လီဗာပူးဟာ ဗုဒ္ဒဟူးနေ့က အန်ဖီးမှာ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲအတွင်း နာပိုလီကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ လိုဗရန်ရဲ့ ခေါင်းတိုက်ဂိုးက ပထမပိုင်းအတွင်း ဒရိုင်းမာတင်ရဲ့ အဖွင့်ဂိုးက ချေပပေးခဲ့ပေမယ့် ဒါဟာ အီတလီဘီလူးတွေရဲ့ခံစစ်ကို လီဗာပူးတို့ ချိုးဖောက်နိုင်ခဲ့တဲ့ တစ်ကြိမ်တည်းသော အခွင့်အရေးပဲ ဖြစ်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် တစ်ပွဲကျန်အခြေအနေမှာတင်အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ဖို့ အခွင့်အရေးကို လီဗာပူးအသင်း လွဲချော်ခဲ့ပြီး ဆဆဲလ်ဘတ်နဲ့ပွဲမှာ ရလဒ်ကောင်းရဖို့တော့ လိုအပ်နေပြီဖြစ်ပါတယ်။ ကံမကောင်းစွာပဲ နာပိုလီနဲ့ပွဲ ပွဲအစပိုင်းမှာတင် ဖာဘင်ညိုက ဒဏ်ရာရခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဝါကဒ် ထိထားတာကြောင့် ဘယ်လိုနေနေ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်မှာမဟုတ်ပေမယ့် နောက်ပွဲတွေမှာ ကာလတစ်ခုထိ ပါဝင်ရဖို့လဲ မသေချာတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒါကြောင့် ကလော့ပ်အနေနဲ့ ဒီတစ်ပတ် ဂရေဟမ်ပေါ်တာရဲ့အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ နာပိုလီနဲ့ပွဲက ပွဲထွက်စာရင်းကို အနည်းဆုံးတော့ အပြောင်းအလဲ တစ်ခု လုပ်ရတော့မှာဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က နေရာတစ်နေရာတည်း ကစားနိုင်တဲ့ သူတွေထက် စွယ်စုံရကစားသမားတွေကို ပိုနှစ်သက်သူပါ။ ဖာဘင်ညိုနဲ့ မာတစ် ဒဏ်ရာတွေအတွက် အပြောင်းအလဲလုပ်ဖို့ စတင်နေတာလည်းဖြစ်တယ်။

ဒီအပြောင်းအလဲက ကာလတစ်ခုထိလည်း ကြာမြင့်မှာဖြစ်လို့ ဘယ်သူတွေကို ကလော့ပ် ဦးစားပေး ရွေးချယ်နိုင်လဲဆိုတာ ကြည့်ရအောင်ပါ။

ချိန်ဘာလိန်

နာပိုလီနဲ့ပွဲမှာ ဖာဘင်ဟို၊ ဟန်ဒါဆန်နဲ့ ဂျိမ်းစ်မီနာတို့ရဲ့ ကွင်းလယ်ဟာ အနည်းငယ် အားစိုက်ခဲ့ရပါတယ်။ သူတို့ရဲ့ ပုံမှန်လုပ်အားနှုန်းတွေကို ပြသခဲ့ကြပေမယ့် နာပိုလီခံစစ်ကို ထိုးဖောက်ဖို့တော့ မလုပ်နိုင်ခဲ့ကြပါဘူး။ ညာခြမ်းမှာ အာနိုးရဲ့ ဟန်ချက်ညီမှုနဲ့ တိုက်စစ်ပံ့ပိုးမှုတွေ မရှိခဲ့တာကလဲ အားနည်းချက်ဖြစ်ခဲ့တာပါ။

ဂျိုးဂိုးမက်စ်က ညာတောင်ပံ ခံစစ်နေရာမှာ ကစားခဲ့ပြီး ကြိုးစားရုန်းကန်ခဲ့ပေမယ့်လဲ အဆင်မပြေခဲ့ပဲ ဟန်ဒါဆန်က ညာခြမ်းပြောင်းလဲခဲ့ရသလို သူက ချိန်ဘာလိန်နဲ့ လူစားလဲခံခံ့ရပါတယ်။ ချိန်ဘာလိန် မဝင်လာခင် လီဗာပူးဟာ ပိုမို ခြိမ်းခြောက်လာခဲ့ပြီး တိုက်စစ်က ပိုပြီးအန္တရာယ်ပေးနိုင်ခဲ့ကာ သူဝင်လာပြီးမကြာခင် လိုဗရန်က ချေပဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

ချိန်ဘာလိန်အတွက် အကောင်းဆုံးနေရာက ကွင်းလယ်တိုက်စစ်ဖြစ်ပေမယ့် ဒဏ်ရာက ပြန်သက်သာလာတဲ့ ကစားသမား တစ်ဦးအတွက် အရေးအကြီးဆုံးက သူကစားနိုင်တဲ့ နေရာမှာ ပေးကစားဖို့ထက် မိနစ် ၉၀ ပွဲဖိအားတွေကို ရင်ဆိုင်နိုင်ဖို့ ပွဲတွေကို ပြန်မိတ်ဆက်ပေးဖို့ဖြစ်တယ်။ ဒါကြောင့် ချိန်ဘာလိန်ကို သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ ဘယ်တောင်ပံ ညာတောင်ပံတွေကနေ ကလော့ပ် ထုတ်သုံးနေတာဖြစ်တယ်။ အကောင်းဆုံး ကြံ့ခိုင်မှု ပြန်ရခဲ့ရင် ချိန်ဘာလိန်က သူ့ရဲ့နေရာကို ပြန်ရမှာပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း ချန်ပီယံလိဂ်က ဒီရာသီမှာ ချိန်ဘာလိန်ကို ကြင်နာမှုရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အခိုက်အတန့်ကောင်းတွေနဲ့ ဝေးကွာနေဆဲဖြစ်ပေမယ့်လဲ ချိန်ဘာလိန်က ဥရောပပြိုင်ပွဲမှာတော့ ကလော့ပ်အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒူးဒဏ်ရာရအပြီး ဂျန့်ခ်နဲ့ နောက်ဆုံး ၂ ပွဲမှာ ချိန်ဘာလိန်က ၃ဂိုး သွင်းယူခဲ့တာပါ။ နာပိုလီနဲ့ပွဲမှာလဲ ထပ်မံတောက်ပပြခဲ့ပြီး ဖာဘင်ဟို မပါဝင်နိုင်တာက ဘရိုက်တန်နဲ့ပွဲမှာ သူ့အတွက် အခွင့်အရေး ဖြစ်နိုင်ပါတယ်။

ဂျိုးဂိုးမက်စ်

လူငယ်နောက်ခံလူဟာ လီဗာပူးမှာ အကောင်းဆုံး ပုံစံတွေရခဲ့ပေမယ့် ခြေထောက်ကျိုးတဲ့ဒဏ်ရာကနေ ဧပြီလမှာ ပြန်လာပြီးကတည်းက ပြန်လည်ကောင်းမွန်လာရေးအတွက်ကော ခြေစွမ်းပြန်ပြနိုင်ဖို့အတွက်ပါ အချိန်ယူခဲ့ရတာပါ။ နာပိုလီနဲ့ပွဲမှာ အာနိုးရဲ့ ညာနောက်တန်းနေရာအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

ဂိုးမက်စ်ဟာ အန်ဆယ်လော့တီရဲ့အသင်းကို ကောင်းကောင်း ခုခံခဲ့ပေမယ့် အသင်းဖော်တွေ တိုက်စစ်ဆင်ဖို့ အတွက်တော့ မကူညီနိုင်ခဲ့ပါဘူး။ ဗဟိုခံစစ်ကစားသမားအနေနဲ့ သူ့မူလနေရာ မဟုတ်တဲ့နေရာမှာ ကစားခဲ့ရပေမယ့် ဂိုးမက်စ်ကို အချိန်ပေးဖို့၊ ပွဲတွေကို ပြန်မိတ်ဆက်ပေးမှုနဲ့အတူ ယုံကြည်မှု တည်ဆောက်ပေးဖို့ ကလော့ပ်က ဆုံးဖြတ်ထားမှာပါ။ ကာလရှည် လွဲချော်နေခဲ့ရပြီးနောက် ပွဲကစားခွင့် ပြန်ရမှာဖြစ်ပေမယ့် ဘယ်နေရာမှာ ကစားမလဲဆိုတာကို မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။

သူဟာ ချန်ပီယံလိဂ်မှာ ဗဟိုခံစစ် အနေနဲ့ ၂ ကြိမ်၊ ညာနောက်တန်း အနေနဲ့ ၂ ကြိမ်ကစားခဲ့ရပြီး ဒီရာသီ နောဝစ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတော့ ဗဟိုခံစစ်မှာ ကစားခဲ့ရပါတယ်။ ဘယ်အစွန်နေရာမှာလည်း ကစားနိုင်တဲ့ ဂိုးမက်စ်ရဲ့ အကောင်းဆုံးနေရာက ဗန်ဒိုက်နဲ့အတူ ဗဟိုခံစစ် နေရာဖြစ်ပါတယ်။ မနှစ်ကရာသီအစမှာ နှစ်ယောက်လုံးက ရပ်တန့်လို့မရတဲ့ ခံစစ်အတွဲ ဖြစ်ခဲ့တာပါ။ ဒါပေမယ့်လဲ ဂိုးမက်စ် ဒဏ်ရာရခဲ့တဲ့နောက်မှာ မာတစ်က တောက်ပလာခဲ့ကာ အင်္ဂလန်လူငယ်ကို ကွင်းဘေးမှာပဲ နေစေခဲ့ပြီးနောက် ဒီရာသီမှာတော့ လိုဗရန်က သူတို့ရဲ့ အရည်အသွေးကို ကလော့ပ် သိအောင် ပြသခဲ့ပြီး လီဗာပူးနည်းပြရဲ့ အစီအစဉ်တွေမှာ ပါဝင်ခဲ့ရပါတယ်။

အခုချိန်မှာ မာတစ်က ဒဏ်ရာရနေပြီး လိုဗရန်က ကောင်းကောင်း ကစားနေတာကြောင့် ဂိုးမက်စ်က ဗဟိုခံစစ်မှာ ကစားရမှာတော့ မဟုတ်ပါဘူး။ အာနိုးကလဲ အနာဂတ်မှာ ညာနောက်တန်း အတွက် ဆက်ကစားပေးမှာဖြစ်တာကြောင့် ဂိုမက်စ်ကို ညာအစွန်၊ ဘယ်အစွန်နဲ့ ဘယ်အစွန်နေရာတွေအတွက် ဝှက်ဖဲအနေနဲ့ သုံးဖို့ ကလော့ပ်က စီစဉ်နေတာဖြစ်တယ်။ အခုချိန်မှာ သူ့ကို ဥရောပပွဲတွေမှ သုံးနေပြီး လာမယ့်ပွဲကြပ်ကာလမှာတော့ ဗဟိုခံစစ် နေရာကို ပြန်ပေးဖို့ အခွင့်အရေး ရှိလာနိုင်ပါတယ်။

ယာဂင်ကလော့ပ်ဟာ သူလိုအပ်တဲ့ အနေအထားရောက်အောင် ကစားသမားတွေကို လေ့ကျင့်ရေးမှာ အချိန်ပေးတတ်သလို၊ နည်စနစ်ပိုင်း စမ်းသပ်သုံးမှုတွေမှာလည်း ရဲတင်းလွန်းသူဖြစ်တယ်။ ချိန်ဘာလိန်နဲ့ ဂိုးမက်စ်ကို သူ ထုတ်သုံးနေမှုက ပွဲကြပ်ကာလ ခေါင်းခဲစရာ ကြံ့ခိုင်မှု ပြဿနာတွေအတွက် ပြင်ဆင်နေမှုဖြစ်ပြီး ဒါတွေ အလုပ်ဖြစ်မလားက ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ မြင်ကြရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ဗုဒၵဟူးေန႔က အန္ဖီးမွာ တစ္ဂိုးစီ သေရက်ခဲ့တဲ့ပြဲအတြင္း နာပိုလီကို အႏိုင္ရဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ဒုတိယပိုင္းမွာ လိုဗရန္ရဲ႕ ေခါင္းတိုက္ဂိုးက ပထမပိုင္းအတြင္း ဒ႐ိုင္းမာတင္ရဲ႕ အဖြင့္ဂိုးက ေခ်ပေပးခဲ့ေပမယ့္ ဒါဟာ အီတလီဘီလူးေတြရဲ႕ခံစစ္ကို လီဗာပူးတို႔ ခ်ိဳးေဖာက္ႏိုင္ခဲ့တဲ့ တစ္ႀကိမ္တည္းေသာ အခြင့္အေရးပဲ ျဖစ္ခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ တစ္ပြဲက်န္အ​ေျခအေနမွာတင္အုပ္စုအဆင့္ကေန တက္လွမ္းႏိုင္ဖို႔ အခြင့္အေရးကို လီဗာပူးအသင္း လြဲေခ်ာ္ခဲ့ၿပီး ဆဆဲလ္ဘတ္နဲ႔ပြဲမွာ ရလဒ္ေကာင္းရဖို႔ေတာ့ လိုအပ္ေနၿပီျဖစ္ပါတယ္။ ကံမေကာင္းစြာပဲ နာပိုလီနဲ႔ပြဲ ပြဲအစပိုင္းမွာတင္ ဖာဘင္ညိဳက ဒဏ္ရာရခဲ့ၿပီး ပရီးမီးယားလိဂ္မွာ အဝါကဒ္ ထိထားတာေၾကာင့္ ဘယ္လိုေနေန ဘ႐ိုက္တန္နဲ႔ပြဲမွာ ပါဝင္မွာမဟုတ္ေပမယ့္ ေနာက္ပြဲေတြမွာ ကာလတစ္ခုထိ ပါဝင္ရဖို႔လဲ မေသခ်ာတဲ့ အေျခအေန ျဖစ္ေနပါတယ္။

ဒါေၾကာင့္ ကေလာ့ပ္အေနနဲ႔ ဒီတစ္ပတ္ ဂေရဟမ္ေပၚတာရဲ႕အသင္းနဲ႔ ရင္ဆိုင္ရမယ့္ပြဲမွာ နာပိုလီနဲ႔ပြဲက ပြဲထြက္စာရင္းကို အနည္းဆုံးေတာ့ အေျပာင္းအလဲ တစ္ခု လုပ္ရေတာ့မွာျဖစ္ပါတယ္။ ယာဂင္ကေလာ့ပ္က ေနရာတစ္ေနရာတည္း ကစားႏုိင္တဲ့ သူေတြထက္ စြယ္စံုရကစားသမားေတြကို ပိုႏွစ္သက္သူပါ။ ဖာဘင္ညိဳနဲ႔ မာတစ္ ဒဏ္ရာေတြအတြက္ အေျပာင္းအလဲလုပ္ဖို႔ စတင္ေနတာလည္းျဖစ္တယ္။

ဒီအေျပာင္းအလဲက ကာလတစ္ခုထိလည္း ၾကာျမင့္မွာျဖစ္လို႔ ဘယ္သူေတြကို ကေလာ့ပ္ ဦးစားေပး ေ႐ြးခ်ယ္ႏိုင္လဲဆိုတာ ၾကည့္ရေအာင္ပါ။

ခ်ိန္ဘာလိန္

နာပိုလီနဲ႔ပြဲမွာ ဖာဘင္ဟို၊ ဟန္ဒါဆန္နဲ႔ ဂ်ိမ္းစ္မီနာတို႔ရဲ႕ ကြင္းလယ္ဟာ အနည္းငယ္ အားစိုက္ခဲ့ရပါတယ္။ သူတို႔ရဲ႕ ပုံမွန္လုပ္အားႏႈန္းေတြကို ျပသခဲ့ၾကေပမယ့္ နာပိုလီခံစစ္ကို ထိုးေဖာက္ဖို႔ေတာ့ မလုပ္ႏိုင္ခဲ့ၾကပါဘူး။ ညာျခမ္းမွာ အာႏိုးရဲ႕ ဟန္ခ်က္ညီမႈနဲ႔ တိုက္စစ္ပံ့ပိုးမႈေတြ မရွိခဲ့တာကလဲ အားနည္းခ်က္ျဖစ္ခဲ့တာပါ။

ဂ်ိဳးဂိုးမက္စ္က ညာေတာင္ပံ ခံစစ္ေနရာမွာ ကစားခဲ့ၿပီး ႀကိဳးစား႐ုန္းကန္ခဲ့ေပမယ့္လဲ အဆင္မေျပခဲ့ပဲ ဟန္ဒါဆန္က ညာျခမ္းေျပာင္းလဲခဲ့ရသလို သူက ခ်ိန္ဘာလိန္နဲ႔ လူစားလဲခံခံ့ရပါတယ္။ ခ်ိန္ဘာလိန္ မဝင္လာခင္ လီဗာပူးဟာ ပိုမို ၿခိမ္းေျခာက္လာခဲ့ၿပီး တိုက္စစ္က ပိုၿပီးအႏၲရာယ္ေပးႏိုင္ခဲ့ကာ သူဝင္လာၿပီးမၾကာခင္ လိုဗရန္က ေခ်ပဂိုး သြင္းယူခဲ့တာျဖစ္ပါတယ္။

ခ်ိန္ဘာလိန္အတြက္ အေကာင္းဆံုးေနရာက ကြင္းလယ္တိုက္စစ္ျဖစ္ေပမယ့္ ဒဏ္ရာက ျပန္သက္သာလာတဲ့ ကစားသမား တစ္ဦးအတြက္ အေရးအၾကီးဆံုးက သူကစားႏုိင္တဲ့ ေနရာမွာ ေပးကစားဖို႔ထက္ မိနစ္ ၉၀ ပြဲဖိအားေတြကို ရင္ဆုိင္ႏုိင္ဖို႔ ပြဲေတြကို ျပန္မိတ္ဆက္ေပးဖို႔ျဖစ္တယ္။ ဒါေၾကာင့္ ခ်ိန္ဘာလိန္ကို သူ႔ရဲ႕ ပံုမွန္မဟုတ္တဲ့ ဘယ္ေတာင္ပံ ညာေတာင္ပံေတြကေန ကေလာ့ပ္ ထုတ္သံုးေနတာျဖစ္တယ္။ အေကာင္းဆံုး ၾကံ႕ခိုင္မႈ ျပန္ရခဲ့ရင္ ခ်ိန္ဘာလိန္က သူ႔ရဲ႕ေနရာကို ျပန္ရမွာပဲ ျဖစ္ပါတယ္။

သို႔ေပမယ့္လည္း ခ်န္ပီယံလိဂ္က ဒီရာသီမွာ ခ်ိန္ဘာလိန္ကို ၾကင္နာမႈရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ အခိုက္အတန္႔ေကာင္းေတြနဲ႔ ေဝးကြာေနဆဲျဖစ္ေပမယ့္လဲ ခ်ိန္ဘာလိန္က ဥေရာပၿပိဳင္ပြဲမွာေတာ့ ကေလာ့ပ္အတြက္ အေရးပါတဲ့ ကစားသမား ျဖစ္ခဲ့ပါတယ္။ ဒူးဒဏ္ရာရအၿပီး ဂ်န္႔ခ္နဲ႔ ေနာက္ဆုံး ၂ ပြဲမွာ ခ်ိန္ဘာလိန္က ၃ဂိုး သြင္းယူခဲ့တာပါ။ နာပိုလီနဲ႔ပြဲမွာလဲ ထပ္မံေတာက္ပျပခဲ့ၿပီး ဖာဘင္ဟို မပါဝင္ႏိုင္တာက ဘ႐ိုက္တန္နဲ႔ပြဲမွာ သူ႔အတြက္ အခြင့္အေရး ျဖစ္ႏိုင္ပါတယ္။

ဂ်ိဳးဂိုးမက္စ္

လူငယ္ေနာက္ခံလူဟာ လီဗာပူးမွာ အေကာင္းဆုံး ပုံစံေတြရခဲ့ေပမယ့္ ေျခေထာက္က်ိဳးတဲ့ဒဏ္ရာကေန ဧၿပီလမွာ ျပန္လာၿပီးကတည္းက ျပန္လည္ေကာင္းမြန္လာေရးအတြက္ေကာ ေျခစြမ္းျပန္ျပႏုိင္ဖို႔အတြက္ပါ အခ်ိန္ယူခဲ့ရတာပါ။ နာပိုလီနဲ႔ပြဲမွာ အာႏိုးရဲ႕ ညာေနာက္တန္းေနရာအတြက္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ဂိုးမက္စ္ဟာ အန္ဆယ္ေလာ့တီရဲ႕အသင္းကို ေကာင္းေကာင္း ခုခံခဲ့ေပမယ့္ အသင္းေဖာ္ေတြ တိုက္စစ္ဆင္ဖို႔ အတြက္ေတာ့ မကူညီႏိုင္ခဲ့ပါဘူး။ ဗဟိုခံစစ္ကစားသမားအေနနဲ႔ သူ႔မူလေနရာ မဟုတ္တဲ့ေနရာမွာ ကစားခဲ့ရေပမယ့္ ဂိုးမက္စ္ကို အခ်ိန္ေပးဖို႔၊ ပြဲေတြကို ျပန္မိတ္ဆက္ေပးမႈနဲ႔အတူ ယုံၾကည္မႈ တည္ေဆာက္ေပးဖို႔ ကေလာ့ပ္က ဆုံးျဖတ္ထားမွာပါ။ ကာလရွည္ လြဲေခ်ာ္ေနခဲ့ရၿပီးေနာက္ ပြဲကစားခြင့္ ျပန္ရမွာျဖစ္ေပမယ့္ ဘယ္ေနရာမွာ ကစားမလဲဆိုတာကို ေမးခြန္းထုတ္ရမွာျဖစ္ပါတယ္။

သူဟာ ခ်န္ပီယံလိဂ္မွာ ဗဟိုခံစစ္ အေနနဲ႔ ၂ ႀကိမ္၊ ညာေနာက္တန္း အေနနဲ႔ ၂ ႀကိမ္ကစားခဲ့ရၿပီး ဒီရာသီ ေနာဝစ္နဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာေတာ့ ဗဟိုခံစစ္မွာ ကစားခဲ့ရပါတယ္။ ဘယ္အစြန္ေနရာမွာလည္း ကစားႏုိင္တဲ့ ဂိုးမက္စ္ရဲ႕ အေကာင္းဆုံးေနရာက ဗန္ဒိုက္နဲ႔အတူ ဗဟိုခံစစ္ ေနရာျဖစ္ပါတယ္။ မႏွစ္ကရာသီအစမွာ ႏွစ္ေယာက္လုံးက ရပ္တန္႔လို႔မရတဲ့ ခံစစ္အတြဲ ျဖစ္ခဲ့တာပါ။ ဒါေပမယ့္လဲ ဂိုးမက္စ္ ဒဏ္ရာရခဲ့တဲ့ေနာက္မွာ မာတစ္က ေတာက္ပလာခဲ့ကာ အဂၤလန္လူငယ္ကို ကြင္းေဘးမွာပဲ ေနေစခဲ့ၿပီးေနာက္ ဒီရာသီမွာေတာ့ လိုဗရန္က သူတို႔ရဲ႕ အရည္အေသြးကို ကေလာ့ပ္ သိေအာင္ ျပသခဲ့ၿပီး လီဗာပူးနည္းျပရဲ႕ အစီအစဥ္ေတြမွာ ပါဝင္ခဲ့ရပါတယ္။

အခုခ်ိန္မွာ မာတစ္က ဒဏ္ရာရေနၿပီး လိုဗရန္က ေကာင္းေကာင္း ကစားေနတာေၾကာင့္ ဂိုးမက္စ္က ဗဟိုခံစစ္မွာ ကစားရမွာေတာ့ မဟုတ္ပါဘူး။ အာႏိုးကလဲ အနာဂတ္မွာ ညာေနာက္တန္း အတြက္ ဆက္ကစားေပးမွာျဖစ္တာေၾကာင့္ ဂိုမက္စ္ကို ညာအစြန္၊ ဘယ္အစြန္နဲ႔ ဘယ္အစြန္ေနရာေတြအတြက္ ဝွက္ဖဲအေနနဲ႔ သံုးဖို႔ ကေလာ့ပ္က စီစဥ္ေနတာျဖစ္တယ္။ အခုခ်ိန္မွာ သူ႔ကို ဥေရာပပြဲေတြမွ သုံးေနျပီး လာမယ့္ပြဲၾကပ္ကာလမွာေတာ့ ဗဟိုခံစစ္ ေနရာကို ျပန္ေပးဖို႔ အခြင့္အေရး ရွိလာႏိုင္ပါတယ္။

ယာဂင္ကေလာ့ပ္ဟာ သူလိုအပ္တဲ့ အေနအထားေရာက္ေအာင္ ကစားသမားေတြကို ေလ့က်င့္ေရးမွာ အခ်ိန္ေပးတတ္သလို၊ နည္စနစ္ပိုင္း စမ္းသပ္သံုးမႈေတြမွာလည္း ရဲတင္းလြန္းသူျဖစ္တယ္။ ခ်ိန္ဘာလိန္နဲ႔ ဂိုးမက္စ္ကို သူ ထုတ္သံုုးေနမႈက ပြဲၾကပ္ကာလ ေခါင္းခဲစရာ ၾကံ႕ခိုင္မႈ ျပႆနာေတြအတြက္ ျပင္ဆင္ေနမႈျဖစ္ျပီး ဒါေတြ အလုပ္ျဖစ္မလားက ခရစ္စမတ္နဲ႔ ႏွစ္သစ္ကူးကာလေတြမွာ ျမင္ၾကရမွာပဲ ျဖစ္ပါတယ္။