ချယ်ဆီးအသင်းဟာ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲ အဖြစ် စနေနေ့ညမှာ ခရစ္စတယ်ပဲလေ့စ်ကို ရင်ဆိုင် ကစားခဲ့ရာ ၂ ဂိုး ဂိုးမရှိဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ချယ်ဆီးအသင်း ဂိုး မသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှသာ အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ အဖွင့်ဂိုး ရှင် တမ်မီ အေဗရာဟမ်က ပွဲအပြီးမှာ အသင်းမန်နေဂျာရဲ့ တိုက်တွန်းမှုများ အကြောင်း အခုလို ဖွင့်ဟခဲ့ပါတယ်။

” အရေးကြီးဆုံး ကျနော်တို့ ရခဲ့တာက အနိုင် သုံးမှတ် ဖြစ်တယ်။ ပထမပိုင်းပြီးတော့ မန်နေဂျာက ကျနော်တို့ ဆက်လက် အာရုံစိုက် ကစားဖို့သာ လိုကြောင်းနဲ့ အခွင့်အရေးတွေ ရလာလိမ့်မယ်လို့ ဆိုခဲ့တယ်။ ခရစ္စတယ်ပဲလေ့စ်က အသင်းကောင်းပါ။ သူတို့က အသင်းလိုက် ကောင်းစွာ ခံစစ် ကစားသွားခဲ့ပြီး ကျနော်တို့ ကစားပုံကို ခက်ခက်ခဲခဲ ရင်ဆိုင်သွားတယ်။ ” လို့ အေဗရာဟမ်က ဆိုပါတယ်။

ပွဲချိန် ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပြီးနောက် ဂိုးသွင်းနိုင်ခဲ့တဲ့ အေဗရာဟမ် နဲ့ ပတ်သက်ပြီး လမ်းပတ်က ပွဲအပြီးမှာ အခုလို မှတ်ချက်ပြုခဲ့ပါတယ်။

“ပထမပိုင်း မှာ သူ ပိုကောင်းဖို့လိုခဲ့တယ်။ သူက တိုက်စစ်မှူးတစ်ယောက် ပါ။ မင်းကို စိတ်ပျက်စေမယ့် ပွဲတွေ ပရီးမီးယားလိဂ် မှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ တော်တဲ့ခံစစ်သမားတွေက မင်းကို အနောက်မှာ နေရာလွတ်တွေ အများကြီး ပေးမှာ မဟုတ်ဘူး။ အရှေ့မှာလဲ ကွင်းလယ်လူတွေ ရှိတယ်။ ဒါက ဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။ ”

” ပထမပိုင်း မှာ သူလုံးဝ ငြိမ်နေခဲ့ပေမယ့် ထိပ်တန်း တိုက်စစ်မှူး တစ်ယောက် ကို ကြည့်လိုရင် မင်း အများကြီး မျှော်လင့်ထားမှာပါ။ သွင်းဂိုးတွေ၊ အဟန့်အတားတွေ၊ နောက်မှာ ပြေးနေတာတွေပေါ့။ ဒါက အမြဲ မဖြစ်နိူင်ဘူး။ ဒါပေမယ့် ပွဲအတွင်းမှာ တက်တက်ကြွကြွနဲ့ ဆက်ကြိုးစားရုန်းကန်နေဖို့ လိုတယ်။ ပြီးတော့ သူဟာ တည်တည်ငြိမ်ငြိမ် နဲ့ ဂိုးသွင်းခဲ့တယ်။ ”

” ဒါကြောင့် ဒီပွဲက တန်မီရဲ့ အကောင်းဆုံး ပုံစံ မဟူတ်ရင်တောင်မှ ကောင်းမွန်တဲ့ ပွဲတစ်ပွဲ လို့ ဆိုနိုင်ပါတယ်။ ခက်ခဲတဲ့ ပွဲတွေအကြောင်း စဉ်းစားတဲ့အခါ အနိုင်ရဖို့ အထောက်အပံ့ပေးတဲ့ ဂိုးရဖို့ကပဲ အရေးကြီးပါတယ်။ ” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ နိုဝင်ဘာလ နိုင်ငံပွဲများ ပြီးဆုံးရင် နိုဝင်ဘာ ၂၃ ရက်နေ့မှာ မန်စီးတီးအသင်းနဲ့ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ နုိင္ငံတကာသီတင္းပတ္ မတိုင္ခင္ ေနာက္ဆံုး ပရီးမီးယားလိဂ္ ပြဲ အျဖစ္ စေနေန႔ညမွာ ခရစၥတယ္ပဲေလ့စ္ကို ရင္ဆိုင္ ကစားခဲ့ရာ ၂ ဂိုး ဂိုးမရွိျဖင့္ သက္ေတာင့္သက္သာ အနုိင္ရရွိခဲ့ပါတယ္။ ပထမပိုင္းမွာေတာ့ ခ်ယ္ဆီးအသင္း ဂိုး မသြင္းနုိင္ခဲ့ဘဲ ဒုတိယပိုင္းမွသာ အနုိင္ဂိုးမ်ား သြင္းယူနုိင္ခဲ့ျခင္း ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ အဖြင့္ဂိုး ရွင္ တမ္မီ ေအဗရာဟမ္က ပြဲအျပီးမွာ အသင္းမန္ေနဂ်ာရဲ႕ တိုက္တြန္းမႈမ်ား အေၾကာင္း အခုလို ဖြင့္ဟခဲ့ပါတယ္။

” အေရးၾကီးဆံုး က်ေနာ္တို႔ ရခဲ့တာက အနိုင္ သံုးမွတ္ ျဖစ္တယ္။ ပထမပိုင္းျပီးေတာ့ မန္ေနဂ်ာက က်ေနာ္တို႔ ဆက္လက္ အာရံုစိုက္ ကစားဖို႔သာ လိုေၾကာင္းနဲ႕ အခြင့္အေရးေတြ ရလာလိမ့္မယ္လို႔ ဆိုခဲ့တယ္။ ခရစၥတယ္ပဲေလ့စ္က အသင္းေကာင္းပါ။ သူတို႔က အသင္းလိုက္ ေကာင္းစြာ ခံစစ္ ကစားသြားခဲ့ျပီး က်ေနာ္တို႔ ကစားပံုကို ခက္ခက္ခဲခဲ ရင္ဆိုင္သြားတယ္။ ” လို႔ ေအဗရာဟမ္က ဆိုပါတယ္။

ပြဲခ်ိန္ ပထမပိုင္းမွာ ႐ုန္းကန္ခဲ့ရၿပီးေနာက္ ဂိုးသြင္းႏိုင္ခဲ့တဲ့ ေအဗရာဟမ္ နဲ႔ ပတ္သက္ၿပီး လမ္းပတ္က ပြဲအျပီးမွာ အခုလို မွတ္ခ်က္ျပဳခဲ့ပါတယ္။

“ပထမပိုင္း မွာ သူ ပိုေကာင္းဖို႔လိုခဲ့တယ္။ သူက တိုက္စစ္မႉးတစ္ေယာက္ ပါ။ မင္းကို စိတ္ပ်က္ေစမယ့္ ပြဲေတြ ပရီးမီးယားလိဂ္ မွာ ရွိတယ္။ ဘာ​ေၾကာင့္လဲဆိုေတာ့ ေတာ္တဲ့ခံစစ္သမားေတြက မင္းကို အေနာက္မွာ ​ေနရာလြတ္ေတြ အမ်ားႀကီး ေပးမွာ မဟုတ္ဘူး။ အေရွ႕မွာလဲ ကြင္းလယ္လူေတြ ရွိတယ္။ ဒါက ေျဖရွင္းရမယ့္ ျပႆနာျဖစ္ပါတယ္။ ”

” ပထမပိုင္း မွာ သူလုံးဝ ၿငိမ္ေနခဲ့ေပမယ့္ ထိပ္တန္း တိုက္စစ္မႉး တစ္ေယာက္ ကို ၾကည့္လိုရင္ မင္း အမ်ားႀကီး ေမွ်ာ္လင့္ထားမွာပါ။ သြင္းဂိုးေတြ၊ အဟန္႔အတားေတြ၊ ေနာက္မွာ ေျပးေနတာေတြေပါ့။ ဒါက အၿမဲ မျဖစ္ႏိူင္ဘူး။ ဒါေပမယ့္ ပြဲအတြင္းမွာ တက္တက္ႂကြႂကြနဲ႔ ဆက္ႀကိဳးစား႐ုန္းကန္ေနဖို႔ လိုတယ္။ ၿပီးေတာ့ သူဟာ တည္တည္ၿငိမ္ၿငိမ္ နဲ႔ ဂိုးသြင္းခဲ့တယ္။ ”

” ဒါေၾကာင့္ ဒီပြဲက တန္မီရဲ႕ အေကာင္းဆုံး ပုံစံ မဟူတ္ရင္ေတာင္မွ ေကာင္းမြန္တဲ့ ပြဲတစ္ပြဲ လို႔ ဆိုႏိုင္ပါတယ္။ ခက္ခဲတဲ့ ပြဲေတြအေၾကာင္း စဥ္းစားတဲ့အခါ အႏိုင္ရဖို႔ အေထာက္အပံ့ေပးတဲ့ ဂိုးရဖို႔ကပဲ အေရးႀကီးပါတယ္။ ” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ နုိ၀င္ဘာလ နုိင္ငံပြဲမ်ား ျပီးဆံုးရင္ နုိ၀င္ဘာ ၂၃ ရက္ေန႔မွာ မန္စီးတီးအသင္းနဲ႕ယွဥ္ျပိဳင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။