နွေအပြောင်းအရွှေ့တုန်းက ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ရီးရဲလ်မက်ဒရစ် တောင်ပံသမား Lucas Vazquez ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြပေမယ့် ကစားသမားက ငြင်းဆန်ခဲ့ကာ ဘာနေဗျူးမှာပဲ ဆက်နေခဲ့တာပါလို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

အသက် ၂၈ နှစ်အရွယ် တောင်ပံသမားဟာ မန်နေဂျာဇီးဒန်းရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရသူ မဟုတ်ပဲ ဒီရာသီ ကစားခွင့်ရှိတဲ့ အမှတ်ပေးပွဲ ၁၂ ပွဲမှာ လေးပွဲကိုပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့် ရထားခဲ့တယ်။ ကလပ်အသင်းရဲ့ အဓိက ကစားသမား မဟုတ်ပေပမယ့်လည်း ပရီးမီးယားလိဂ်ကလပ်တွေက ကမ်းလှမ်းမှုကိုတော့ သူက ငြင်းဆန်ခဲ့တာဖြစ်တယ်။

Lucas Vazquez က မန်နေဂျာဇီဒန်းလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်တာကြောင့် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် အခြေအနေက သူထင်သလို ဖြစ်မလာတဲ့နောက်တော့ လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ပြန်လည် စဉ်းစားမယ်လို့ သိရပါတယ်။

မနှစ်ကရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၄၇ ပွဲထိ ပါဝင်ကစားခွင့်ရခဲ့တဲ့ Lucas Vazquez ကို အငှားခေါ်ယူဖို့လည်း ရိုးမားနဲ့ လေဗာကူဆင်တို့က စောင့်ကြည့်နေပါတယ်။ မက်ဒရစ်ဘက်ကတော့ ကစားသမားအတွက် ယူရို သန်း ၂၀ ကို ပြောင်းရွှေ့ကြေးဖြင့် ရလိုပြီး အဆိုပါ ပြောင်းရွှေ့ကြေး ပေးမယ်ဆိုရင် ကစားသမားနဲ့ စကားပြောခွင့် ပေးမှာဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ နယူးကာဆယ်ဘက်ကပါ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ပထမဦးစားပေးအဖြစ် ပွဲထွက်ရခြင်းတွေ မရှိပဲ လူငယ်ကြယ်ပွင့် ရိုဒီရီဂိုက တောင်ပံတိုက်စစ်မှာ နေရာရလာနေခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အတွက် ဥရောပပွဲ ၄၄ ကြိမ် ကစားပေးထားတဲ့ Lucas Vazquez ဟာ စပိန်အသင်းအတွက်လည်း ၉ ကြိမ် ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔တုန္းက ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ယူနုိက္တက္နဲ႔ အာဆင္နယ္တို႔ဟာ ရီးရဲလ္မက္ဒရစ္ ေတာင္ပံသမား Lucas Vazquez ကို ေခၚယူဖို႔ ကမ္းလွမ္းခဲ့ၾကေပမယ့္ ကစားသမားက ျငင္းဆန္ခဲ့ကာ ဘာေနဗ်ဴးမွာပဲ ဆက္ေနခဲ့တာပါလို႔ ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ေတာင္ပံသမားဟာ မန္ေနဂ်ာဇီးဒန္းရဲ႕ လက္ေအာက္မွာ ပံုမွန္ပြဲထြက္ခြင့္ရသူ မဟုတ္ပဲ ဒီရာသီ ကစားခြင့္ရွိတဲ့ အမွတ္ေပးပြဲ ၁၂ ပြဲမွာ ေလးပြဲကိုပဲ ပြဲထြက္လူစာရင္းကေန ပါဝင္ခြင့္ ရထားခဲ့တယ္။ ကလပ္အသင္းရဲ႕ အဓိက ကစားသမား မဟုတ္ေပပမယ့္လည္း ပရီးမီးယားလိဂ္ကလပ္ေတြက ကမ္းလွမ္းမႈကိုေတာ့ သူက ျငင္းဆန္ခဲ့တာျဖစ္တယ္။

Lucas Vazquez က မန္ေနဂ်ာဇီဒန္းလက္ေအာက္မွာ ပံုမွန္ပြဲထြက္ခြင့္အတြက္ တိုက္ခိုက္ႏုိင္မယ္လို႔ ယံုၾကည္တာေၾကာင့္ ပရီးမီးယားလိဂ္ ကလပ္ေတြရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တာျဖစ္တယ္။ ဒါေပမယ့္ အေျခအေနက သူထင္သလို ျဖစ္မလာတဲ့ေနာက္ေတာ့ လာမယ့္ ေႏြအေျပာင္းအေရႊ႔မွာ အသင္းေျပာင္းဖို႔ ျပန္လည္ စဥ္းစားမယ္လို႔ သိရပါတယ္။

မႏွစ္ကရာသီမွာ ရီးရဲလ္မက္ဒရစ္အတြက္ ျပိဳင္ပြဲစံု ၄၇ ပြဲထိ ပါဝင္ကစားခြင့္ရခဲ့တဲ့ Lucas Vazquez ကို အငွားေခၚယူဖို႔လည္း ရိုးမားနဲ႔ ေလဗာကူဆင္တို႔က ေစာင့္ၾကည့္ေနပါတယ္။ မက္ဒရစ္ဘက္ကေတာ့ ကစားသမားအတြက္ ယူရို သန္း ၂၀ ကို ေျပာင္းေရႊ႔ေၾကးျဖင့္ ရလိုျပီး အဆိုပါ ေျပာင္းေရႊ႔ေၾကး ေပးမယ္ဆိုရင္ ကစားသမားနဲ႔ စကားေျပာခြင့္ ေပးမွာျဖစ္ပါတယ္။ သူ႔ကို ေခၚယူဖို႔ နယူးကာဆယ္ဘက္ကပါ စိတ္ဝင္စားလာတယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ ပထမဦးစားေပးအျဖစ္ ပြဲထြက္ရျခင္းေတြ မရွိပဲ လူငယ္ၾကယ္ပြင့္ ရိုဒီရီဂိုက ေတာင္ပံတိုက္စစ္မွာ ေနရာရလာေနခဲ့တာပါ။ ရီးရဲလ္မက္ဒရစ္အတြက္ ဥေရာပပြဲ ၄၄ ၾကိမ္ ကစားေပးထားတဲ့ Lucas Vazquez ဟာ စပိန္အသင္းအတြက္လည္း ၉ ၾကိမ္ ပါဝင္ကစားေပးထားသူျဖစ္ပါတယ္။