လီဗာပူး ဂိုးသမား အက်ဒရီယန်က တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ပွဲမတိုင်ခင် ဖိစီးမှုများကို မေးခွန်းထုတ်လိုက်ပြီး ဒီပွဲစဉ် တစ်ပွဲတည်းက ပရီးမီးယားလိဂ် အမှတ်ပေးဖလား ချန်ပီယံအတွက် အဆုံးအဖြတ်ပေးနိုင်ဦးမှာ မဟုတ်ကြောင်း ပြောဆိုသွားပါတယ်။ ဒီညပွဲစဉ် မတိုင်ခင်မှာ လီဗာပူးက စီးတီးထက် ၆ မှတ် အသာရထားပြီး နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ အလားအလာကောင်းများ ပိုင်ဆိုင်ထားပါတယ်။

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးက ပြီးခဲ့တဲ့ရာသီက ချန်ပီယံ မန်စီးတီးထက် တစ်မှတ်သာ လျော့နည်းခဲ့တာ ဖြစ်ပြီး ပြည်တွင်းမှာ ဗိုလ် မစွဲနိုင်ခဲ့ပေမယ့် ဥရောပ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ လီဗာပူး ဂိုးသမား အက်ဒရီယန်ကတော့ ဒီတပတ် ပွဲစဉ်ကို အေးအေးဆေးဆေး ဖိအားမဝင်ဘဲ ယှဉ်ပြိုင်သွားစေလိုနေပါတယ်။

” ပရိသတ်တွေကလည်း ကစားသမားတွေလို ရင်ခုန် စိတ်လှုပ်ရှားနေကြမှာပါ။ ဒါပေမယ့် မကြာချက်ချင်းပဲ ပရီးမီးယားလိဂ် ဗိုလ်စွဲမှာတော့လို စိတ်ကူးနေဖို့တော့ မလိုသေးပါဘူး။ ကျနော်တို့ ဆုဖလား ကိုင်မြှောက်ချင်တယ်။ ချန်ပီယံလိဂ်မှာရောပါ။ ဘယ်သူမဆို ဆုဖလားတွေ အန်းဖီးကို ပြန်ယူလာစေချင်ကြမှာပါ။ ဒါပေမယ့် ပြိုင်ပွဲ ပြီးဆုံးဖို့က လပေါင်းများစွာ ကျန်သေးတယ်။ ”

” ပွဲစဉ် တစ်ပွဲက သူ့အတိုင်းအတာနဲ့ သူတော့ သက်ရောက်မှု ရှိပါတယ်။ သူတို့ကလည်း အမှတ်ကွာခြားချက် လျှော့ချချင်သလို ကျနေ်ာတို့ကလည်း ပို အသာရချင်တယ်။ အမှတ်ကွာဟာချက် ပိုများရင် ပိုကောင်းတယ် မဟုတ်လား။ ဒါပေမယ့် ဒီနှစ် ခရစ္စမတ်ကာလက ခက်ခဲပါမယ်။ ကျနေ်ာတို့ အတွက် ကလပ် ကမ္ဘာ့ဖလားကလည်း ကစားရဖို့ ရှိဦးမယ်။ ”

” သေချာတာ တစ်ခုကတော့ ပရီးမီးယားလိဂ် ချန်ပီယံက နိုဝင်ဘာမှာ ဆုံးဖြတ်တာ မဟုတ်ဘူး။” လို့ အက်ဒရီယန်က ဆိုခဲ့ပါတယ်။

လီဗာပူး အရန် ဂိုးသမား အက်ဒရီယန်ဟာ ဒီရာသီ အစောပိုင်း အယ်လီဆန် ဒဏ်ရာ ရနေချိန်မှာ လီဗာပူးအသင်းအတွက် ကောင်းစွာ ပါဝင် စွမ်းေ်ဆာင်ပေးခဲ့သူပါ။

Zawgyi

လီဗာပူး ဂိုးသမား အက္ဒရီယန္က တနဂၤေႏြေန႔ မန္စီးတီးနဲ႕ ပြဲမတိုင္ခင္ ဖိစီးမႈမ်ားကို ေမးခြန္းထုတ္လိုက္ျပီး ဒီပြဲစဥ္ တစ္ပြဲတည္းက ပရီးမီးယားလိဂ္ အမွတ္ေပးဖလား ခ်န္ပီယံအတြက္ အဆံုးအျဖတ္ေပးနိုင္ဦးမွာ မဟုတ္ေၾကာင္း ေျပာဆိုသြားပါတယ္။ ဒီညပြဲစဥ္ မတိုင္ခင္မွာ လီဗာပူးက စီးတီးထက္ ၆ မွတ္ အသာရထားျပီး နွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္ ပရီးမီးယားလိဂ္ ဗိုလ္စြဲဖို႔ အလားအလာေကာင္းမ်ား ပိုင္ဆိုင္ထားပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးက ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံ မန္စီးတီးထက္ တစ္မွတ္သာ ေလ်ာ့နည္းခဲ့တာ ျဖစ္ျပီး ျပည္တြင္းမွာ ဗိုလ္ မစြဲနုိင္ခဲ့ေပမယ့္ ဥေရာပ ခ်န္ပီယံ ျဖစ္လာခဲ့ပါတယ္။ လီဗာပူး ဂိုးသမား အက္ဒရီယန္ကေတာ့ ဒီတပတ္ ပြဲစဥ္ကို ေအးေအးေဆးေဆး ဖိအားမ၀င္ဘဲ ယွဥ္ျပိဳင္သြားေစလိုေနပါတယ္။

” ပရိသတ္ေတြကလည္း ကစားသမားေတြလို ရင္္ခုန္ စိတ္လႈပ္ရွားေနၾကမွာပါ။ ဒါေပမယ့္ မၾကာခ်က္ခ်င္းပဲ ပရီးမီးယားလိဂ္ ဗိုလ္စြဲမွာေတာ့လို စိတ္ကူးေနဖို႔ေတာ့ မလိုေသးပါဘူး။ က်ေနာ္တို႔ ဆုဖလား ကိုင္ေျမွာက္ခ်င္တယ္။ ခ်န္ပီယံလိဂ္မွာေရာပါ။ ဘယ္သူမဆို ဆုဖလားေတြ အန္းဖီးကို ျပန္ယူလာေစခ်င္ၾကမွာပါ။ ဒါေပမယ့္ ျပိဳင္ပြဲ ျပီးဆံုးဖို႔က လေပါင္းမ်ားစြာ က်န္ေသးတယ္။ ”

” ပြဲစဥ္ တစ္ပြဲက သူ႔အတိုင္းအတာနဲ႕ သူေတာ့ သက္ေရာက္မႈ ရွိပါတယ္။ သူတို႔ကလည္း အမွတ္ကြာျခားခ်က္ ေလွ်ာ့ခ်ခ်င္သလို က်ေန္ာတို႔ကလည္း ပို အသာရခ်င္တယ္။ အမွတ္ကြာဟာခ်က္ ပိုမ်ားရင္ ပိုေကာင္းတယ္ မဟုတ္လား။ ဒါေပမယ့္ ဒီနွစ္ ခရစၥမတ္ကာလက ခက္ခဲပါမယ္။ က်ေန္ာတိုု႔ အတြက္ ကလပ္ ကမၻာ့ဖလားကလည္း ကစားရဖို႔ ရွိဦးမယ္။ ”

” ေသခ်ာတာ တစ္ခုကေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံက နုိ၀င္ဘာမွာ ဆံုးျဖတ္တာ မဟုတ္ဘူး။” လို႔ အက္ဒရီယန္က ဆိုခဲ့ပါတယ္။

လီဗာပူး အရန္ ဂိုးသမား အက္ဒရီယန္ဟာ ဒီရာသီ အေစာပိုင္း အယ္လီဆန္ ဒဏ္ရာ ရေနခ်ိန္မွာ လီဗာပူးအသငး္အတြက္ ေကာင္းစြာ ပါ၀င္ စြမ္းေ္ဆာင္ေပးခဲ့သူပါ။