လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က ကလပ်အသင်းရဲ့ ရှုံးပွဲမရှိ ကောင်းမွန်လှတဲ့ ပရီးမီးယားလိဂ် ရာသီ အစ ပိုင်ဆိုင်ထားမှုကို မယုံနိုင်လောက်အောင် ဖြစ်ရသောလည်း အေးဆေးတည်ငြိမ်နေကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေက မန်စီးတီးကို နိုင်တဲ့ ပွဲ အပြီးမှာ လီဗာပူးက ၁၂ ပွဲ ကစား ၃၄ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်မှာ ဆက်လက် ရပ်တည်နေပါတယ်။

၁၂ ပွဲ ကစားခဲ့ချိန်မှာ လီဗာပူးအသင်းဟာ ထိပ်သီး ခြောက်သင်းအပြင် လက်စတာကိုပါ ရင်ဆိုင် ကစားပြီး ဖြစ်ပါတယ်။ ပြိုင်ဘက် မန်စီးတီးကတော့ လီဗာပူးနဲ့ စပါးအသင်းကိုသာ ယှဉ်ပြိုင်ကစားရသေးတာပါ။

” ဒါက အခုမှ အစပဲ ရှိသေးတယ်။ ပြိုင်ပွဲကာလ အစောပိုင်းပဲ။ ဒါကို လူတိုင်း သိကြပါတယ်။ ဘောလုံးရာသီ မစခင်က ခင်ဗျား ၁၂ ပွဲ ကစားပြီးရင် ၃၄ မှတ် ရမှာလို့ လာပြောလို့ကတော့ ဝိုး ဒါက မဖြစ်နိုင်သလောက်ပဲနော် လို့ ပြန်ဖြေမိမှာ။ အခုတော့ ကျနေ်ာတို့ လုပ်နိုင်ခဲ့ပြီ။ ” လို့ ကလော့ပ်က ဆိုပါတယ်။

လောလောဆယ်မှာတော့ ကလော့ပ်က အေးဆေး တည်ငြိမ်နေပြီး နိုင်ငံတကာ သီတင်းပတ် အပြီးမှာ ကစားသမားတွေ ဒဏ်ရာ ကင်းစင်စွာ ပြန်လာဖို့သာ မျှော်လင့်နေတာပါ။ တိုက်စစ်မှူး ဆာလက်နဲ့ ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်တို့ကတော့ ဒဏ်ရာ ကိုယ်စီ ရှိနေတာကြောင့် နိုင်ငံ အသင်းတွေကနေ နှုတ်ထွက်ထားရပြီ ဖြစ်ပါတယ်။

” အခု ကျနော့် ကောင်လေးတွေက ဒီနှစ် နောက်ဆုံး နိုင်ငံပွဲစဉ်တွေ အတွက် သွားကြပြီ။ သူတို့ ကျန်းကျန်းမာမာ ကောင်းမွန်စွာ ပြန်လာဖို့ လိုတယ်။ မန်စီးတီးနဲ့ ပွဲမှာ ဘယ်လောက် ခက်ခက်ခဲခဲ ကစားရတယ် ဆိုတာ အားလုံး မြင်ကြတယ်။ သူတို့ ကောင်းမွန်စွာ ပြန်လာပြီးမှ ခရစ္စတယ်ပဲလေ့စ်ကို ရင်ဆိုင်ဖိုပ အသင့် ဖြစ်မှာပါ။ ” လို့ ၎င်းက ဆိုပါတယ်။

လက်ရှိ အမှတ်ပေးဇယား ထိပ်မှာ ရှိနေတဲ့ လီဗာပူးအသင်းဟာ မန်စီးတီးကို ၉ မှတ် ဖြတ်နိုင်ခဲ့ပြီ ဖြစ်ကာ ဒုတိယနဲ့ တတိယနေရာမှာ ရှိနေတဲ့ လက်စတာနဲ့ ချယ်ဆီးအသင်းကိုတော့ ၈ မှတ် ဖြတ်ထားပါတယ်။

Zawgyi

လီဗာပူး နည္းျပ ယာဂင္ကေလာ့ပ္က ကလပ္အသင္းရဲ႕ ရွံဳးပြဲမရွိ ေကာင္းမြန္လွတဲ့ ပရီးမီးယားလိဂ္ ရာသီ အစ ပိုင္ဆိုင္ထားမႈကို မယံုနိုင္ေလာက္ေအာင္ ျဖစ္ရေသာလည္း ေအးေဆးတည္ျငိမ္ေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။ ျပီးခဲ့တဲ့ တနဂၤေႏြက မန္စီးတီးကို နုိင္တဲ့ ပြဲ အျပီးမွာ လီဗာပူးက ၁၂ ပြဲ ကစား ၃၄ မွတ္နဲ႕ အမွတ္ေပးဇယား ထိပ္မွာ ဆက္လက္ ရပ္တည္ေနပါတယ္။

၁၂ ပြဲ ကစားခဲ့ခ်ိန္မွာ လီဗာပူးအသင္းဟာ ထိပ္သီး ေျခာက္သင္းအျပင္ လက္စတာကိုပါ ရင္ဆိုင္ ကစားျပီး ျဖစ္ပါတယ္။ ျပိဳင္ဘက္ မန္စီးတီးကေတာ့ လီဗာပူးနဲ႕ စပါးအသင္းကိုသာ ယွဥ္ျပိဳင္ကစားရေသးတာပါ။

” ဒါက အခုမွ အစပဲ ရွိေသးတယ္။ ျပိဳင္ပြဲကာလ အေစာပိုင္းပဲ။ ဒါကို လူတိုင္း သိၾကပါတယ္။ ေဘာလံုးရာသီ မစခင္က ခင္ဗ်ား ၁၂ ပြဲ ကစားျပီးရင္ ၃၄ မွတ္ ရမွာလို႔ လာေျပာလို႔ကေတာ့ ၀ိုး ဒါက မျဖစ္နုိင္သေလာက္ပဲေနာ္ လို႔ ျပန္ေျဖမိမွာ။ အခုေတာ့ က်ေန္ာတို႔ လုပ္နုိင္ခဲ့ျပီ။ ” လို႔ ကေလာ့ပ္က ဆိုပါတယ္။

ေလာေလာဆယ္မွာေတာ့ ကေလာ့ပ္က ေအးေဆး တည္ျငိမ္ေနျပီး နုိင္ငံတကာ သီတင္းပတ္ အျပီးမွာ ကစားသမားေတြ ဒဏ္ရာ ကင္းစင္စြာ ျပန္လာဖို႔သာ ေမွ်ာ္လင့္ေနတာပါ။ တိုက္စစ္မွဴး ဆာလက္နဲ႕ ခံစစ္မွဴး အန္ဒီ ေရာ္ဘတ္ဆန္တို႔ကေတာ့ ဒဏ္ရာ ကိုယ္စီ ရွိေနတာေၾကာင့္ နုိင္ငံ အသင္းေတြကေန နႈတ္ထြက္ထားရျပီ ျဖစ္ပါတယ္။

” အခု က်ေနာ့္ ေကာင္ေလးေတြက ဒီနွစ္ ေနာက္ဆံုး နုိင္ငံပြဲစဥ္ေတြ အတြက္ သြားၾကျပီ။ သူတို႔ က်န္းက်န္းမာမာ ေကာင္းမြန္စြာ ျပန္လာဖို႔ လိုတယ္။ မန္စီးတီးနဲ႕ ပြဲမွာ ဘယ္ေလာက္ ခက္ခက္ခဲခဲ ကစားရတယ္ ဆိုတာ အားလံုး ျမင္ၾကတယ္။ သူတို႔ ေကာင္းမြန္စြာ ျပန္လာျပီးမွ ခရစၥတယ္ပဲေလ့စ္ကို ရင္ဆုိင္ဖိုပ အသင့္ ျဖစ္မွာပါ။ ” လို႔ ၄င္းက ဆိုပါတယ္။

လက္ရွိ အမွတ္ေပးဇယား ထိပ္မွာ ရွိေနတဲ့ လီဗာပူးအသင္းဟာ မန္စီးတီးကို ၉ မွတ္ ျဖတ္နုိင္ခဲ့ျပီ ျဖစ္ကာ ဒုတိယနဲ႕ တတိယေနရာမွာ ရွိေနတဲ့ လက္စတာနဲ႕ ခ်ယ္ဆီးအသင္းကိုေတာ့ ၈ မွတ္ ျဖတ္ထားပါတယ္။