စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ပေါမာဆန်က မန်စီးတီးရဲ့ အမှတ်ပေးဖလား ကာကွယ်မှုကို အဆုံးသတ်ပေးမယ့် ချယ်ဆီးကစားသမား သုံးယောက်အကြောင်း ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။

နိုင်ငံတကာသီတင်းပတ် အကုန်မှာတော့ ချယ်ဆီးဟာ မန်စီးတီးအိမ်ကွင်းထံ သွားရောက်ပြီး ယှဉ်ပြိုင်ရမှာပါ။ အန်ဖီးကွင်းမှာ မန်စီးတီးက လီဗာပူးကို အရေးနိမ့်ခဲ့တဲ့နောက် အမှတ်ပေးဇယားမှာ ချယ်ဆီးအောင်ကို တစ်မှတ်အကွာနဲ့ ရောက်ရှိနေတာဖြစ်တယ်။ အီသီဟတ်ကွင်းမှာ ရလဒ်ကောင်း ယူနိုင်မယ်ဆိုရင် လမ်းပတ်ရဲ့ ချယ်ဆီးဟာ အမှတ်ပေးဖလား စိန်ခေါ်မယ့်အသင်း စာရင်းထဲ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ပေါမာဆန်ကတော့ ချယ်ဆီးဟာ ဒီရာသီ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ အဓိကကျတဲ့ လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းအနက် မန်စီးတီးကို လမ်းကြောင်းပေါ်မှာ ဆက်ရှိစေမလား အဆုံးအဖြတ်ပေးမယ့် ပွဲပါလို့ ထုတ်ဖော်ပြောဆိုတယ်။ အထူးသဖြင့် လူငယ်ကစားသမားတွေနဲ့ တိုက်စစ်ပုံစံကောင်းနေတဲ့ ချယ်ဆီးအပေါ် ပေါမာဆန်က အထင်ကြီးနေပါတယ်။

‘ စီးတီးဟာ နောက်ပွဲအဖြစ် တိုက်စစ်သမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ချယ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အသင်းတွေကို ပြဿနာပေးနိုင်တဲ့ အေဘရာဟမ်၊ မောင့်နဲ့ ပူလာဆစ်တို့အကြောင်းကို ပြောနေတာဖြစ်ပါတယ်။ အဲ့တာက မန်စီးတီးကို ပြဿနာပေးနိုင်တဲ့ပွဲဖြစ်တယ်။ ချယ်ဆီးနဲ့ပွဲကို မနိုင်ဘူးဆိုရင် အမှတ်ပေးဖလားကို လီဗာပူးက အနိုင်ရသွားပါလိမ့်မယ်။

မန်စီးတီးက အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ လာမယ့် ပွဲ ခြောက်ပွဲ ခုနှစ်ပွဲကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ သူတို့ ကောင်းကောင်း ကစားထားနိုင်တာ မဟုတ်ဘူး။ ခရစ်စမတ်မတိုင်ခင် ပွဲအားလုံးကို မန်စီးတီးက အနိုင်ရမယ်ဆိုရင် သူတို့က အမှတ်ပေးဖလားကို ယှဉ်ပြိုင်နိုင်ဦးမှာ ဖြစ်ပါတယ် ’ လို့ ပေါမာဆန်က ပြောဆိုထားပါတယ်။

အက်စ်တွန်ဗီလာနဲ့ မနှစ်က ချန်ပီယံရှစ် မှာ ကစားခဲ့တဲ့ အသက် ၂၂နှစ်အရွယ် အေဗရာဟမ် ဟာ ပဲလေ့စ်နဲ့ပွဲမှာ ဒီရာသီ သူ့ရဲ့ ၁၀ဂိုးမြောက် ဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲပြီးဖို့ ၁၁ မိနစ်အလိုမှာ အသက် ၂၁နှစ်အရွယ် ပူလီဆစ်က နောက်တစ်ဂိုး သွင်းခဲ့ပါတယ်။ ချယ်ဆီးဟာ နိုင်ငံတကာ ပွဲစဉ်တွေကြောင့် နောက်ပွဲအတွက် ပြင်ဆင်ဖို့ အချိန် ၂ပတ် ရမှာ ဖြစ်ပါတယ်။ ခြောက်ပွဲဆက် အနိုင်ရခဲ့တဲ့ အသင်းအတွက် ပရိသတ်တွေက ကျေနပ်နေမှာဖြစ်ပေမယ့် လမ်းပတ်ကတော့ နောက်ပွဲအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

“နောက်တပွဲကလွဲရင် ကျန်တာတွေအကြောင်း ကျနော် မစဉ်းစားဘူး။ မန်ချက်စတာ စီးတီးအတွက် ကျနော်တို့က အများကြီး လေးစားမှု ရှိပါတယ်။ ” လို့ ပြောခဲ့ပါတယ်။ စီးတီးဟာ နိုဝင်ဘာ ၂၃ရက်နေ့ အီသီဟဒ်မှာ စတုတ္တနေရာက စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ZAWGYI

စကိုင္းစေပါ့မွ အားကစားသံုးသပ္သူ ေပါမာဆန္က မန္စီးတီးရဲ႕ အမွတ္ေပးဖလား ကာကြယ္မႈကို အဆံုးသတ္ေပးမယ့္ ခ်ယ္ဆီးကစားသမား သံုးေယာက္အေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈ လုပ္လာခဲ့ပါတယ္။

ႏုိင္ငံတကာသီတင္းပတ္ အကုန္မွာေတာ့ ခ်ယ္ဆီးဟာ မန္စီးတီးအိမ္ကြင္းထံ သြားေရာက္ျပီး ယွဥ္ျပိဳင္ရမွာပါ။ အန္ဖီးကြင္းမွာ မန္စီးတီးက လီဗာပူးကို အေရးနိမ့္ခဲ့တဲ့ေနာက္ အမွတ္ေပးဇယားမွာ ခ်ယ္ဆီးေအာင္ကို တစ္မွတ္အကြာနဲ႔ ေရာက္ရွိေနတာျဖစ္တယ္။ အီသီဟတ္ကြင္းမွာ ရလဒ္ေကာင္း ယူႏုိင္မယ္ဆိုရင္ လမ္းပတ္ရဲ႕ ခ်ယ္ဆီးဟာ အမွတ္ေပးဖလား စိန္ေခၚမယ့္အသင္း စာရင္းထဲ ပါဝင္ႏုိင္မွာ ျဖစ္ပါတယ္။

ေပါမာဆန္ကေတာ့ ခ်ယ္ဆီးဟာ ဒီရာသီ အမွတ္ေပးဖလား ျပိဳင္ဆိုင္မႈမွာ အဓိကက်တဲ့ လီဗာပူးနဲ႔ မန္စီးတီး ႏွစ္သင္းအနက္ မန္စီးတီးကို လမ္းေၾကာင္းေပၚမွာ ဆက္ရွိေစမလား အဆံုးအျဖတ္ေပးမယ့္ ပြဲပါလို႔ ထုတ္ေဖာ္ေျပာဆိုတယ္။ အထူးသျဖင့္ လူငယ္ကစားသမားေတြနဲ႔ တိုက္စစ္ပံုစံေကာင္းေနတဲ့ ခ်ယ္ဆီးအေပၚ ေပါမာဆန္က အထင္ၾကီးေနပါတယ္။

‘ စီးတီးဟာ ေနာက္ပြဲအျဖစ္ တိုက္စစ္သမားေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ ခ်ယ္ဆီးကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။ အသင္းေတြကို ျပႆနာေပးႏုိင္တဲ့ ေအဘရာဟမ္၊ ေမာင့္နဲ႔ ပူလာဆစ္တို႔အေၾကာင္းကို ေျပာေနတာျဖစ္ပါတယ္။ အ့ဲတာက မန္စီးတီးကို ျပႆနာေပးႏုိင္တဲ့ပြဲျဖစ္တယ္။ ခ်ယ္ဆီးနဲ႔ပြဲကို မႏုိင္ဘူးဆိုရင္ အမွတ္ေပးဖလားကို လီဗာပူးက အႏုိင္ရသြားပါလိမ့္မယ္။

မန္စီးတီးက အမွတ္ေပးဖလားကို စိန္ေခၚႏုိင္ဖို႔ လာမယ့္ ပြဲ ေျခာက္ပြဲ ခုႏွစ္ပြဲကို ေက်ာ္ျဖတ္ႏုိင္ဖို႔ လိုပါတယ္။ သူတို႔ ေကာင္းေကာင္း ကစားထားႏုိင္တာ မဟုတ္ဘူး။ ခရစ္စမတ္မတိုင္ခင္ ပြဲအားလံုးကို မန္စီးတီးက အႏုိင္ရမယ္ဆိုရင္ သူတို႔က အမွတ္ေပးဖလားကို ယွဥ္ျပိဳင္ႏုိင္ဦးမွာ ျဖစ္ပါတယ္ ’ လို႔ ေပါမာဆန္က ေျပာဆိုထားပါတယ္။

အက္စ္တြန္ဗီလာနဲ႔ မႏွစ္က ခ်န္ပီယံရွစ္ မွာ ကစားခဲ့တဲ့ အသက္ ၂၂ႏွစ္အ႐ြယ္ ေအဗရာဟမ္ ဟာ ပဲေလ့စ္နဲ႔ပြဲမွာ ဒီရာသီ သူ႔ရဲ႕ ၁၀ဂိုးေျမာက္ ဂိုးကို သြင္းယူခဲ့ပါတယ္။ ပြဲၿပီးဖို႔ ၁၁ မိနစ္အလိုမွာ အသက္ ၂၁ႏွစ္အ႐ြယ္ ပူလီဆစ္က ေနာက္တစ္ဂိုး သြင္းခဲ့ပါတယ္။ ခ်ယ္ဆီးဟာ ႏိုင္ငံတကာ ပြဲစဥ္ေတြေၾကာင့္ ေနာက္ပြဲအတြက္ ျပင္ဆင္ဖို႔ အခ်ိန္ ၂ပတ္ ရမွာ ျဖစ္ပါတယ္။ ေျခာက္ပြဲဆက္ အႏိုင္ရခဲ့တဲ့ အသင္းအတြက္ ပရိသတ္ေတြက ေက်နပ္ေနမွာျဖစ္ေပမယ့္ လမ္းပတ္ကေတာ့ ေနာက္ပြဲအတြက္ပဲ အာ႐ုံစိုက္ထားတယ္လို​့ ဆိုပါတယ္။

“ေနာက္တပြဲကလြဲရင္ က်န္တာေတြအေၾကာင္း က်ေနာ္ မစဥ္းစားဘူး။ မန္ခ်က္စတာ စီးတီးအတြက္ က်ေနာ္တို႔က အမ်ားႀကီး ေလးစားမႈ ရွိပါတယ္။ ” လို႔ ေျပာခဲ့ပါတယ္။ စီးတီးဟာ ႏိုဝင္ဘာ ၂၃ရက္ေန႔ အီသီဟဒ္မွာ စတုတၱေနရာက စီးတီးနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။