ဖိအားတွေ များနေတဲ့ အာဆင်နယ်အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ တန်းတက် နောဝစ်ချ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲပါ။

ဒီပွဲစဉ် မတိုင်ခင်မှာ အာဆင်နယ်က ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိပြီး နောဝစ်ချ်ကတော့ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၈ မှာ ရှိနေပါတယ်။ နောဝစ်ချ် အာဆင်နယ် ပွဲစဉ်အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်း သုံးသပ်ချက်ကို ဖော်ပြပေးပါမယ်။

” နောဝစ်ချ်ဟာ ပြီးခဲ့တဲ့ စနေက ဂွတ်ဒီဆင်ပါ့ခ်မှာ ၂-၀ ရလဒ်နဲ့ ထိုက်တန်တဲ့ နိုင်ပွဲ ရခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ အဲဗာတန်ထက် ပိုကောင်းတဲ့ တိုက်စစ် ခြိမ်းခြောက်မှု လုပ်နိုင်တဲ့ အသင်း ဖြစ်ပြီး ကားရိုးလမ်းမှာ သုံးမှတ်အပြည့်ပိုက်ပြီး လန်ဒန် ပြန်သွားပါလိမ့်မယ်။ ”

” အာဆင်နယ်က ဆောက်သမ်တန်နဲ့ပွဲမှာ ကံကောင်းလို့ သရေတစ်မှတ် ရခဲ့တာ ဖြစ်ပြီး ဂန်းနားတွေဟာ နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ ၅ ပွဲ ဆက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ အသင်းရဲ့ ဆိုးဝါးတဲ့ ရလဒ်တွေကြောင့် အာဆင်နယ်နယ်ဟာ အမှတ်ပေးဇယား အဆင့် ၈ နေရာထိ ရောက်နေပြီး ဒီရာသီ အဖွင့်ပွဲက နိုင်ပွဲ နောက်ပိုင်း အဝေးကွင်း နိုင်ပွဲလည်း ပျောက်ဆုံးနေပါတယ်။”

” အာဆင်နယ်ဟာ သူတို့ရဲ့ ခံနိုင်ရည်စွမ်း ခံစစ် စွမ်းရည်ကိုလည်း ပြသဖို့ လိုသလို ပြိုင်ဘက်အသင်းကို အရည်အချင်းကောင်းတွေနဲ့ ယှဉ်ဖို့လည်း လိုပါတယ်။ ဖိအားတွေ ဝင်ထားတဲ့ အာဆင်နယ်ဟာ မာဆေးဆိုဒ်မှာ နိုင်ပွဲကြီး ရထားလို့ တက်ကြွနေတဲ့ နောဝစ်ချ်ကို အာဆင်နယ် ကျော်ဖြတ်နိုင်ဖို့ လိုနေပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး အာဆင်နယ် အနိုင် ပဲ ဖြစ်ပါတယ်။

Zawgyi

ဖိအားေတြ မ်ားေနတဲ့ အာဆင္နယ္အသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာေတာ့ တန္းတက္ ေနာ၀စ္ခ်္အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ လာမယ့္ တနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၈ နာရီခြဲပါ။

ဒီပြဲစဥ္ မတိုင္ခင္မွာ အာဆင္နယ္က ရမွတ္ ၁၈ မွတ္နဲ႕ အဆင့္ ၈ ေနရာမွာ ရွိျပီး ေနာ၀စ္ခ်္ကေတာ့ ရမွတ္ ၁၀ မွတ္နဲ႕ အဆင့္ ၁၈ မွာ ရွိေနပါတယ္။ ေနာ၀စ္ခ်္ အာဆင္နယ္ ပြဲစဥ္အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ ခန္႔မွန္း သံုးသပ္ခ်က္ကို ေဖာ္ျပေပးပါမယ္။

” ေနာ၀စ္ခ်္ဟာ ျပီးခဲ့တဲ့ စေနက ဂြတ္ဒီဆင္ပါ့ခ္မွာ ၂-၀ ရလဒ္နဲ႕ ထိုက္တန္တဲ့ နုိင္ပြဲ ရခဲ့ပါတယ္။ ဒါေပမယ့္ အာဆင္နယ္ကေတာ့ အဲဗာတန္ထက္ ပိုေကာင္းတဲ့ တိုက္စစ္ ျခိမ္းေျခာက္မႈ လုပ္နုိင္တဲ့ အသင္း ျဖစ္ျပီး ကားရိုးလမ္းမွာ သံုးမွတ္အျပည့္ပိုက္ျပီး လန္ဒန္ ျပန္သြားပါလိမ့္မယ္။ ”

” အာဆင္နယ္က ေဆာက္သမ္တန္နဲ႕ပြဲမွာ ကံေကာင္းလို႔ သေရတစ္မွတ္ ရခဲ့တာ ျဖစ္ျပီး ဂန္းနားေတြဟာ ေနာက္ဆံုး ကစားထားတဲ့ လိဂ္ပြဲ ၅ ပြဲ ဆက္ နုိင္ပြဲ ေပ်ာက္ဆံုးေနပါတယ္။ အသင္းရဲ႕ ဆိုး၀ါးတဲ့ ရလဒ္ေတြေၾကာင့္ အာဆင္နယ္နယ္ဟာ အမွတ္ေပးဇယား အဆင့္ ၈ ေနရာထိ ေရာက္ေနျပီး ဒီရာသီ အဖြင့္ပြဲက နိုင္ပြဲ ေနာက္ပိုင္း အေ၀းကြင္း နုိင္ပြဲလည္း ေပ်ာက္ဆံုးေနပါတယ္။”

” အာဆင္နယ္ဟာ သူတို႔ရဲ႕ ခံနိုင္ရည္စြမ္း ခံစစ္ စြမ္းရည္ကိုလည္း ျပသဖို႔ လိုသလို ျပိဳင္ဘက္အသင္းကို အရည္အခ်င္းေကာင္းေတြနဲ႕ ယွဥ္ဖို႔လည္း လိုပါတယ္။ ဖိအားေတြ ၀င္ထားတဲ့ အာဆင္နယ္ဟာ မာေဆးဆိုဒ္မွာ နုိင္ပြဲၾကီး ရထားလို႕ တက္ၾကြေနတဲ့ ေနာ၀စ္ခ်္ကို အာဆင္နယ္ ေက်ာ္ျဖတ္နုိင္ဖို႔ လိုေနပါတယ္။ ” လို႔ အုိ၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ နွစ္သင္းလံုး ဂိုးသြင္းျပီး အာဆင္နယ္ အနုိင္ ပဲ ျဖစ္ပါတယ္။