နယ်သာလန်သား ဗဟိုခံစစ်မှူး ဗန်ဒိုက်က သူ့ကို အလိုရှိတဲ့ ထိပ်တန်းကလပ်တွေ အများကြီး ရှိတဲ့အထဲက လီဗာပူးကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့တယ်။

၂၀၁၇ နွေအပြောင်းအရွှေ့မှာ ဆောက်သမ်တန်ခံစစ်မှူး ဗန်ဒိုက်ကို ချယ်ဆီး၊ မန်စီးတီး၊ လီဗာပူးတို့က အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ လုပ်ခဲ့ကြပြီး ပြိုင်ဘက်တွေကို သာလွန်ဖို့ လီဗာပူးက ပုဂ္ဂိုလ်ရေးဆိုင်ရာ ညိနှိုင်းမှုတွေကို ဆောက်သမ်တန်ဘက်ကို ခွင့်မတောင်းပဲ ညိနှိုင်းခဲ့ပါသေးတယ်။ နောက်ဆုံးမှာ ဆောက်သမ်တန်က တရားဝင် စာထုတ်ခဲ့ပြီး ဗန်ဒိုက်ကို လုံးဝမရောင်းဖို့ ဆုံးဖြတ်ခဲ့သလို လီဗာပူးအား ပရီးမီးယားလိဂ် တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့တယ်။

နွေမှာ ဗန်ဒိုက်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ကလပ်တွေက ပြောင်းရွှေ့ကြေးက ဈေးချိုမှာ မဟုတ်ဘူးဆိုတာကို နားလည်တဲ့နောက် လာမယ့် အပြောင်းအရွှေ့တွေမှာ ဗန်ဒိုက်ကို ဈေးကြီးပေးဖို့ ကြိုးစားခဲ့ပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့ မတိုင်ခင် ခရစ်စမတ်ကာလမှာ လီဗာပူးက ကမ္ဘာစံချိန်တင်ကြေး ပေါင် ၇၅ သန်းပေးပြီး ဗန်ဒိုက်ကို ခေါ်ယူခဲ့တယ်။ လီဗာပူးက တစ်ပတ်စောခဲ့တာဖြစ်ပြီး မန်စီးတီးကလည်း ဗန်ဒိုက်အတွက် ၇၅ သန်းပေးဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။

ကမ်းလှမ်းမှုတွေ များစွာအနက်မှ လီဗာပူးကို ရွေးချယ်ခဲ့ရခြင်းအပေါ် ဗန်ဒိုက်က ပြောဆိုရာမှာ “ အချက်တွေ အများကြီးပေါ် အခြေခံပြီး ကျနော် ရွေးချယ်ခဲ့ရတယ်။ အရေးကြီးဆုံးကတော့ ကျနော်ရဲ့ ကိုယ်ပိုင် ခံစားချက်ပါပဲ လီဗာပူးဘက်က စိတ်ဝင်စားနေတယ်ဆိုတာကို ကြားရတဲ့အချိန်ကစပြီး လီဗာပူးကိုပဲ ရွေးချယ်သင့်တယ်လို့ ခံစားခ့ရတယ်။

အခြားအသင်းတွေကလည်း စိတ်ဝင်စားမှုကောင်းတွေ ပြခဲ့ပါတယ်။ ကျနော်ကို စိတ်ဝင်စားကြပြီး ချီးကျူးမှုတွေနဲ့ ခေါ်ယူလိုခဲ့တဲ့အတွက် ပျော်ရွှင်ခဲ့မိတယ်။ ဒါပေမယ့်လို့ လီဗာပူးက အရေးသာခဲ့တဲ့ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ မန်နေဂျာ၊ အသင်းဖော်တွေ၊ ကစားတဲ့ဟန်၊ ကလပ်ရဲ့ သမိုင်းကြောင်း ဒီမှာရှိတဲ့ အရာတွေအားလုံးနဲ့ လီဗာပူးရဲ့ အနာဂတ်အတွက် အစီအစဉ်ချမှုတွေက အရမ်းကို ကောင်းမွန်တယ်။

လာမယ့် နှစ်တွေအတွက် ကျနော်က အရေးပါတဲ့ အစိတ်အပိုင်းမှာ ပါဝင်ခွင့်ရဖို့ဆိုတာကလည်း အရမ်းကို အရေးကြီးပါတယ်။ ကျနော် လီဗာပူးကို ရောက်လာတာ နှစ်နှစ်လောက် ရှိပါပြီ အခုချိန်ထိ အရမ်းကောင်းတယ်။ လီဗာပူးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မိတာအတွက် အရမ်းဝမ်းသာမိတယ်၊ ကျေလည်းကျေနပ်တယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

နယ္သာလန္သား ဗဟိုခံစစ္မွဴး ဗန္ဒိုက္က သူ႔ကို အလိုရွိတဲ့ ထိပ္တန္းကလပ္ေတြ အမ်ားၾကီး ရွိတဲ့အထဲက လီဗာပူးကို ေရြးခ်ယ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္နဲ႔ ပက္သက္ျပီး ထုတ္ေဖာ္ေျပာဆိုမႈ လုပ္လာခဲ့တယ္။

၂၀၁၇ ေႏြအေျပာင္းအေရႊ႔မွာ ေဆာက္သမ္တန္ခံစစ္မွဴး ဗန္ဒိုက္ကို ခ်ယ္ဆီး၊ မန္စီးတီး၊ လီဗာပူးတို႔က အျပိဳင္အဆုိင္ ကမ္းလွမ္းမႈေတြ လုပ္ခဲ့ၾကျပီး ျပိဳင္ဘက္ေတြကို သာလြန္ဖို႔ လီဗာပူးက ပုဂၢိဳလ္ေရးဆိုင္ရာ ညိႏိႈင္းမႈေတြကို ေဆာက္သမ္တန္ဘက္ကို ခြင့္မေတာင္းပဲ ညိႏိႈင္းခဲ့ပါေသးတယ္။ ေနာက္ဆံုးမွာ ေဆာက္သမ္တန္က တရားဝင္ စာထုတ္ခဲ့ျပီး ဗန္ဒိုက္ကို လံုးဝမေရာင္းဖို႔ ဆံုးျဖတ္ခဲ့သလို လီဗာပူးအား ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြထံ တိုင္ၾကားခဲ့တယ္။

ေႏြမွာ ဗန္ဒိုက္ကို ေခၚယူဖို႔ ၾကိဳးစားခဲ့တဲ့ ကလပ္ေတြက ေျပာင္းေရႊ႔ေၾကးက ေစ်းခ်ိဳမွာ မဟုတ္ဘူးဆိုတာကို နားလည္တဲ့ေနာက္ လာမယ့္ အေျပာင္းအေရႊ႔ေတြမွာ ဗန္ဒိုက္ကို ေစ်းၾကီးေပးဖို႔ ၾကိဳးစားခဲ့ေပမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႔ မတိုင္ခင္ ခရစ္စမတ္ကာလမွာ လီဗာပူးက ကမၻာစံခ်ိန္တင္ေၾကး ေပါင္ ၇၅ သန္းေပးျပီး ဗန္ဒိုက္ကို ေခၚယူခဲ့တယ္။ လီဗာပူးက တစ္ပတ္ေစာခဲ့တာျဖစ္ျပီး မန္စီးတီးကလည္း ဗန္ဒိုက္အတြက္ ၇၅ သန္းေပးဖို႔ အဆင္သင့္ျဖစ္ေနခဲ့တာပါ။

ကမ္းလွမ္းမႈေတြ မ်ားစြာအနက္မွ လီဗာပူးကို ေရြးခ်ယ္ခဲ့ရျခင္းအေပၚ ဗန္ဒိုက္က ေျပာဆိုရာမွာ “ အခ်က္ေတြ အမ်ားၾကီးေပၚ အေျခခံျပီး က်ေနာ္ ေရြးခ်ယ္ခဲ့ရတယ္။ အေရးၾကီးဆံုးကေတာ့ က်ေနာ္ရဲ႕ ကိုယ္ပိုင္ ခံစားခ်က္ပါပဲ လီဗာပူးဘက္က စိတ္ဝင္စားေနတယ္ဆိုတာကို ၾကားရတဲ့အခ်ိန္ကစျပီး လီဗာပူးကိုပဲ ေရြးခ်ယ္သင့္တယ္လို႔ ခံစားခ့ရတယ္။

အျခားအသင္းေတြကလည္း စိတ္ဝင္စားမႈေကာင္းေတြ ျပခဲ့ပါတယ္။ က်ေနာ္ကို စိတ္ဝင္စားၾကျပီး ခ်ီးက်ဴးမႈေတြနဲ႔ ေခၚယူလိုခဲ့တဲ့အတြက္ ေပ်ာ္ရႊင္ခဲ့မိတယ္။ ဒါေပမယ့္လို႔ လီဗာပူးက အေရးသာခဲ့တဲ့ အေၾကာင္းျပခ်က္ေတြ အမ်ားၾကီး ရွိပါတယ္။ မန္ေနဂ်ာ၊ အသင္းေဖာ္ေတြ၊ ကစားတဲ့ဟန္၊ ကလပ္ရဲ႕ သမိုင္းေၾကာင္း ဒီမွာရွိတဲ့ အရာေတြအားလံုးနဲ႔ လီဗာပူးရဲ႕ အနာဂတ္အတြက္ အစီအစဥ္ခ်မႈေတြက အရမ္းကို ေကာင္းမြန္တယ္။

လာမယ့္ ႏွစ္ေတြအတြက္ က်ေနာ္က အေရးပါတဲ့ အစိတ္အပိုင္းမွာ ပါဝင္ခြင့္ရဖို႔ဆိုတာကလည္း အရမ္းကို အေရးၾကီးပါတယ္။ က်ေနာ္ လီဗာပူးကို ေရာက္လာတာ ႏွစ္ႏွစ္ေလာက္ ရွိပါျပီ အခုခ်ိန္ထိ အရမ္းေကာင္းတယ္။ လီဗာပူးကို ေျပာင္းေရႊ႔ဖို႔ ဆံုးျဖတ္ခဲ့မိတာအတြက္ အရမ္းဝမ္းသာမိတယ္၊ ေက်လည္းေက်နပ္တယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။