ဒီအပတ်မှာ ချယ်ဆီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် ဝက်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲ ကစားရမှာဖြစ်ပြီး မန်စီးတီးကို အရေးနိမ့်ခဲ့မှုကနေ တုန့်ပြန်ပြနိုင်ဖို့က ဒီပွဲကို သေချာပေါက် အနိုင်ယူဖို့ လိုအပ်နေတာဖြစ်တယ်။

ဝက်ဟမ်းက ဒီရာသီမှာ ရလဒ်တွေဆိုးနေပြီး မန်နေဂျာပယ်လီဂရီနီကို ရာထူးကနေ ထုတ်ပယ်မယ်လို့ သတင်းထွက်ထားပါတယ်။ ဒါပေမယ့် ဒါဘီပွဲမှာတော့ ဝက်ဟမ်းက သက်သောင့်သက်သာနဲ့ အနိုင်ပေးဖို့ လာမှာမဟုတ်တာကို ချယ်ဆီးဘက်က နားလည်ထားဖို့ လိုမှာဖြစ်တယ်။ စကိုင်းစပေါ့မှ သုံးသပ်သူ ချာလီနီကိုးလက်စ်ကတော့ ဒီပွဲမှာ လမ်းပတ်ရဲ့ အသင်းကပဲ ဂိုးပြတ် အနိုင်ရလိမ့်မယ်လို့ သုံးသပ်သွားပါတယ်။

ချာလီက ပြောရာမှာ ” စပါးကို အရေးနိမ့်မယ်ဆိုရင် ပယ်လီဂရီနီက ရာထူးကနေ ထုတ်ပယ်ခံရမယ်လို့ ကျနော် ပြောခဲ့ပေမယ့် သူ အထုတ်မခံရသေးတာကို အံ့အားသင့်မိပါတယ်။ ပြန်တုန့်ပြန်နိုင်ဖို့ အနေအထားက ကျော်လွန်သွားတဲ့ အနေအထားကို ရောက်နေပါတယ်။ သူတို့မှာရှိတဲ့ ကစားသမားကောင်းတွေနဲ့ အကောင်းဆုံးတွေ လုပ်နိုင်ပြီး နိုဘယ်က အသင်းက ကစားသမားတွေကို ပိုပြီး စွမ်းဆောင်ပေးဖို့ တိုက်တွန်းမှုတွေ လုပ်ပါလိမ့်မယ်။

ဝက်ဟမ်းဆိုတာ လမ်းပတ်ရဲ့ ကလပ်အသင်းဟောင်းပါ။ ချယ်ဆီးက ဝက်ဟမ်းကို အနိုင်ရမယ်ဆိုတာကလွဲလို့ အခြားရလဒ် မမြင်မိပါဘူး။ ချယ်ဆီးဟာ ချန်ပီယံလိဂ်ကနေ ပြန်လာပြီး ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် သက်သောင့်သက်သာနဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်သင့်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လန်ဒန်ဒါဘီပွဲအဖြစ် စတမ်းဖိုဒ့်ဘရစ်မှာ ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးနဲ့ ဝက်ဟမ်းပွဲကိုတော့ ၂-၀ ဆိုတဲ့ ရလဒ် ထွက်ပေါ်လိမ့်မယ်လို့ ချာလီနီကိုးလက်စ်က ခန့်မှန်းသွားပါတယ်။

ZAWGYI

ဒီအပတ္မွာ ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၄ အျဖစ္ ဝက္ဟမ္းနဲ႔ လန္ဒန္ဒါဘီပြဲ ကစားရမွာျဖစ္ျပီး မန္စီးတီးကို အေရးနိမ့္ခဲ့မႈကေန တုန္႔ျပန္ျပႏုိင္ဖို႔က ဒီပြဲကို ေသခ်ာေပါက္ အႏုိင္ယူဖို႔ လိုအပ္ေနတာျဖစ္တယ္။

ဝက္ဟမ္းက ဒီရာသီမွာ ရလဒ္ေတြဆိုးေနျပီး မန္ေနဂ်ာပယ္လီဂရီနီကို ရာထူးကေန ထုတ္ပယ္မယ္လို႔ သတင္းထြက္ထားပါတယ္။ ဒါေပမယ့္ ဒါဘီပြဲမွာေတာ့ ဝက္ဟမ္းက သက္ေသာင့္သက္သာနဲ႔ အႏုိုင္ေပးဖို႔ လာမွာမဟုတ္တာကို ခ်ယ္ဆီးဘက္က နားလည္ထားဖို႔ လိုမွာျဖစ္တယ္။ စကိုင္းစေပါ့မွ သံုးသပ္သူ ခ်ာလီနီကိုးလက္စ္ကေတာ့ ဒီပြဲမွာ လမ္းပတ္ရဲ႕ အသင္းကပဲ ဂိုးျပတ္ အႏုိင္ရလိမ့္မယ္လို႔ သံုးသပ္သြားပါတယ္။

ခ်ာလီက ေျပာရာမွာ ” စပါးကို အေရးနိမ့္မယ္ဆိုရင္ ပယ္လီဂရီနီက ရာထူးကေန ထုတ္ပယ္ခံရမယ္လို႔ က်ေနာ္ ေျပာခဲ့ေပမယ့္ သူ အထုတ္မခံရေသးတာကို အံ့အားသင့္မိပါတယ္။ ျပန္တုန္႔ျပန္ႏုိင္ဖို႔ အေနအထားက ေက်ာ္လြန္သြားတဲ့ အေနအထားကို ေရာက္ေနပါတယ္။ သူတို႔မွာရွိတဲ့ ကစားသမားေကာင္းေတြနဲ႔ အေကာင္းဆံုးေတြ လုပ္ႏုိင္ျပီး ႏိုဘယ္က အသင္းက ကစားသမားေတြကို ပိုျပီး စြမ္းေဆာင္ေပးဖို႔ တိုက္တြန္းမႈေတြ လုပ္ပါလိမ့္မယ္။

ဝက္ဟမ္းဆိုတာ လမ္းပတ္ရဲ႕ ကလပ္အသင္းေဟာင္းပါ။ ခ်ယ္ဆီးက ဝက္ဟမ္းကို အႏုိင္ရမယ္ဆိုတာကလြဲလို႔ အျခားရလဒ္ မျမင္မိပါဘူး။ ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္ကေန ျပန္လာျပီး ယွဥ္ျပိဳင္ရမွာျဖစ္ေပမယ့္ သက္ေသာင့္သက္သာနဲ႔ ႏုိင္ပြဲတစ္ပြဲ ျဖစ္သင့္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လန္ဒန္ဒါဘီပြဲအျဖစ္ စတမ္းဖိုဒ့္ဘရစ္မွာ ယွဥ္ျပိဳင္ကစားမယ့္ ခ်ယ္ဆီးနဲ႔ ဝက္ဟမ္းပြဲကိုေတာ့ ၂-၀ ဆိုတဲ့ ရလဒ္ ထြက္ေပၚလိမ့္မယ္လို႔ ခ်ာလီနီကိုးလက္စ္က ခန္႔မွန္းသြားပါတယ္။