အာဆင်နယ်အသင်းဟာ စပိန်နဲ့ ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်ကို ဆက်သွယ်ခဲ့ကြောင်း သတင်းထွက်လာခဲ့ပြီး လက်ရှိ အာဆင်နယ်နည်းပြ အမ်မရီ အပေါ် ဖိအားတွေက ပိုမို တိုးပွားလာခဲ့ပါတယ်။ ဂန်းနားတွေဟာ စနေနေ့ညမှာ လက်စတာကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၆ နေရာသို့ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။

ကင်းပါဝါကွင်းမှာ အမ်မရီရဲ့ အသင်းဟာ နိုင်ပွဲရဖို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ကာ ကြိုးစပမ်းခဲ့ပေမယ့် အာဆင်နယ်ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ငါးပွဲလုံး နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ အာဆင်နယ် ပရိသတ်တွေရဲ့ စိတ်ရှည်သည်းခံမှုကလည်း ကုန်ဆုံးနေပြီ ဖြစ်ကာ အမ်မရီကို ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ပြင်းထန်နေပါတယ်။

စပိန်ဘက်က သတင်းများအရ အာဆင်နယ်ဟာ အမ်မရီနေရာ အစားထိုးခန့်ဖို့ ရှာဖွေမှုများ လှုပ်ရှားစတင်နေပြီ လို့ သိရပါတယ်။ အာဆင်နယ် အကြီးအကဲ ဆန်လီဟီးက နည်းပြလောင်းစာရင်းများ ပြုုစုပြီးဖြစ်ကာ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်ကို ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပါတယ်။

အင်းနရစ်ဟာ သူ့ရဲ့ ၉ နှစ် အရွယ် သမီးငယ်လေး ဇာနာ အရိုးကင်ဆာနဲ့ မကွယ်လွန်မီလေး ဇွန်လတည်းက ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များကြောင့် စပိန်မှ ထွက်ခွာခဲ့တာပါ။ ဘာစီလိုနာကို သုံးနှစ်တာ နည်းပြစဉ်ကလည်း လာလီဂါဖလား ၃ နှစ် ဆက် ဗိုလ်စွဲအောင် စွမ်းဆောင်ခဲ့ကာ ၂၀၁၄-၁၅ မှာ ချန်ပီယံလိဂ် ဗိုလ်စွဲစေခဲ့သူပါ။

အာဆင်နယ်နည်းပြ နေရာအတွက် မော်ရင်ညို၊ အာတီတာ၊ အယ်လီဂရီ စတဲ့ နည်းပြကောင်းတွေ ရေပန်စားထားပြီး ဒီတခါတော့ နာမည်ကျော် ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်ပါ ပါဝင်လာတာကြောင့် ပိုမို စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါပြီ။

Zawgyi

အာဆင္နယ္အသင္းဟာ စပိန္နဲ႕ ဘာစီလိုနာနည္းျပေဟာင္း အင္းနရစ္ကို ဆက္သြယ္ခဲ့ေၾကာင္း သတင္းထြက္လာခဲ့ျပီး လက္ရွိ အာဆင္နယ္နည္းျပ အမ္မရီ အေပၚ ဖိအားေတြက ပိုမို တိုးပြားလာခဲ့ပါတယ္။ ဂန္းနားေတြဟာ စေနေန႔ညမွာ လက္စတာကို ၂-၀ နဲ႕ ရွံဳးနိမ့္ခဲ့တာေၾကာင့္ အဆင့္ ၆ ေနရာသို႔ ဆင္းေပးခဲ့ရျပီ ျဖစ္ပါတယ္။

ကင္းပါ၀ါကြင္းမွာ အမ္မရီရဲ႕ အသင္းဟာ နုိင္ပြဲရဖို႔ အေတာင့္တင္းဆံုး လူစာရင္းနဲ႕ ပြဲထြက္ကာ ၾကိဳးစပမ္းခဲ့ေပမယ့္ အာဆင္နယ္ကေတာ့ ျပိဳင္ပြဲစံု ေနာက္ဆံုး ငါးပြဲလံုး နုိင္ပြဲ ေပ်ာက္ဆံုးခဲ့ရျပီ ျဖစ္ပါတယ္။ အာဆင္နယ္ ပရိသတ္ေတြရဲ႕ စိတ္ရွည္သည္းခံမႈကလည္း ကုန္ဆံုးေနျပီ ျဖစ္ကာ အမ္မရီကို ထုတ္ပယ္ဖို႔ ေတာင္းဆိုမႈေတြ ျပင္းထန္ေနပါတယ္။

စပိန္ဘက္က သတင္းမ်ားအရ အာဆင္နယ္ဟာ အမ္မရီေနရာ အစားထိုးခန္႔ဖို႔ ရွာေဖြမႈမ်ား လႈပ္ရွားစတင္ေနျပီ လို႔ သိရပါတယ္။ အာဆင္နယ္ အၾကီးအကဲ ဆန္လီဟီးက နည္းျပေလာင္းစာရင္းမ်ား ျပဳဳစုျပီးျဖစ္ကာ ဘာစီလိုနာ နည္းျပေဟာင္း အင္းနရစ္ကို ဆက္သြယ္မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။

အင္းနရစ္ဟာ သူ႔ရဲ႕ ၉ နွစ္ အရြယ္ သမီးငယ္ေလး ဇာနာ အရိုးကင္ဆာနဲ႕ မကြယ္လြန္မီေလး ဇြန္လတည္းက ကိုယ္ေရးကိုယ္တာ အေၾကာင္းျပခ်က္မ်ားေၾကာင့္ စပိန္မွ ထြက္ခြာခဲ့တာပါ။ ဘာစီလိုနာကို သံုးနွစ္တာ နည္းျပစဥ္ကလည္း လာလီဂါဖလား ၃ နွစ္ ဆက္ ဗိုလ္စြဲေအာင္ စြမ္းေဆာင္ခဲ့ကာ ၂၀၁၄-၁၅ မွာ ခ်န္ပီယံလိဂ္ ဗိုလ္စြဲေစခဲ့သူပါ။

အာဆင္နယ္နည္းျပ ေနရာအတြက္ ေမာ္ရင္ညိဳ၊ အာတီတာ၊ အယ္လီဂရီ စတဲ့ နည္းျပေကာငး္ေတြ ေရပန္စားထားျပီး ဒီတခါေတာ့ နာမည္ေက်ာ္ ဘာစီလိုနာ နည္းျပေဟာင္း အင္းနရစ္ပါ ပါ၀င္လာတာေၾကာင့္ ပိုမို စိတ္၀င္စားစရာ ျဖစ္လာခဲ့ပါျပီ။