို ေနာက္ဆံုး ခ်ီးက်ဴးမႈလုပ္ခဲ့သူကေတာ့ ကမၻာေဘာလံုး ဂႏၱင္ၾကီးတစ္ဦးျဖစ္တဲ့ ကာဖူးပဲ ျဖစ္ပါတယ္။

ဘရာဇီးအသင္းနဲ႔ ကမၻာဖလား ႏွစ္ၾကိမ္အႏုိင္ရ ကာဖူးဟာ သူ႔ရဲ႕ ကစားသမားဘဝမွာ အထင္ကရ ကလပ္ေတြအတြက္ ကိုယ္စားျပဳခဲ့သလို ညာအစြန္လူအတိုင္းအတြက္ စံနမူနာ ကစားသမားလို႔လည္း မွတ္ယူခံခဲ့ရသူျဖစ္တယ္။ ကာဖူးဟာ လက္ေရြးစင္ အသင္းေဖာ္ျဖစ္တဲ့ ေရာ္ဘတ္တို ကားလိုစ့္နဲ႔ တြဲဘက္ျပီး ဘရာဇီးေခတ္တစ္ခုမွာ ေရာ္နယ္ဒင္ဟို၊ ေရာ္နယ္ဒို၊ ရီဗယ္ဒိုတို႔နဲ႔အတူ ေတာက္ပခဲ့သူလည္း ျဖစ္ပါတယ္။

ကာဖူးက ပရီးမီးယားလိဂ္ အေကာင္းဆံုး ညာအစြန္လူလို႔ နာမည္ရလာခဲ့တဲ့ လူငယ္ေလး ထရန္႔ကို အေတာ္ေလး ႏွစ္သက္ေနဟန္ရွိျပီး မာေဆးဆိုဒ္သားေလး တိုးတက္လာမႈက ကိုယ္ကစားရတဲ့ ေနရာမွာ အားထုတ္မႈေၾကာင့္လို႔ ခ်ီးက်ဴးခဲ့တယ္။ ထရန္႔ဟာ ေဘာလံုးရွိခ်ိန္ေကာ မရွိခ်ိန္ပါ ကစားပံု ေကာင္းသလို ေရြ႔လ်ားမႈေတြမွာလည္း ထူးခၽြန္ပါတယ္လို႔ ကာဖူးက အသိအမွတ္ ျပဳခဲ့ပါတယ္။

ကာဖူးက ေျပာရာမွာ ‘ ထရန္႔က ပရီးမီးယားလိဂ္မွာ ပိုေကာင္းတဲ့ ကစားသမားျဖစ္လာေနျပီး လီဗာပူးအသင္း လိဂ္ကို ဦးေဆာင္ေနျခင္းအတြက္ အေရးပါတဲ့ အေၾကာင္းရင္းတစ္ခုလည္း ျဖစ္လာေစတယ္။ ျပီးခဲ့တဲ့ရာသီက သူ႔ရဲ႕ ၾကီးမားတဲ့ တိုးတက္လာမႈကို ျမင္ခဲ့ရတယ္။ သူက ခံစစ္သမားေကာင္းျဖစ္ရံုတင္ မကပါဘူး တိုက္စစ္ကိုလည္း ကူညီႏုိင္ျပီး ေဘာလံုးမပါပဲနဲ႔ ေရြ႕လ်ားမႈေတြမွာလည္း ေကာင္းမြန္သူျဖစ္တယ္။

အဲ့သည္ အေၾကာင္းျပခ်က္ေတြေၾကာင့္ပဲ သူက သြင္းဂိုးေတြ သြင္းယူႏုိင္တာျဖစ္ျပီး အဲ့တာကို က်ေန္ာတို႔က ‘quarterback scorer’ လို႔ ေခၚပါတယ္။ လူငယ္ကစားသမားတိုင္းအတြက္ အေရးပါတဲ့ စကားလံုးကေတာ့ အားထုတ္ဖို႔ပါပဲ။ ကိုယ္ကစားရတဲ့ ေနရာမွာ လူငယ္တိုင္းက ျပင္းထန္တဲ့ အားထုတ္မႈေတြကို လုပ္ေဆာင္သြားဖို႔လိုပါတယ္။ ဒါက က်ေနာ္ရဲ႕ နံပါတ္ တစ္ အၾကံေပးစကားျဖစ္ျပီး အျခားေသာ လူငယ္ေတြကိုလည္း သင္ၾကားေပးေလ့ရွိတဲ့ စကားလည္း ျဖစ္ပါတယ္ ’ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။