လီဗာပူးပရိသတ်တွေက ‘God’ လို့ ချစ်စနိုးခေါ်ရတဲ့ ဂန္တင်တိုက်စစ်သမားကြီး ဖောင်လာကတော့ သူ့ရဲ့အသင်းဖော်ဟောင်း စတီဗင်ဂျရတ် အန်ဖီးအသင်းကို ကိုင်တွယ်တာကို နှစ်သက်မိမှာဖြစ်ပေမယ့် လီဗာပူးမန်နေဂျာအဖြစ် မမြင်လိုသေးပါဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

ချယ်ဆီးအသင်းမှာ လူငယ်ကစားသမားတွေနဲ့အတူ အံ့သြလောက်စရာ ကိစ္စတွေကို လမ်းပတ် လုပ်ဆောင်ပြနေသလိုပဲ တစ်ရက်မှာ စတီဗင်ဂျရတ်ကလည်း လီဗာပူးအတွက် လုပ်ဆောင်ပြနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေတာပါ။ ဂျရတ်ဟာ လက်ရှိမှာ စကော့တလန်ကလပ် ရိန်းဂျားအသင်းကို ကိုင်တွယ်ပြီး စွမ်းဆောင်ရည်ကောင်းတွေ ရရှိအောင် ဦးဆောင်မှုတွေ ပေးနေတာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ သတင်းထွက်မှုတွေ ရှိနေတာဖြစ်တယ်။

ကစားသမားဘဝကို လီဗာပူးအတွက် မြုပ်နှံခဲ့တဲ့ စတီဗင်ဂျရတ်က အနာဂတ်မှာ လီဗာပူကို ကိုင်တွယ်ခွင့်အား အိပ်မက်မက်နေသူဖြစ်ပြီး ဒီအတွက်လည်း အတွေ့အကြုံကောင်းတွေကို ပရီးမီးယားလိဂ်ပြင်ပမှာ သွားရောက် ရှာဖွေနေတာဖြစ်ပါတယ်။ ဖောင်လာကတော့ လီဗာပူးကို ဂျရတ်ကိုင်တွယ်တာက ကလပ်ကနေ ယာဂင်ကလော့ပ် ထွက်ခွာသွားခြင်းဖြစ်မှာမို့ အဆိုပါအနေအထားမျိုးကို မဖြစ်စေလိုတာဖြစ်ပါတယ်။

“ ဘောလုံးမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်တော့မှ မသိနိုင်ပါဘူး။ ရိန်းဂျားမှာ စတီဗင်က အရမ်းကောင်းနေတယ်။ သူစပြီး တာဝန်ယူခဲ့တဲ့နောက် ရိန်းဂျားက ပိုကောင်းတဲ့အသင်း ဖြစ်လာပြီလားဆိုရင် သိပ်မှန်တာပေါ့။ သူတို့ အရမ်းကောင်းလာတယ်။ သူက ပရီးမီးယားလိဂ်ကို ပြန်လာမလားဆိုရင်လည်း အနာဂတ်မှာ သူသေချာပေါက် ပြန်လာမှာပါ။

လီဗာပူးပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ နောက်တက်လာမယ့် မန်နေဂျာက စတီဗင်ဂျရတ်ပါလို့ လူတိုင်းက ပြောနေကြတာပါ။ ကျနော်ကတော့ မန်နေဂျာသစ်ကို မလိုချင်သေးပါဘူး။ လီဗာပူးမှာ ယာဂင်ကလော့ပ်ကိုပဲ အချိန်အကြာကြီး ဆက်ရှိနေစေချင်တယ်။ ကလော့ပ် အချိန်အကြာကြီး ဆက်နေလေ လီဗာပူးက ပိုအောင်မြင်လေပါပဲ။

ဒီတော့ လူတိုင်းက စတီဗင်ဂျရတ်ကို မန်နေဂျာအဖြစ် မြင်လိုပြီး နောက်တက်မယ့် မန်နေဂျာအဖြစ် ပြောနေကြတယ်။ ကျနော်ကတော့ အချိန်အကြာကြီး အဲ့လို မဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ လီဗာပူးရဲ့ ထူးချွန်မှုတွေအတွက် ယာဂင်ကလော့ပ်ကို အသိအမှတ်ပြုရမယ်။ လီဗာပူးရဲ့ စွမ်းဆောင်ရည်ကောင်းကို ချီးကျူးမှုတွေ ရှိနေပေမယ့် လီဗာပူးက သူတို့လုပ်နိုင်တဲ့ အမြင့်ဆုံးအဆင့်ကို တကယ်ကို မပြရသေးပါဘူး ” လို့ ဖောင်လာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးပရိသတ္ေတြက ‘God’ လို႔ ခ်စ္စႏိုးေခၚရတဲ့ ဂႏၱင္တုိက္စစ္သမားၾကီး ေဖာင္လာကေတာ့ သူ႔ရဲ႕အသင္းေဖာ္ေဟာင္း စတီဗင္ဂ်ရတ္ အန္ဖီးအသင္းကို ကိုင္တြယ္တာကို ႏွစ္သက္မိမွာျဖစ္ေပမယ့္ လီဗာပူးမန္ေနဂ်ာအျဖစ္ မျမင္လိုေသးပါဘူးလို႔ ထုတ္ေျပာခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းမွာ လူငယ္ကစားသမားေတြနဲ႔အတူ အံ့ၾသေလာက္စရာ ကိစၥေတြကို လမ္းပတ္ လုပ္ေဆာင္ျပေနသလိုပဲ တစ္ရက္မွာ စတီဗင္ဂ်ရတ္ကလည္း လီဗာပူးအတြက္ လုပ္ေဆာင္ျပႏုိင္ဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနတာပါ။ ဂ်ရတ္ဟာ လက္ရွိမွာ စေကာ့တလန္ကလပ္ ရိန္းဂ်ားအသင္းကို ကိုင္တြယ္ျပီး စြမ္းေဆာင္ရည္ေကာင္းေတြ ရရွိေအာင္ ဦးေဆာင္မႈေတြ ေပးေနတာေၾကာင့္ ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ သတင္းထြက္မႈေတြ ရွိေနတာျဖစ္တယ္။

ကစားသမားဘဝကို လီဗာပူးအတြက္ ျမဳပ္ႏွံခဲ့တဲ့ စတီဗင္ဂ်ရတ္က အနာဂတ္မွာ လီဗာပူကို ကိုင္တြယ္ခြင့္အား အိပ္မက္မက္ေနသူျဖစ္ျပီး ဒီအတြက္လည္း အေတြ႔အၾကံဳေကာင္းေတြကို ပရီးမီးယားလိဂ္ျပင္ပမွာ သြားေရာက္ ရွာေဖြေနတာျဖစ္ပါတယ္။ ေဖာင္လာကေတာ့ လီဗာပူးကို ဂ်ရတ္ကိုင္တြယ္တာက ကလပ္ကေန ယာဂင္ကေလာ့ပ္ ထြက္ခြာသြားျခင္းျဖစ္မွာမို႔ အဆိုပါအေနအထားမ်ိဳးကို မျဖစ္ေစလိုတာျဖစ္ပါတယ္။

“ ေဘာလံုးမွာ ဘာျဖစ္မယ္ဆိုတာ ဘယ္ေတာ့မွ မသိႏုိင္ပါဘူး။ ရိန္းဂ်ားမွာ စတီဗင္က အရမ္းေကာင္းေနတယ္။ သူစျပီး တာဝန္ယူခဲ့တဲ့ေနာက္ ရိန္းဂ်ားက ပိုေကာင္းတဲ့အသင္း ျဖစ္လာျပီလားဆိုရင္ သိပ္မွန္တာေပါ့။ သူတို႔ အရမ္းေကာင္းလာတယ္။ သူက ပရီးမီးယားလိဂ္ကို ျပန္လာမလားဆိုရင္လည္း အနာဂတ္မွာ သူေသခ်ာေပါက္ ျပန္လာမွာပါ။

လီဗာပူးပရိသတ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ ေနာက္တက္လာမယ့္ မန္ေနဂ်ာက စတီဗင္ဂ်ရတ္ပါလို႔ လူတိုင္းက ေျပာေနၾကတာပါ။ က်ေနာ္ကေတာ့ မန္ေနဂ်ာသစ္ကို မလိုခ်င္ေသးပါဘူး။ လီဗာပူးမွာ ယာဂင္ကေလာ့ပ္ကိုပဲ အခ်ိန္အၾကာၾကီး ဆက္ရွိေနေစခ်င္တယ္။ ကေလာ့ပ္ အခ်ိန္အၾကာၾကီး ဆက္ေနေလ လီဗာပူးက ပိုေအာင္ျမင္ေလပါပဲ။

ဒီေတာ့ လူတိုင္းက စတီဗင္ဂ်ရတ္ကို မန္ေနဂ်ာအျဖစ္ ျမင္လိုျပီး ေနာက္တက္မယ့္ မန္ေနဂ်ာအျဖစ္ ေျပာေနၾကတယ္။ က်ေနာ္ကေတာ့ အခ်ိန္အၾကာၾကီး အဲ့လို မျဖစ္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။ လီဗာပူးရဲ႕ ထူးခၽြန္မႈေတြအတြက္ ယာဂင္ကေလာ့ပ္ကို အသိအမွတ္ျပဳရမယ္။ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ေကာင္းကို ခ်ီးက်ဴးမႈေတြ ရွိေနေပမယ့္ လီဗာပူးက သူတို႔လုပ္ႏုိင္တဲ့ အျမင့္ဆံုးအဆင့္ကို တကယ္ကို မျပရေသးပါဘူး ” လို႔ ေဖာင္လာက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။