လီဗာပူး ဂန္တဝင် ကစားသမားကြီး ဂျင်မီကာရေဂါက လာမယ့်ဇန်နဝါရီမှာ တိုက်စစ်ကစားသမား တစ်ယောက် ခေါ်ယူဖို့ လီဗာပူးနည်းပြ ယာဂင် ကလော့ပ်ကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ ဒေါ့မွန်ကြယ်ပွင့် ဂျေဒန်ဆန်ချိုကို အန်ဖီးထံ ဆွဲဆောင်ဖို့ ကိစ္စကိုလည်း ကာရေဂါက ဆွေးနွေးခဲ့တာပါ။

လီဗာပူးဟာ ချန်ပီယံလိဂ် အောင်မြင်ခဲ့ပြီးနောက် အက်ဒရီရန်နဲ့ ဆပ်ဗန်ဒန်ဘက်ကလွဲရင် နွေအပြောင်းအရွှေ့မှာ လှုပ်ရှားမှုမရှိပဲ ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။ ငွေသိပ်မသုံးခဲ့ပေမယ့်လဲ ဒီရာသီမှာ လီဗာပူးဟာ အမြင့်ဆုံး ပျံသန်းပြနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၁ နေရာမှာ ၈မှတ် အသာနဲ့ ဦးဆောင်နေပါတယ်။

လီဗာပူးက ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့လဲ မျှော်လင့်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဆာလက်၊ မာနေး ဒါမှမဟုတ် ဖာမီနို တိုက်စစ်သမား တစ်ယောက်ယောက် ဒဏ်ရာရရင် ဖလားမျှော်လင့်ချက် ထိခိုက်မလားဆိုတာကလဲ သံသယရှိစရာပါ။ ကာရေဂါ ကတော့ အသင်းတိုက်စစ်ကို အင်အားဖြည့်ပေးဖို့ ဇန်နဝါရီမှာ နောက်ထပ်တိုက်စစ်တစ်ယောက် ခေါ်ယူဖို့ ကလော့ပ်ကို တိုက်တွန်းခဲ့ပြီး လာလီဂါကိုပဲ ပြောင်းလိုနေတဲ့ အင်္ဂလန်သား ဆန်ချိုက ပြီးပြည့်စုံတဲ့ ခေါ်ယူမှုဖြစ်လိမ့်မယ်လို့ ၎င်းက ယူဆထားပါတယ်။

” လီဗာပူးဟာ တိုက်စစ်သုံးယောက်ကို ပံ့ပိုးပေးဖို့ သူတစ်ယောက် လိုအပ်နေဆဲပါ ဖြစ်နိုင်မယ်ဆိုရင် တိုက်စစ်သမား လေးယောက်ပုံစံလိုပေါ့။ တိုက်စစ်သုံးယောက်မှာ တစ်ယောက်က မကစားနိုင်တဲ့အခါ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်၊ ပြီးခဲ့တဲ့အပတ်က ဆာလက် မကစားနိုင်တဲ့အခါ ချိန်ဘာလိန် ဝင်ကစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူး၊ အိုရီဂီလဲ အလုပ်မဖြစ်ပါဘူး။ ”

” ဘွန်ဒက်စ်လီဂါက တစ်ယောက်ယောက် အင်္ဂလန်ကိုလာဖို့ ပြောဆိုမှုတွေ ရှိနေတယ်၊ ဆန်ချိုကို လီဗာပူးရော တခြား ပရီးမီးယားလိဂ် ကလပ်တွေကပါ စောင့်ကြည့်နေတာပါ၊ အတိတ်မှာ ဇန်နဝါရီမှာ လီဗာပူးအတွက် အကောင်းဆုံး ခေါ်ယူမှုတွေရှိခဲ့တယ်၊ ဗန်ဒိုက်၊ ဆွာရက်ဇ်၊ ဒန်နီရယ် အက်ဂါတို့က ကြီးကျယ်တဲ့ ကစားသမားတွေပါ၊ စတာရစ် ရောပေါ့၊”

” ပိုပြီးအရည်အချင်းရှိတဲ့သူတစ်ယောက်၊ လာမယ့်လတွေမှာ အသင်းကို ရှေ့ဆက်ဖို့ ကူညီနိုင်တဲ့သူ တစ်ယောက်ယောက်ကို ခေါ်ယူတာ မြင်ချင်ပါတယ်၊ ဒါက ကလော့ပ်စဉ်းစားထားတဲ့ နေရာမဟုတ်ဘူးလို့ ထင်ပါတယ်၊ ဒါပေမယ့် လီဗာပူးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘယ်သူ့ကိုမှ မခေါ်ခဲ့တာကြောင့် ဒီတစ်ခါတော့ သူတိူ့တွေ လှုပ်ရှားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ လေဗာကူဆင် ကွင်းလယ်လူ ကိုင်ဟားဗတ်ရဲ့ အပြောင်းအရွှေ့အတွက် သတင်းတွေလဲထွက်ခဲ့တာပါ။ အသက်၂၀ အရွယ် ကစားသမား အတွက် လီဗာပူးဟာ ကလပ်များစွာနဲ့ ပြိုင်ဆိုင်နေရတယ်လို့ ဂျာမန်သတင်းတွေက ဆိုပါတယ်။ ချယ်ဆီး၊ ယူနိုက်တက်၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာလဲ သူ့ကိုစိတ်ဝင်စားနေတာပါ။ ဒါပေမယ့် လီဗာပူးက ဟားဗတ်ကို လိုချင်တယ်ဆိုရင် အများကြီးပေးရပါလိမ့်မယ်။ လေဗာကူဆင်ဟာ နောက်နှစ်မှာ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း၁၁၀ဝန်းကျင် တောင်းဆိုနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ဂႏၱ၀င္ ကစားသမားၾကီး ဂ်င္မီကာေရဂါက လာမယ့္ဇန္နဝါရီမွာ တိုက္စစ္ကစားသမား တစ္​ေယာက္ ေခၚယူဖို႔ လီဗာပူးနည္းျပ ယာဂင္ ကေလာ့ပ္ကို တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။ ေဒါ့မြန္ၾကယ္ပြင့္ ေဂ်ဒန္ဆန္ခ်ိဳကို အန္ဖီးထံ ဆြဲေဆာင္ဖို႔ ကိစၥကိုလည္း ကာေရဂါက ေဆြးေႏြးခဲ့တာပါ။

လီဗာပူးဟာ ခ်န္ပီယံလိဂ္ ေအာင္ျမင္ခဲ့ၿပီးေနာက္ အက္ဒရီရန္နဲ႔ ဆပ္ဗန္ဒန္ဘက္ကလြဲရင္ ေႏြအေျပာင္းအေ႐ႊ႕မွာ လႈပ္ရွားမႈမရွိပဲ ၿငိမ္ေနခဲ့တာ ျဖစ္ပါတယ္။ ေငြသိပ္မသုံးခဲ့ေပမယ့္လဲ ဒီရာသီမွာ လီဗာပူးဟာ အျမင့္ဆုံး ပ်ံသန္းျပေနၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္၁ ေနရာမွာ ၈မွတ္ အသာနဲ႔ ဦးေဆာင္ေနပါတယ္။

လီဗာပူးက ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ဖို႔လဲ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ ဆာလက္၊ မာေနး ဒါမွမဟုတ္ ဖာမီႏို တိုက္စစ္သမား တစ္ေယာက္​ေယာက္ ဒဏ္ရာရရင္ ဖလားေမွ်ာ္လင့္ခ်က္ ထိခိုက္မလားဆိုတာကလဲ သံသယရွိစရာပါ။ ကာေရဂါ ကေတာ့ အသင္းတိုက္စစ္ကို အင္အားျဖည့္ေပးဖို႔ ဇန္နဝါရီမွာ ေနာက္ထပ္တိုက္စစ္တစ္ေယာက္ ေခၚယူဖို႔ ကေလာ့ပ္ကို တိုက္တြန္းခဲ့ျပီး လာလီဂါကိုပဲ ေျပာင္းလိုေနတဲ့ အဂၤလန္သား ဆန္ခ်ိဳက ၿပီးျပည့္စုံတဲ့ ေခၚယူမႈျဖစ္လိမ့္မယ္လို႔ ၄င္းက ယူဆထားပါတယ္။

” လီဗာပူးဟာ တိုက္စစ္သုံးေယာက္ကို ပံ့ပိုးေပးဖို႔ သူတစ္ေယာက္ လိုအပ္ေနဆဲပါ ျဖစ္ႏုိင္မယ္ဆိုရင္ တိုက္စစ္သမား ေလးေယာက္ပံုစံလိုေပါ့။ တိုက္စစ္သုံးေယာက္မွာ တစ္ေယာက္က မကစားႏိုင္တဲ့အခါ ႀကီးမားတဲ့ အေျပာင္းအလဲ ျဖစ္သြားႏိုင္တယ္၊ ၿပီးခဲ့တဲ့အပတ္က ဆာလက္ မကစားႏိုင္တဲ့အခါ ခ်ိန္ဘာလိန္ ဝင္ကစားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘူး၊ အိုရီဂီလဲ အလုပ္မျဖစ္ပါဘူး။ ”

” ဘြန္ဒက္စ္လီဂါက တစ္ေယာက္ေယာက္ အဂၤလန္ကိုလာဖို႔ ေျပာဆိုမႈေတြ ရွိေနတယ္၊ ဆန္ခ်ိဳကို လီဗာပူးေရာ တျခား ပရီးမီးယားလိဂ္ ကလပ္ေတြကပါ ေစာင့္ၾကည့္ေနတာပါ၊ အတိတ္မွာ ဇန္နဝါရီမွာ လီဗာပူးအတြက္ အေကာင္းဆုံး ေခၚယူမႈေတြရွိခဲ့တယ္၊ ဗန္ဒိုက္၊ ဆြာရက္ဇ္၊ ဒန္နီရယ္ အက္ဂါတို႔က ႀကီးက်ယ္တဲ့ ကစားသမားေတြပါ၊ စတာရစ္ ေရာေပါ့၊”

” ပိုၿပီးအရည္အခ်င္းရွိတဲ့သူတစ္ေယာက္၊ လာမယ့္လေတြမွာ အသင္းကို ေရွ႕ဆက္ဖို႔ ကူညီႏိုင္တဲ့သူ တစ္ေယာက္ေယာက္ကို ေခၚယူတာ ျမင္ခ်င္ပါတယ္၊ ဒါက ကေလာ့ပ္စဥ္းစားထားတဲ့ ေနရာမဟုတ္ဘူးလို႔ ထင္ပါတယ္၊ ဒါေပမယ့္ လီဗာပူးဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ဘယ္သူ႔ကိုမွ မေခၚခဲ့တာေၾကာင့္ ဒီတစ္ခါေတာ့ သူတိူ႔ေတြ လႈပ္ရွားလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ ေလဗာကူဆင္ ကြင္းလယ္လူ ကိုင္ဟားဗတ္ရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ သတင္းေတြလဲထြက္ခဲ့တာပါ။ အသက္၂၀ အ႐ြယ္ ကစားသမား အတြက္ လီဗာပူးဟာ ကလပ္မ်ားစြာနဲ႔ ၿပိဳင္ဆိုင္ေနရတယ္လို႔ ဂ်ာမန္သတင္းေတြက ဆိုပါတယ္။ ခ်ယ္ဆီး၊ ယူႏိုက္တက္၊ မန္စီးတီးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ဟာလဲ သူ႔ကိုစိတ္ဝင္စားေနတာပါ။ ဒါေပမယ့္ လီဗာပူးက ဟားဗတ္ကို လိုခ်င္တယ္ဆိုရင္ အမ်ားႀကီးေပးရပါလိမ့္မယ္။ ေလဗာကူဆင္ဟာ ေနာက္ႏွစ္မွာ သူတို႔ရဲ႕ၾကယ္ပြင့္ကစားသမားအတြက္ ေပါင္သန္း၁၁၀ဝန္းက်င္ ေတာင္းဆိုေနတာျဖစ္ပါတယ္။