ဇန်နဝါရီ အပြောင်းအရွှေ့ ဖွင့်က သီတင်းပတ် ၈ ပတ် လောက်သာ ကျန်တော့ပြီး မန်ချက်စတာယူနိုက်တက်ဟာ ဈေးကွက်ဖွင့်တာနဲ့ အသင်း ကာလရှည် ဒဏ်ရာရ ကစားသမားများနေရာ အစားထိုးဖို့ လူသစ်များ ခေါ်ယူရန် လှုပ်ရှားရတော့မှာပါ။ အသင်းမှာ အရန်အသင့် အစားဝင် ကစားနိုင်တဲ့ ကစားသမား နည်းပါးနေခြင်းက ဒီရာသီ ယူနိုက်တက် ဆိုးဝါးတဲ့ ရာသီအစ ပိုင်ဆိုင်ရခြင်း အကြောင်းအချက်ထဲ ပါဝင်နေ်ပါတယ်။

ကွင်းလယ်ကစားသမား မာတစ်ကလည်း ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတာကြောင့် ဆိုးရှား အနေနဲ့ ၎င်း နေရာ အစားထိုးနိုင်မယ့် ကစားသမားများ ရှာဖွေ ရတော့မှာပါ။ မာတစ်က ကလပ်အသင်းမှာ ကစားချိန်နည်းပါးနေခြင်းဟာ ယူရို ၂၀၂၀ မှာ နိုင်ငံအသင်း ဆားဘီးယားနဲ့ အတူ ပါဝင်ခွင့် ထိခိုက်လာနိုင်တဲ့ အတွက် အသင်း ပြေငာ်းလိုနေပါတယ်။

ဒါကြောင့် အသက် ၃၁ နှစ် အရွယ် ဆားဘီးယားသား မာတစ်နေရာ အစားထိုးနိုင်မယ့် ကစားသမား ငါးဦးကို မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ပြပေးသွားပါတယ်။

Marcelo Brozovic (အင်တာမီလန်)

ဘရိုဇိုဗစ်ဟာ ကွန်တီရဲ့ အင်တာမီလန်အသင်းမှာ လွှမ်းမိုးမှု ကြီးမားလာနေတဲ့ ကစားသမား ဖြစ်ပြီး ဆန်စီရိုမှာ ၂၀၂၂ ထိ စာချုပ် ကျန်ရှိနေပါသေးတယ်။ အဓိက ကစားသမားတစ်ယောက်ကို အင်တာမီလန်က ရာသီဝက်မှာ လက်လွှတ်ဖို့ ခက်ခဲ့ပါတယ်။ ဒါပေမယ့် မာတစ်ကလည်း အင်တာသို့ ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတာကြောင့် အသက် ၂၆ နှစ် အရွယ် ခရိုအေးရှားသားနဲ့ အလဲအထပ် ဖြစ်မလား စိတ်ဝင်စားစရာပါ။

Thomas Partey (အက်သလက်တီကို မက်ဒရစ်)

ယူနိုက်တက်က နွေအပြောင်းအရွှေ့တည်းက သောမတ် ပါတေးကို ချိတ်ဆက်နေတဲ့ သတင်း ထွက်ခဲ့ပါတယ်။ ၎င်းက ဒီရာသီ အက်သလက်တီကို မှာ အသင်းက ထွက်သွားတဲ့ ရိုဒရီနေရာ ဖြည့် ကစားပေးနေပြီး မာတစ်နေရာ အတွက် အံဝင်စွာ အစားဝင် ကစားပေးနိုင်မယ့် သူလည်း ဖြစ်ပါတယ်။

Emre Can (ဂျူဗင်တပ်)

ဂျူဗင်တပ်မှာ နေရာ မရ ဖြစ်နေတဲ့ ချန်ဟာ ဒီရာသီ စီးရီးအေမှာ တစ်ပွဲသာ ကစားထားရပြီး ချန်ပီယံလိဂ် လူစာရင်းကလည်း ချန်လှပ် ခံထားရပါတယ်။ လီဗာပူးကစားသမားဟောင်း ဖြစ်တဲ့ အမ်မရေချန်ကို ယူနိုက်တက် ပရိသတ်တချို့က ခေါ်ယူစေလိုမှာ မဟုတ်ပေမယ့် ယူနိုက်တက် အသင်းသား တစ်ယောက် အနေနဲ့ ချန်သာ လီဗာပူးကို ပြန်ရင်ဆိုင်ရရင် ကြည့်လို့ကောင်းမှာပါ။

Declan Rice (ဝက်စ်ဟမ်း)

ဒီနေရာ အတွက် ရိုက်စ်က ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းကို ခေါ်ဖို့ ပေါင် သန်း ၈၀ နဲ့ ဒိထက် ပို မကလည်း ကျသွားနိုင်ပါတယ်။ ထိပ်သီးအသင်းတွေမှာတော့ ဒီကလန်ရိုက်စ်က အရည်အချင်းတွေ သက်သေပြရခြင်း မရှိသေးပါဘူး။

Wilfred Ndidi (လက်စတာစီးတီး)

ယူနိုက်တက်က နွေတုန်းက မက်ဂွဲရားကို လက်စတာအသင်းကနေ ခေါ်ခဲ့ပြီး ထိုမှ ဂျိမ်းစ် မက်ဒီဆန်နဲ့ ဘန် ချေးဝဲလ်တို့ကိုလည်း ချိန်ရွယ်နေပါတယ်။ အမ် ဒီဒီက လောလောဆယ်ထိ ယူနိုက်တက် ပစ်မှတ်ထားတဲ့ ကစားသမား မဟုတ်ပေမယ့် ပရီးမီးယားလိဂ်မှာ ကွင်းလယ် ခံစစ်ကောင်း အဖြစ် သက်သေပြပြီးသား ကစားသမား ဖြစ်လို့ ဆိုးရှား အနေနဲ့ ကွင်းလယ် ပစ်မှတ်အတွက် စဉ်းစားသင့်တဲ့ ကစားသမာ ဖြစ်ပါတယ်။

Zawgyi

ဇန္န၀ါရီ အေျပာင္းအေရႊ႕ ဖြင့္က သီတင္းပတ္ ၈ ပတ္ ေလာက္သာ က်န္ေတာ့ျပီး မန္္ခ်က္စတာယူနိုက္တက္ဟာ ေစ်းကြက္ဖြင့္တာနဲ႕ အသင္း ကာလရွည္ ဒဏ္ရာရ ကစားသမားမ်ားေနရာ အစားထိုးဖို႔ လူသစ္မ်ား ေခၚယူရန္ လႈပ္ရွားရေတာ့မွာပါ။ အသင္းမွာ အရန္အသင့္ အစား၀င္ ကစားနိုင္တဲ့ ကစားသမား နည္းပါးေနျခင္းက ဒီရာသီ ယူနိုက္တက္ ဆိုး၀ါးတဲ့ ရာသီအစ ပိုင္ဆိုင္ရျခင္း အေၾကာင္းအခ်က္ထဲ ပါ၀င္ေန္ပါတယ္။

ကြင္းလယ္ကစားသမား မာတစ္ကလည္း ဇန္န၀ါရီမွာ အသင္းကေန ထြက္ခြာသြားဖြယ္ ရွိေနတာေၾကာင့္ ဆိုးရွား အေနနဲ႕ ၄င္း ေနရာ အစားထိုးနုိင္မယ့္ ကစားသမားမ်ား ရွာေဖြ ရေတာ့မွာပါ။ မာတစ္က ကလပ္အသင္းမွာ ကစားခ်ိန္နည္းပါးေနျခင္းဟာ ယူရို ၂၀၂၀ မွာ နုိင္ငံအသင္း ဆားဘီးယားနဲ႕ အတူ ပါ၀င္ခြင့္ ထိခိုက္လာနိုင္တဲ့ အတြက္ အသင္း ေျပငာ္းလိုေနပါတယ္။

ဒါေၾကာင့္ အသက္ ၃၁ နွစ္ အရြယ္ ဆားဘီးယားသား မာတစ္ေနရာ အစားထိုးနိုင္မယ့္ ကစားသမား ငါးဦးကို မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ျပေပးသြားပါတယ္။

Marcelo Brozovic (အင္တာမီလန္)

ဘရိုဇိုဗစ္ဟာ ကြန္တီရဲ႕ အင္တာမီလန္အသင္းမွာ လႊမ္းမိုးမႈ ၾကီးမားလာေနတဲ့ ကစားသမား ျဖစ္ျပီး ဆန္စီရိုမွာ ၂၀၂၂ ထိ စာခ်ဳပ္ က်န္ရွိေနပါေသးတယ္။ အဓိက ကစားသမားတစ္ေယာက္ကို အင္တာမီလန္က ရာသီ၀က္မွာ လက္လႊတ္ဖို႔ ခက္ခဲ့ပါတယ္။ ဒါေပမယ့္ မာတစ္ကလည္း အင္တာသို႔ ေျပာင္းေရႊ႕ဖို႔ ခ်ိတ္ဆက္ေနတာေၾကာင့္ အသက္ ၂၆ နွစ္ အရြယ္ ခရိုေအးရွားသားနဲ႕ အလဲအထပ္ ျဖစ္မလား စိတ္၀င္စားစရာပါ။

Thomas Partey (အက္သလက္တီကို မက္ဒရစ္)

ယူနိုက္တက္က ေႏြအေျပာင္းအေရႊ႕တည္းက ေသာမတ္ ပါေတးကို ခ်ိတ္ဆက္ေနတဲ့ သတင္း ထြက္ခဲ့ပါတယ္။ ၄င္းက ဒီရာသီ အက္သလက္တီကို မွာ အသင္းက ထြက္သြားတဲ့ ရိုဒရီေနရာ ျဖည့္ ကစားေပးေနျပီး မာတစ္ေနရာ အတြက္ အံ၀င္စြာ အစား၀င္ ကစားေပးနုိင္မယ့္ သူလည္း ျဖစ္ပါတယ္။

Emre Can (ဂ်ဴဗင္တပ္)

ဂ်ဴဗင္တပ္မွာ ေနရာ မရ ျဖစ္ေနတဲ့ ခ်န္ဟာ ဒီရာသီ စီးရီးေအမွာ တစ္ပြဲသာ ကစားထားရျပီး ခ်န္ပီယံလိဂ္ လူစာရင္းကလည္း ခ်န္လွပ္ ခံထားရပါတယ္။ လီဗာပူးကစားသမားေဟာင္း ျဖစ္တဲ့ အမ္မေရခ်န္ကို ယူနိုက္တက္ ပရိသတ္တခ်ိဳ႕က ေခၚယူေစလိုမွာ မဟုတ္ေပမယ့္ ယူနိုက္တက္ အသင္းသား တစ္ေယာက္ အေနနဲ႕ ခ်န္သာ လီဗာပူးကို ျပန္ရင္ဆိုင္ရရင္ ၾကည့္လို႔ေကာင္းမွာပါ။

Declan Rice (၀က္စ္ဟမ္း)

ဒီေနရာ အတြက္ ရိုက္စ္က ယူနိုက္တက္ရဲ႕ အဓိက ပစ္မွတ္ ျဖစ္ပါတယ္။ ဒါေပမယ့္ ၄င္းကို ေခၚဖို႔ ေပါင္ သန္း ၈၀ နဲ႕ ဒိထက္ ပို မကလည္း က်သြားနုိင္ပါတယ္။ ထိပ္သီးအသင္းေတြမွာေတာ့ ဒီကလန္ရိုက္စ္က အရည္အခ်င္းေတြ သက္ေသျပရျခင္း မရွိေသးပါဘူး။

Wilfred Ndidi (လက္စတာစီးတီး)

ယူနိုက္တက္က ေႏြတုန္းက မက္ဂြဲရားကို လက္စတာအသင္းကေန ေခၚခဲ့ျပီး ထိုမွ ဂ်ိမ္းစ္ မက္ဒီဆန္နဲ႕ ဘန္ ေခ်း၀ဲလ္တို႔ကိုလည္း ခ်ိန္ရြယ္ေနပါတယ္။ အမ္ ဒီဒီက ေလာေလာဆယ္ထိ ယူနိုက္တက္ ပစ္မွတ္ထားတဲ့ ကစားသမား မဟုတ္ေပမယ့္ ပရီးမီးယားလိဂ္မွာ ကြင္းလယ္ ခံစစ္ေကာင္း အျဖစ္ သက္ေသျပျပီးသား ကစားသမား ျဖစ္လို႔ ဆိုးရွား အေနနဲ႕ ကြင္းလယ္ ပစ္မွတ္အတြက္ စဥ္းစားသင့္တဲ့ ကစားသမာ ျဖစ္ပါတယ္။