လီဗာပူးနဲ့ မန်စီးတီးပွဲအပြီး နောက်တစ်ရက်မှာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့စဉ် ဂိုးမက်စ်နဲ့ စတာလင်တို့ ပြဿနာဖြစ်တဲ့ အနေအထားကို အင်္ဂလန်အသင်း ကိုင်တွယ်ပုံအား လီဗာပူးအသင်းဘက်က ဒေါသထွက်နေတယ်လို့ သိရပါတယ်။

ကစားသမားနှစ်ဦးဟာ အန်ဖီးကွင်းမှာ တွန်းထိုးမှုတွေ ဖြစ်ခဲ့ပြီး အဆိုပါကိစ္စက လက်ရွေးစင်မှာပါ ဆက်ဖြစ်ခဲ့တာပါ။ တနင်္ဂလာနေ့က အင်္ဂလန်အသင်းကန်တင်းမှာ စတာလင်က ဂိုးမက်စ်ကို မင်းအကောင်းဖြစ်နေပြီပေါ့လို့ အဓိပ္ပာယ်ရတဲ့ စကားနဲ့အတူ စတင်ရန်စခဲ့ပြီး ဂိုးမက်စ်ရဲ့ မျက်လုံးအောက်မှာ ထိခိုက်ရာလည်း ဖြစ်ခဲ့ပါတယ်။

လီဗာပူးဘက်က လက်ရွေးစင်အသင်းကို ကစားသမား လေးဦပေးလွှတ်ပေးရပြီး မန်စီးတီးက ကစားသမား နှစ်ဦး စေလွှတ်ပေးထားရကာ ဂိုးမက်စ်ကိစ္စ ဖြစ်ပွားစဉ် အခြားသော လီဗာပူးအသင်းဖော်တွေက လက်ရွေးစင်နဲ့ ပူးပေါင်းနိုင်ခြင်း မရှိသေးပါဘူး။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က နှစ်ဦးလုံးကို အခန်းတစ်ခန်းထဲမှာ အတူရှိစေကာ ဖုန်းပြောခဲ့ပြီး ကျေအေးအောင် တိုက်တွန်းစကား ၂၅ မိနစ်ကြာ ပြောဆိုခဲ့တယ်လို့ သိရတယ်။

စတာလင်က ဂိုးမက်စ်ကို တောင်းပန်ခဲ့ကာ ဂိုးမက်စ်ဘက်ကလည်း လက်ခံခဲ့တာကြောင့် အင်္ဂလန်အသင်းဘက်က စတာလင်ကို တစ်ပွဲပယ်ပဲ အပြစ်ပေးခဲ့ကာ အင်္ဂလန်အသင်းမှာ ဆက်ထားခဲ့ပါတယ်။ ဂိုးမက်စ်က ဘာအမှားမှ မလုပ်ပါပဲ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့ရသလို ထိခိုက်မှုလည်း ဖြစ်ခဲ့ပြီး ဝေဖန်မှုတွေကိုခံခဲ့ရတာအတွက် လီဗာပူးအသင်းဘက်ကတော့ အင်္ဂလန်အသင်းရဲ့ ကိုင်တွယ်မှုကို မကျေနပ်တာဖြစ်တယ်။

ကစားသမား နှစ်ဦးလုံး လေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်ခဲ့တဲ့နောက် လက်ရွေးစင်အသင်းဖော် ချီးဝဲလ်ကတော့ စတာလင်ရဲ့ တောင်းပန်မှုကို ဂိုးမက်စ်ကိုယ်တိုင်က လက်ခံခဲ့တာဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။ လီဗာပူးဘက်ကတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ပွဲပယ်ကြောင့် အင်္ဂလန်နဲ့ နောက်ရက်လောက်မှ ပူးပေါင်းရမှာဖြစ်ပေမယ့် ခပ်စောစော ပူးပေါင်းနိုင်ဖို့ မန်နေဂျာဆောက်ဂိတ်ကို တောင်းဆိုထားပြီး အင်္ဂလန်အသင်းထံ လိုက်သွားမယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးနဲ႔ မန္စီးတီးပြဲအျပီး ေနာက္တစ္ရက္မွာ လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းခဲ့စဥ္ ဂိုးမက္စ္နဲ႔ စတာလင္တို႔ ျပႆနာျဖစ္တဲ့ အေနအထားကို အဂၤလန္အသင္း ကိုင္တြယ္ပံုအား လီဗာပူးအသင္းဘက္က ေဒါသထြက္ေနတယ္လို႔ သိရပါတယ္။

ကစားသမားႏွစ္ဦးဟာ အန္ဖီးကြင္းမွာ တြန္းထိုးမႈေတြ ျဖစ္ခဲ့ျပီး အဆိုပါကိစၥက လက္ေရြးစင္မွာပါ ဆက္ျဖစ္ခဲ့တာပါ။ တနဂၤလာေန႔က အဂၤလန္အသင္းကန္တင္းမွာ စတာလင္က ဂိုးမက္စ္ကို မင္းအေကာင္းျဖစ္ေနျပီေပါ့လို႔ အဓိပၸာယ္ရတဲ့ စကားနဲ႔အတူ စတင္ရန္စခဲ့ျပီး ဂိုးမက္စ္ရဲ႕ မ်က္လံုးေအာက္မွာ ထိခိုက္ရာလည္း ျဖစ္ခဲ့ပါတယ္။

လီဗာပူးဘက္က လက္ေရြးစင္အသင္းကို ကစားသမား ေလးဦေပးလႊတ္ေပးရျပီး မန္စီးတီးက ကစားသမား ႏွစ္ဦး ေစလႊတ္ေပးထားရကာ ဂိုးမက္စ္ကိစၥ ျဖစ္ပြားစဥ္ အျခားေသာ လီဗာပူးအသင္းေဖာ္ေတြက လက္ေရြးစင္နဲ႔ ပူးေပါင္းႏိုင္ျခင္း မရွိေသးပါဘူး။ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ႏွစ္ဦးလံုးကို အခန္းတစ္ခန္းထဲမွာ အတူရွိေစကာ ဖုန္းေျပာခဲ့ျပီး ေက်ေအးေအာင္ တိုက္တြန္းစကား ၂၅ မိနစ္ၾကာ ေျပာဆိုခဲ့တယ္လို႔ သိရတယ္။

စတာလင္က ဂိုးမက္စ္ကို ေတာင္းပန္ခဲ့ကာ ဂိုးမက္စ္ဘက္ကလည္း လက္ခံခဲ့တာေၾကာင့္ အဂၤလန္အသင္းဘက္က စတာလင္ကို တစ္ပြဲပယ္ပဲ အျပစ္ေပးခဲ့ကာ အဂၤလန္အသင္းမွာ ဆက္ထားခဲ့ပါတယ္။ ဂိုးမက္စ္က ဘာအမွားမွ မလုပ္ပါပဲ ဒီျဖစ္ရပ္မွာ ပါဝင္ခဲ့ရသလို ထိခိုက္မႈလည္း ျဖစ္ခဲ့ျပီး ေဝဖန္မႈေတြကိုခံခဲ့ရတာအတြက္ လီဗာပူးအသင္းဘက္ကေတာ့ အဂၤလန္အသင္းရဲ႕ ကိုင္တြယ္မႈကို မေက်နပ္တာျဖစ္တယ္။

ကစားသမား ႏွစ္ဦးလံုး ေလ့က်င့္ေရးမွာ ျပန္လည္ပါဝင္ခဲ့တဲ့ေနာက္ လက္ေရြးစင္အသင္းေဖာ္ ခ်ီးဝဲလ္ကေတာ့ စတာလင္ရဲ႕ ေတာင္းပန္မႈကို ဂိုးမက္စ္ကိုယ္တိုင္က လက္ခံခဲ့တာျဖစ္တယ္လို႔ ထုတ္ေျပာထားပါတယ္။ လီဗာပူးဘက္ကေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ ပြဲပယ္ေၾကာင့္ အဂၤလန္နဲ႔ ေနာက္ရက္ေလာက္မွ ပူးေပါင္းရမွာျဖစ္ေပမယ့္ ခပ္ေစာေစာ ပူးေပါင္းႏုိင္ဖို႔ မန္ေနဂ်ာေဆာက္ဂိတ္ကို ေတာင္းဆိုထားျပီး အဂၤလန္အသင္းထံ လိုက္သြားမယ္လို႔ သိရပါတယ္။