လီဗာပူး ဗဟိုခံစစ်မှူး ဗာဂျေူး ဗန်ဒိုက်ကတော့ သူနဲ့ အသင်းဖော် လီဗာပူးသားတွေက ဘယ်ပွဲစဉ်ကို မဆို အနိုင် ကစားနိုင်တယ်လို့ ယုံကြည်မှု အပြည့် ရှိနေပြီး ကြောက်ရွံ့မှုဆိုတာ လုံး၀ မခံစားမိကြကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဟော်လန်သား ခံစစ်မှူးက မန်စီးတီးနဲ့ ပွဲစဉ် မတိုင်ခင်ပဲ ထိုသို့ ပြောဆိုလိုက်ခြင်းပါ။ လီဗာပူးက ပြီးခဲ့တဲ့ရာသီ မန်စီးတီးထက် တစ်မှတ်လျော့နဲ့ အမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရသော်လည်း လက်ရှိ အချိန်မှာ ၆ မှတ်အသာနဲ့ ဦးဆောင်ထားပါတယ်။ ဒီရာသီမှာတော့ ယခင်ကလို ချွတ်ချော်မှုများ ရှိလို့ မဖြစ်ကြောင်း ဗန်ဒိုက်က နားလည်ထားပုံပါ။

” ကျနော်တို့ အဝေးကြီးကို မကြည့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုမှ ၁၁ ပွဲပဲ ကစားရသေးတယ်။ မန်စီးတီးက အသင်းကောင်း တစ်သင်း ဆိုတာ ကျနော်တို့ ကောင်းကောင်း သိတယ်။ ပြီးခဲ့တဲ့ရာသီ အမှတ်ပေးဖလား စိန်ခေါ်ခဲ့တဲ့ ကျနေ်ာတို့ အသင်းမှာလည်း သိပ်ပြီး တွေး ဝမ်းနည်းနေစရာ မရှိဘူး။ ”

” ကျနော်ကတော့ ကြောက်မနေဘူး။ ကြောက်စိတ် ရှိနေရင်လည်း ကွင်းထဲ ဝင်ကို မကစားသင့်ဘူး။ လီဗာပူးမှာ အကြောက်တရား ဆိုတာ ရှိကို မရှိနေတဲ့ အရာပါ။ ကျနေ်ာတို့ လုပ်ပြခဲ့တာတွေ ရှိတဲ့နောက် ဘယ်အသင်းကို မဆို အနိုင် ကစားနိုင်စွမ်း ရှိကြောင်း ကောင်းကောင်း သိခဲ့ပြီ။ ”

” ဒီပွဲက ပွဲကောင်းဖြစ်မှာပါ။ စီးတီးက ချန်ပီယံ အသင်း ဖြစ်တယ်။ ကွင်းထဲမှာ လွှမ်းမိုး ကစားနိုင်တဲ့ အရည်အချင်းကောင်း အစီအစဉ် ကောင်းတွေ ရှိပြီး မန်နေဂျာကောင်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတယ်။ သူတို့ကို အနိုင်ကစားဖို့က တော်တော် ခက်ခဲမှာပါ။ ”

” ကျနော်တို့ကတော့ ကစားရတဲ့ ပွဲတိုင်း အနိုင်ရချင်တယ်။ သူတို့ကလည်း နိုင်ချင်မှာပဲ။ ဒီတော့ ဘယ်လိုတွေ ဖြစ်လာမလဲ ကြည့်ရမှာပါ။ အခြေအနေကတော့ လောလောဆယ် ကျနော်တို့ ၆ မှတ် အသာရထားပြီး ခပ်မြန်မြန်ပဲ အနေအထားတွေ ပြောင်းသွားနိုင်တယ်။ ” လို့ ဗန်ဒိုက်က ပြောဆိုခဲ့ပါတယ်။

Zawgyi

လီဗာပူး ဗဟိုခံစစ္မွဴး ဗာေဂ်ူး ဗန္ဒိုက္ကေတာ့ သူနဲ႕ အသင္းေဖာ္ လီဗာပူးသားေတြက ဘယ္ပြဲစဥ္ကို မဆို အနုိင္ ကစားနုိင္တယ္လို႕ ယံုၾကည္မႈ အျပည့္ ရွိေနျပီး ေၾကာက္ရြံ႕မႈဆိုတာ လံုး၀ မခံစားမိၾကေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

ေဟာ္လန္သား ခံစစ္မွဴးက မန္စီးတီးနဲ႕ ပြဲစဥ္ မတိုင္ခင္ပဲ ထိုသို႔ ေျပာဆိုလိုက္ျခင္းပါ။ လီဗာပူးက ျပီးခဲ့တဲ့ရာသီ မန္စီးတီးထက္ တစ္မွတ္ေလ်ာ့နဲ႕ အမွတ္ေပးဖလားကို လက္လႊတ္ခဲ့ရေသာ္လည္း လက္ရွိ အခ်ိန္မွာ ၆ မွတ္အသာနဲ႕ ဦးေဆာင္္ထားပါတယ္။ ဒီရာသီမွာေတာ့ ယခင္ကလို ခၽြတ္ေခ်ာ္မႈမ်ား ရွိလို႔ မျဖစ္ေၾကာင္း ဗန္ဒိုက္က နားလည္ထားပံုပါ။

” က်ေနာ္တို႔ အေ၀းၾကီးကို မၾကည့္ပါဘူး။ ဘာျဖစ္လုိ႔လဲ ဆိုေတာ့ အခုမွ ၁၁ ပြဲပဲ ကစားရေသးတယ္။ မန္စီးတီးက အသင္းေကာင္း တစ္သင္း ဆိုတာ က်ေနာ္တို႔ ေကာင္းေကာင္း သိတယ္။ ျပီးခဲ့တဲ့ရာသီ အမွတ္ေပးဖလား စိန္ေခၚခဲ့တဲ့ က်ေန္ာတို႔ အသင္းမွာလည္း သိပ္ျပီး ေတြး ၀မ္းနည္းေနစရာ မရွိဘူး။ ”

” က်ေနာ္ကေတာ့ ေၾကာက္မေနဘူး။ ေၾကာက္စိတ္ ရွိေနရင္လည္း ကြင္းထဲ ၀င္ကို မကစားသင့္ဘူး။ လီဗာပူးမွာ အေၾကာက္တရား ဆိုတာ ရွိကို မရွိေနတဲ့ အရာပါ။ က်ေန္ာတို႔ လုပ္ျပခဲ့တာေတြ ရွိတဲ့ေနာက္ ဘယ္အသင္းကို မဆို အနုိင္ ကစားနုိင္စြမ္း ရွိေၾကာင္း ေကာင္းေကာင္း သိခဲ့ျပီ။ ”

” ဒီပြဲက ပြဲေကာငး္ျဖစ္မွာပါ။ စီးတီးက ခ်န္ပီယံ အသင္း ျဖစ္တယ္။ ကြင္းထဲမွာ လႊမ္းမိုး ကစားနုိင္တဲ့ အရည္အခ်င္းေကာင္း အစီအစဥ္ ေကာင္းေတြ ရွိျပီး မန္ေနဂ်ာေကာင္း ကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားတယ္။ သူတိုု႔ကို အနုိင္ကစားဖို႔က ေတာ္ေတာ္ ခက္ခဲမွာပါ။ ”

” က်ေနာ္တို႔ကေတာ့ ကစားရတဲ့ ပြဲတိုင္း အနုိင္ရခ်င္တယ္။ သူတို႔ကလည္း နုိင္ခ်င္မွာပဲ။ ဒီေတာ့ ဘယ္လိုေတြ ျဖစ္လာမလဲ ၾကည့္ရမွာပါ။ အေျခအေနကေတာ့ ေလာေလာဆယ္ က်ေနာ္တို႔ ၆ မွတ္ အသာရထားျပီး ခပ္ျမန္ျမန္ပဲ အေနအထားေတြ ေျပာင္းသြားနုိင္တယ္။ ” လို႔ ဗန္ဒိုက္က ေျပာဆိုခဲ့ပါတယ္။