ချယ်ဆီးအသင်းဟာ ခံစစ်မှူး ရူဒီဂါကို သက်တမ်းတိုးဖို့ ကိစ္စအတွက် လုပ်ဆောင်မှုတွေ စတင်ကာ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ဂျာမန်သားဟာ ဒီရာသီ ကလပ်အသင်း အတွက် ၄၅ မိနစ်သာ ကစားရသေးတာပါ။

ပြိုင်ဘက် မန်စီးတီးနဲ့ စပါးအသင်းတွေက လာမယ့်နွေ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ခံစစ်မှူးကောင်း တစ်ဦး ရှာဖွေတော့မှာ ဖြစ်လို့ ရူဒီဂါကို လက်လွှတ်ရမှာ စိုးရိမ်တဲ့ ချယ်ဆီးအသင်း က သက်တမ်းတိုးထားဖို့ လက်ဦးမှုယူကာ စတင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။ ရူဒီဂါရဲ့ လက်ရှိ စာချုပ်က နှစ်နှစ်မျှ ကျန်ရှိပါသေးတယ်။

ခံစစ်မှူး ရူဒီဂါက ဒဏ်ရာ ရှိနေတာကြောင့် ဒီရာသီ ချယ်ဆီးအသင်း အတွက် များစွာ ပါဝင် ကစားခွင့် မရသေးပါဘူး။ ၎င်းက တစ်ပွဲသာ ပါဝင် ကစားရသေးကာ ၄၅ မိနစ်မျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာသီတင်းပတ် အပြီးမှာတော့ ရူဒီဂါ ပြန်ကစားနိုင်တော့မယ်လို့ မျှော်လင့်ထားရတာဖြစ်တယ်။

ပြီးခဲ့တဲ့ ရာသီကုန်ချိန်မှာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ရူဒီဂါက အချိန်ယူခဲ့ရကာ ပြန်လည် သက်သာလာတဲ့ စက်တင်ဘာလ ထဲမှာ ဝုဗ်နဲ့ပွဲ ပါဝင် ကစားခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီပွဲမှာပဲ ပြင်းထန်တဲ့ တင်ပါး ဒဏ်ရာ ထပ်ရသွားတာကြောင့် ထိုတည်းက ယခုချိန်ထိ အချိန်ယူကာ သက်သာ ပျောက်ကင်းဖို့ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ရူဒီဂါက ၎င်း ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ဒီဇင်ဘာထိ အသင်းနဲ့ အတူ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ လမ်းပတ်ကတော့ အသင်းရဲ့ အားထားရတဲ့ ခံစစ်မှူးကို ဒဏ်ရာတွေ ရှိနေသည့် တိုင် သက်တမ်းတိုးထားဖို့ စိတ်အား ထက်သန် နေပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ခံစစ္မွဴး ရူဒီဂါကို သက္တမ္းတိုးဖို႔ ကိစၥအတြက္ လုပ္ေဆာင္မႈေတြ စတင္ကာ ေဆြးေႏြးေနျပီ ျဖစ္ပါတယ္။ ဂ်ာမန္သားဟာ ဒီရာသီ ကလပ္အသင္း အတြက္ ၄၅ မိနစ္သာ ကစားရေသးတာပါ။

ျပိဳင္ဘက္ မန္စီးတီးနဲ႕ စပါးအသင္းေတြက လာမယ့္ေႏြ အေျပာင္းအေရႊ႕ ေစ်းကြက္ထဲမွာ ခံစစ္မွဴးေကာင္း တစ္ဦး ရွာေဖြေတာ့မွာ ျဖစ္လို႔ ရူဒီဂါကို လက္လႊတ္ရမွာ စိုးရိမ္တဲ့ ခ်ယ္ဆီးအသင္း က သက္တမ္းတိုးထားဖို႔ လက္ဦးမႈယူကာ စတင္ လႈပ္ရွားလာတာ ျဖစ္ပါတယ္။ ရူဒီဂါရဲ႕ လက္ရွိ စာခ်ဳပ္က နွစ္နွစ္မွ် က်န္ရွိပါေသးတယ္။

ခံစစ္မွဴး ရူဒီဂါက ဒဏ္ရာ ရွိေနတာေၾကာင့္ ဒီရာသီ ခ်ယ္ဆီးအသင္း အတြက္ မ်ားစြာ ပါ၀င္ ကစားခြင့္ မရေသးပါဘူး။ ၄င္းက တစ္ပြဲသာ ပါ၀င္ ကစားရေသးကာ ၄၅ မိနစ္မွ်သာ ျဖစ္ပါတယ္။ ဒါေပမယ့္ ႏုိင္ငံတကာသီတင္းပတ္ အျပီးမွာေတာ့ ရူဒီဂါ ျပန္ကစားႏုိင္ေတာ့မယ္လို႔ ေမွ်ာ္လင့္ထားရတာျဖစ္တယ္။

ျပီးခဲ့တဲ့ ရာသီကုန္ခ်ိန္မွာ ဒူးဒဏ္ရာ ခြဲစိတ္ကုသမႈ ခံယူခဲ့ရတာေၾကာင့္ ရူဒီဂါက အခ်ိန္ယူခဲ့ရကာ ျပန္လည္ သက္သာလာတဲ့ စက္တင္ဘာလ ထဲမွာ ၀ုဗ္နဲ႕ပြဲ ပါ၀င္ ကစားခဲ့ပါေသးတယ္။ ဒါေပမယ့္ အဲဒီပြဲမွာပဲ ျပင္းထန္တဲ့ တင္ပါး ဒဏ္ရာ ထပ္ရသြားတာေၾကာင့္ ထိုတည္းက ယခုခ်ိန္ထိ အခ်ိန္ယူကာ သက္သာ ေပ်ာက္ကင္းဖို႔ လုပ္ေဆာင္ေနရဆဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ အဂၤါေန႕ကပဲ ရူဒီဂါက ၄င္း ဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူခဲ့ရျပီး ဒီဇင္ဘာထိ အသင္းနဲ႕ အတူ ပါ၀င္ကစားနိုင္ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ လမ္းပတ္ကေတာ့ အသင္းရဲ႕ အားထားရတဲ့ ခံစစ္မွဴးကို ဒဏ္ရာေတြ ရွိေနသည့္ တိုင္ သက္တမ္းတိုးထားဖို႔ စိတ္အား ထက္သန္ ေနပါတယ္။