လမ်းပတ်ဟာ ဒီရာသီအစောပိုင်း clean sheet အတွက် ရုန်းကန်နေခဲ့ရတဲ့ ကလပ်အသင်းရဲ့ စံချိန်တင်ကစားသမားဖြစ်သူ အက်သလက်တစ်ကစားသမားဟောင်း ကီပါအပေါ်ထားတဲ့ သူ့ရဲ့ ယုံကြည်မှုကို အခုလို ပြောပြခဲ့ပါတယ်။

“ ဂိုးသမားတွေက clean sheet အတွက်နဲ့ ဂုဏ်ယူကြတယ်။ ဒီနှစ်ကီပါနဲ့အတူ အလုပ်လုပ်ရင်း မြင်ခဲ့ရတာတစ်ခုက သူဟာအရမ်းစိတ်ဓာတ်ခိုင်မာပြီး တိုးတက်လိုတဲ့ သိပ်တော်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ သူ့ရဲ့ နေ့စဉ်အလုပ်ကို အရမ်းအာရုံစိုက်တယ်။ ဒါကိုကျနော်သဘောကျတယ်၊ သူ့ရဲ့ယုံကြည်ချက်ရှိမှုက ကျဆင်းမသွားသင့်ပါဘူး။

Clean sheet တွေက သူနဲ့ပဲ ဆိုင်တာမဟုတ်ဘူး၊ ဒါကိုသူသိပါတယ်။ ဒါပေမယ့် သူ့တာဝန်ရှိတယ်လို့ခံစားရတဲ့ အခိုက်အတန့်တွေမှာသူက တိုးတက်ဖို့လိုသေးတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဝန်ခံပါတယ်။ သူ့ကို တကယ်အထင်ကြီးမိပါတယ်” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

မနှစ်က ဖရန့်ဖတ်နဲ့ အိမ်ကွင်းပွဲအပါအဝင် ယူရိုပါလိဂ်မှာ ကီပါလက်စွမ်းပြခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ အာဆင်နယ်၊ စပါးတို့နဲ့ လိဂ်အဝေးကွင်းပွဲတွေမှာလဲ အစွမ်းပြခဲ့တာပါ။ သူ့အနေနဲ့ မနှစ်က အကောင်းဆုံးဖြစ်ခဲ့တဲ့ ပုံစံကောင်းတွေကို ပြန်လိုချင်နေနိုင်ပါတယ်။ ခက်ခဲတဲ့ကာလအတွင်း ပရိသတ်တွေရဲ့ အားပေးမှုပြန်ရဖို့ စစ်မှန်တဲ့အကောင်းဆုံးပုံစံတွေပြသဖို့လဲ လိုအပ်တာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ကစားသမားဘဝအစက တည်ငြိမ်တဲ့ လက်စွမ်းပြမှုတွေဟာ အခုချိန်မှာ ပျောက်ဆုံးနေတာကြောင့် ဖြစ်ပါတယ်။

ကီပါရဲ့ ကာကွယ်နိုင်မှု ရာခိုင်နှုန်းဟာ မနှစ်က ထိပ်သီး ၆ သင်းထဲမှာ အဆိုးဝါးဆုံး ဖြစ်ခဲ့ပြီး အခု အဲ့ဒီ့ထက်တောင် ပိုဆိုးလာခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ ကန်ချက် ကာကွယ်နိုင်မှု ၆၇.၈ % ကနေ ၅၂.၅ % ကို ကျဆင်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ မှာ ချယ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက ကီပါဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ၆၃.၉၈ % နဲ့ ဂိုးသမား ၃၃ ယောက် အထဲမှာ အဆင့် ၂၇ ဖြစ်ခဲ့တာပါ။

ချယ်ဆီးရဲ့ တတိယဂိုးသမားဟောင်း ဟင်းနရစ်က အသင်းကြီး ဂိုးနည်းပြဖြစ်ဖို့ လုံလောက်တဲ့ အဆင့်အတန်းမျိုး မရှိဘူးဆိုတဲ့ စောဒက တက်မှုလည်း ရှိနေပါတယ်။ ဟင်းနရစ်ဟာ ဒီရာသီအတွက် ပြင်ဆင်မှုအနေနဲ့ ကွန်တီနဲ့ ဆာရီလက်အောက်မှာ အရန် ဂိုးနည်းပြအနေနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ် အနေနဲ့ အပြောင်းအလဲလုပ်ပြီး မနှစ်က ဒါဘီမှာ တွဲလုပ်ခဲ့တဲ့ အိုင်ယာလန် ထာဝရအကောင်းဆုံးဂိုးသမား ရှေးဂစ်ဗင်ကို ဂိုးနည်းပြ အဖြစ် ခေါ်ယူသင့်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းလည်း ထွက်နေပါတယ်။

ZAWGYI

လမ္းပတ္ဟာ ဒီရာသီအေစာပိုင္း clean sheet အတြက္ ႐ုန္းကန္ေနခဲ့ရတဲ့ ကလပ္အသင္းရဲ႕ စံခ်ိန္တင္ကစားသမားျဖစ္သူ အက္သလက္တစ္ကစားသမားေဟာင္း ကီပါအေပၚထားတဲ့ သူ႔ရဲ႕ ယုံၾကည္မႈကို အခုလို ေျပာျပခဲ့ပါတယ္။

“ ဂိုးသမားေတြက clean sheet အတြက္နဲ႔ ဂုဏ္ယူၾကတယ္။ ဒီႏွစ္ကီပါနဲ႔အတူ အလုပ္လုပ္ရင္း ျမင္ခဲ့ရတာတစ္ခုက သူဟာအရမ္းစိတ္ဓာတ္ခိုင္မာၿပီး တိုးတက္လိုတဲ့ သိပ္ေတာ္တဲ့ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္ျဖစ္တယ္ဆိုတာပါပဲ။ သူ႔ရဲ႕ ေန႔စဥ္အလုပ္ကို အရမ္းအာ႐ုံစိုက္တယ္။ ဒါကိုက်ေနာ္သေဘာက်တယ္၊ သူ႔ရဲ႕ယုံၾကည္ခ်က္ရွိမႈက က်ဆင္းမသြားသင့္ပါဘူး။

Clean sheet ေတြက သူနဲ႔ပဲ ဆိုင္တာမဟုတ္ဘူး၊ ဒါကိုသူသိပါတယ္။ ဒါေပမယ့္ သူ႔တာဝန္ရွိတယ္လို႔ခံစားရတဲ့ အခိုက္အတန႔္ေတြမွာသူက တိုးတက္ဖို႔လိုေသးတယ္ဆိုတာကို ပြင့္ပြင့္လင္းလင္း ဝန္ခံပါတယ္။ သူ႔ကို တကယ္အထင္ႀကီးမိပါတယ္” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

မႏွစ္က ဖရန႔္ဖတ္နဲ႔ အိမ္ကြင္းပြဲအပါအဝင္ ယူ႐ိုပါလိဂ္မွာ ကီပါလက္စြမ္းျပခဲ့တဲ့ အခိုက္အတန႔္ေတြ ရွိခဲ့ပါတယ္။ အာဆင္နယ္၊ စပါးတို႔နဲ႔ လိဂ္အေဝးကြင္းပြဲေတြမွာလဲ အစြမ္းျပခဲ့တာပါ။ သူ႔အေနနဲ႔ မႏွစ္က အေကာင္းဆုံးျဖစ္ခဲ့တဲ့ ပုံစံေကာင္းေတြကို ျပန္လိုခ်င္ေနႏိုင္ပါတယ္။ ခက္ခဲတဲ့ကာလအတြင္း ပရိသတ္ေတြရဲ႕ အားေပးမႈျပန္ရဖို႔ စစ္မွန္တဲ့အေကာင္းဆုံးပုံစံေတြျပသဖို႔လဲ လိုအပ္တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ကစားသမားဘဝအစက တည္ၿငိမ္တဲ့ လက္စြမ္းျပမႈေတြဟာ အခုခ်ိန္မွာ ေပ်ာက္ဆုံးေနတာေၾကာင့္ ျဖစ္ပါတယ္။

ကီပါရဲ႕ ကာကြယ္ႏိုင္မႈ ရာခိုင္ႏႈန္းဟာ မႏွစ္က ထိပ္သီး ၆ သင္းထဲမွာ အဆိုးဝါးဆုံး ျဖစ္ခဲ့ၿပီး အခု အဲ့ဒီ့ထက္ေတာင္ ပိုဆိုးလာခဲ့တာပါ။ ပရီးမီးယားလိဂ္မွာ ကန္ခ်က္ ကာကြယ္ႏိုင္မႈ ၆၇.၈ % ကေန ၅၂.၅ % ကို က်ဆင္းခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ မွာ ခ်ယ္ဆီးကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးကတည္းက ကီပါဟာ ၿပီးခဲ့တဲ့ ႏွစ္ရာသီအတြင္း ၆၃.၉၈ % နဲ႔ ဂိုးသမား ၃၃ ေယာက္ အထဲမွာ အဆင့္ ၂၇ ျဖစ္ခဲ့တာပါ။

ခ်ယ္ဆီးရဲ႕ တတိယဂိုးသမားေဟာင္း ဟင္းနရစ္က အသင္းႀကီး ဂိုးနည္းျပျဖစ္ဖို႔ လုံေလာက္တဲ့ အဆင့္အတန္းမ်ိဳး မရွိဘူးဆိုတဲ့ ေစာဒက တက္မႈလည္း ရွိေနပါတယ္။ ဟင္းနရစ္ဟာ ဒီရာသီအတြက္ ျပင္ဆင္မႈအေနနဲ႔ ကြန္တီနဲ႔ ဆာရီလက္ေအာက္မွာ အရန္ ဂိုးနည္းျပအေနနဲ႔ လုပ္ခဲ့တာ ျဖစ္ပါတယ္။

လမ္းပတ္ အေနနဲ႔ အေျပာင္းအလဲလုပ္ၿပီး မႏွစ္က ဒါဘီမွာ တြဲလုပ္ခဲ့တဲ့ အိုင္ယာလန္ ထာဝရအေကာင္းဆုံးဂိုးသမား ေရွးဂစ္ဗင္ကို ဂိုးနည္းျပ အျဖစ္ ေခၚယူသင့္ဖို႔ ၾကိဳးစားေနတယ္ဆိုတဲ့ သတင္းလည္း ထြက္ေနပါတယ္။