ဒီအပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် အာဆင်နယ်ဟာ နော်ဝစ်ကွင်းမှာ အဝေးကွင်းပွဲအဖြစ် သွားရောက် ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။

အာဆင်နယ်ဟာ ညနေခင်းတုန်းကပဲ မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီဖြစ်ကာ ယာယီမန်နေဂျာအဖြစ် ယွန်းဘတ်ကို တာဝန်ယူစေခဲ့ပါပြီ။ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲကို တစ်ပွဲမှ အနိုင်မရခဲ့သလို အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ကျဆင်းနေခြင်းကြောင့် တာဝန်ရှိသူတွေက အမ်မရီကို သည်းခံနိုင်မှု ကုန်ခဲ့တာဖြစ်တယ်။

အမ်မရီမရှိတဲ့နောက် မန်နေဂျာသစ် ဘယ်သူဖြစ်လာမယ်ဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေပေမယ့် နော်ဝစ်နဲ့ပွဲမှာ ယွန်းဘတ်က ရလဒ်ကောင်းကို ရယူဖို့ ဦးဆောင်နိုင်မယ်လို့ စကိုင်းစပေါ့မှ ချာလီက ခန့်မှန်းခဲ့ပါတယ်။

” ပြီးခဲ့တဲ့ သီတင်းပတ်က နောဝစ်ချ်က အဲဗာတန်ကို နိုင်ပွဲကြီး ရခဲ့တယ်ဆိုရမှာပါ။ အဲဒီပွဲကို ကြည့်မိတော့ သူတို့ကို လက်ခုပ်တီးမိပါတယ်။ ပူကီက အခွင့်အရေး တချို့ ရခဲ့ပေမယ့် ထက်မြက်တဲ့ သူ့ဟန် ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါပေမယ့် သူ ပါဝင်လာတာကိုက နောဝစ်ချ် အတွက် ကွင်းထဲမှာ အင်အားကြီး ဖြစ်ပြီး ခံစစ် ကစားပုံလည်း မဆိုးခဲ့ကြပါဘူး။

ကျနော် ဟိုလူ့ထုတ် ဒီလူ့ထုတ် ကိစ္စတွေကို မုန်းပါတယ်။ ဒါမျိုးတွေ ခဏခဏ မြင်ချင်တာ မဟုတ်ဘူး ဒါပေမယ့် အူနိုင်း အမ်မရီကတော့ သွားကို သွားရမယ့်သူပါ။ သူ့ အခြေအနေဆိုးကို ငြင်းစရာ မရှိဘူး။ အသင်းခေါင်းဆောင် ကိစ္စတည်းက သူ့ အနေအထားက ပြိုလဲလာခဲ့ပြီး မှန်ကန်စွာ ကိုင်တွယ်နိုင်ခြင်း မရှိဘူး။ အသင်း ရလဒ်၊ ကစားပုံ အားလုံး ဆိုးဝါးနေခဲ့တယ်။

ဒီလို မြင်ပေမယ့် ကျနော့် အနေနဲ့ သူ့ကို မေတ္တာ မထားနိုင်တောင် စာနာစိတ်တော့ ရှိပါတယ်။ အမ်မရီက အလွန် ဆိုးဝါးတဲ့ ခံစစ်ကို ဆက်ခံထားခဲ့သူ ဖြစ်ပြီး တည်ဆောက်ပုံလည်း ပျောက်ဆုံးနေတဲ့ အသင်းကို တာဝန်ယူခဲ့တာပါ။ အသင်း အုပ်ချုပ်မှုပိုင်းကလည်း ပံ့ပိုးမှု နည်းပါတယ်။ ဒါပေမယ့် အမ်မရီကို လုံးလုံးကြီး ဆန့်ကျင်နေခဲ့ကြတာတော့ မဟုတ်ဘူး။ နစ်ကိုးလပ်စ် ပီပီ အတွက် ပေါင် ၇၂ သန်း သုံးစွဲဖို့ ခွင့်ပြုခဲ့တာကြည့်ရင် ဒါကို မြင်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ လ လောက်က ကျနော် သူ့နဲ့ စကားပြောဖြစ်ခဲ့တယ်။ သူ့ ပစ်မှတ်က လက်ရှိ လီဗာပူးအသင်းလို နောက် သုံးနှစ်ကြာရင် ဖြစ်လာဖို့ပေါ့။ ရော့ခ်အန်ရိုး ဘောလုံး ပုံစံကို သူ့ ရှိသမျှ စွမ်းအင်တွေ အကုန်ထုတ်သုံးပြီး တည်ဆောက်မယ် ရည်ရွယ်ခဲ့တာပါ။ သူကလည်း ခံစစ်က ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ပြောခဲ့ပါသေးတယ် ဒါပေမယ့် ပိုလို့သာ ဆိုးလာခဲ့တယ်။

တိုက်စစ်သမားတွေက သူတို့ဟာ အနေအထားကောင်းလို့ တွေးနေကောင်း တွေးနေလိမ့်မယ်။ ဒါပေမယ့် သူတို့က ဘာလုပ်လို့ လုပ်ရမှန်း မသိတောင် ဖြစ်နေကြတာပါ။ တစ်ပတ် အတွင်း အာဆင်နယ် တိုက်စစ်သမားတွေ ဘာလုပ်ခဲ့ကြသလဲ။ အမ်မရီ မှားခဲ့တယ် ခံစစ်ကို မပြင်နိုင်ခဲ့ဘူး မှန်ပေမယ့် သူ့အပြစ်ချည်း လုံးလုံးတော့ မဟုတ်ခဲ့ဘူး။ ကျနော့် အမြင်ကတော့ အလွယ်ကူဆုံးဆိုတာ မှားယွင်းနေတာ ဆိုးဝါးနေတာ ပြင်ဖို့ ဖြစ်ပြီး အခက်ခဲဆုံးကမှ ဖန်တီးမှုကောင်းကောင်း ဂိုးသွင်းကြမ်းနေတဲ့ အသင်း တည်ဆောက်ဖို့ပါ။

လက်ရှိ အာဆင်နယ် အသင်းမှာ အတူတကွ တိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ဓာတ် မရှိပါဘူး။ အမ်မရီ ထွက်ခွာသွားတာက အာဆင်နယ် အသင်းသားတွေကို နည်းနည်း ပြန် တက်ကြွ လာစေမယ်လို့ ယူဆရပါတယ်။ ” လို့ ချာလီက သုံးသပ်ခဲ့ပါတယ်။

ချာလီ နစ်ကိုးလပ်ရဲ့ ခန့်မှန်းရလဒ်ကတော့ နောဝစ်ချ် ၂-၃ အာဆင်နယ် ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၄ အျဖစ္ အာဆင္နယ္ဟာ ေနာ္ဝစ္ကြင္းမွာ အေဝးကြင္းပြဲအျဖစ္ သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာပဲျဖစ္ပါတယ္။

အာဆင္နယ္ဟာ ညေနခင္းတုန္းကပဲ မန္ေနဂ်ာအမ္မရီကို ရာထူးကေန ထုတ္ပယ္ခဲ့ျပီျဖစ္ကာ ယာယီမန္ေနဂ်ာအျဖစ္ ယြန္းဘတ္ကို တာဝန္ယူေစခဲ့ပါျပီ။ ျပိဳင္ပြဲစံု ေနာက္ဆံုး ၇ ပြဲကို တစ္ပြဲမွ အႏုိင္မရခဲ့သလို အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ က်ဆင္းေနျခင္းေၾကာင့္ တာဝန္ရွိသူေတြက အမ္မရီကို သည္းခံႏုိင္မႈ ကုန္ခဲ့တာျဖစ္တယ္။

အမ္မရီမရွိတဲ့ေနာက္ မန္ေနဂ်ာသစ္ ဘယ္သူျဖစ္လာမယ္ဆိုတာက စိတ္ဝင္စားစရာ ျဖစ္ေနေပမယ့္ ေနာ္ဝစ္နဲ႔ပြဲမွာ ယြန္းဘတ္က ရလဒ္ေကာင္းကို ရယူဖို႔ ဦးေဆာင္ႏုိင္မယ္လို႔ စကိုင္းစေပါ့မွ ခ်ာလီက ခန္႔မွန္းခဲ့ပါတယ္။

” ျပီးခဲ့တဲ့ သီတင္းပတ္က ေနာ၀စ္ခ်္က အဲဗာတန္ကို နိုင္ပြဲၾကီး ရခဲ့တယ္ဆိုရမွာပါ။ အဲဒီပြဲကို ၾကည့္မိေတာ့ သူတို႔ကို လက္ခုပ္တီးမိပါတယ္။ ပူကီက အခြင့္အေရး တခ်ိဳ႕ ရခဲ့ေပမယ့္ ထက္ျမက္တဲ့ သူ႔ဟန္ ေပ်ာက္ဆံုးေနခဲ့ပါတယ္။ ဒါေပမယ့္ သူ ပါ၀င္လာတာကိုက ေနာ၀စ္ခ်္ အတြက္ ကြင္းထဲမွာ အင္အားၾကီး ျဖစ္ျပီး ခံစစ္ ကစားပံုလည္း မဆိုးခဲ့ၾကပါဘူး။

က်ေနာ္ ဟိုလူ႔ထုတ္ ဒီလူ႔ထုတ္ ကိစၥေတြကို မုန္းပါတယ္။ ဒါမ်ိဳးေတြ ခဏခဏ ျမင္ခ်င္တာ မဟုတ္ဘူး ဒါေပမယ့္ အူနုိင္း အမ္မရီကေတာ့ သြားကို သြားရမယ့္သူပါ။ သူ႔ အေျခအေနဆိုးကို ျငင္းစရာ မရွိဘူး။ အသင္းေခါင္းေဆာင္ ကိစၥတည္းက သူ႔ အေနအထားက ျပိဳလဲလာခဲ့ျပီး မွန္ကန္စြာ ကိုင္တြယ္နုိင္ျခင္း မရွိဘူး။ အသင္း ရလဒ္၊ ကစားပံု အားလံုး ဆိုး၀ါးေနခဲ့တယ္။

ဒီလို ျမင္ေပမယ့္ က်ေနာ့္ အေနနဲ႕ သူ႔ကို ေမတၱာ မထားနုိင္ေတာင္ စာနာစိတ္ေတာ့ ရွိပါတယ္။ အမ္မရီက အလြန္ ဆိုး၀ါးတဲ့ ခံစစ္ကို ဆက္ခံထားခဲ့သူ ျဖစ္ျပီး တည္ေဆာက္ပံုလည္း ေပ်ာက္ဆံုးေနတဲ့ အသင္းကို တာ၀န္ယူခဲ့တာပါ။ အသင္း အုပ္ခ်ဳပ္မႈပိုင္းကလည္း ပံ့ပိုးမႈ နည္းပါတယ္။ ဒါေပမယ့္ အမ္မရီကို လံုးလံုးၾကီး ဆန္႔က်င္ေနခဲ့ၾကတာေတာ့ မဟုတ္ဘူး။ နစ္ကိုးလပ္စ္ ပီပီ အတြက္ ေပါင္ ၇၂ သန္း သံုးစြဲဖို႕ ခြင့္ျပဳခဲ့တာၾကည့္ရင္ ဒါကို ျမင္နုိင္ပါတယ္။

လြန္ခဲ့တဲ့ ၁၅ လ ေလာက္က က်ေနာ္ သူ႔နဲ႕ စကားေျပာျဖစ္ခဲ့တယ္။ သူ႔ ပစ္မွတ္က လက္ရွိ လီဗာပူးအသင္းလို ေနာက္ သံုးနွစ္ၾကာရင္ ျဖစ္လာဖို႔ေပါ့။ ေရာ့ခ္အန္ရိုး ေဘာလံုး ပံုစံကို သူ႔ ရွိသမွ် စြမ္းအင္ေတြ အကုန္ထုတ္သံုးျပီး တည္ေဆာက္မယ္ ရည္ရြယ္ခဲ့တာပါ။ သူကလည္း ခံစစ္က ျပင္ဆင္ဖို႔ လိုအပ္ေနတယ္လို႔ ေျပာခဲ့ပါေသးတယ္ ဒါေပမယ့္ ပိုလို႔သာ ဆိုးလာခဲ့တယ္။

တိုက္စစ္သမားေတြက သူတို႔ဟာ အေနအထားေကာင္းလို႔ ေတြးေနေကာင္း ေတြးေနလိမ့္မယ္။ ဒါေပမယ့္ သူတို႔က ဘာလုပ္လို႔ လုပ္ရမွန္း မသိေတာင္ ျဖစ္ေနၾကတာပါ။ တစ္ပတ္ အတြင္း အာဆင္နယ္ တိုက္စစ္သမားေတြ ဘာလုပ္ခဲ့ၾကသလဲ။ အမ္မရီ မွားခဲ့တယ္ ခံစစ္ကို မျပင္နုိင္ခဲ့ဘူး မွန္ေပမယ့္ သူ႔အျပစ္ခ်ည္း လံုးလံုးေတာ့ မဟုတ္ခဲ့ဘူး။ က်ေနာ့္ အျမင္ကေတာ့ အလြယ္ကူဆံုးဆိုတာ မွားယြင္းေနတာ ဆိုး၀ါးေနတာ ျပင္ဖို႔ ျဖစ္ျပီး အခက္ခဲဆံုးကမွ ဖန္တီးမႈေကာင္းေကာင္း ဂိုးသြင္းၾကမ္းေနတဲ့ အသင္း တည္ေဆာက္ဖို႔ပါ။

လက္ရွိ အာဆင္နယ္ အသင္းမွာ အတူတကြ တိုက္ပြဲ၀င္မယ္ဆိုတဲ့ စိတ္ဓာတ္ မရွိပါဘူး။ အမ္မရီ ထြက္ခြာသြားတာက အာဆင္နယ္ အသင္းသားေတြကို နည္းနည္း ျပန္ တက္ၾကြ လာေစမယ္လို႔ ယူဆရပါတယ္။ ” လို႔ ခ်ာလီက သံုးသပ္ခဲ့ပါတယ္။

ခ်ာလီ နစ္ကိုးလပ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ေနာ၀စ္ခ်္ ၂-၃ အာဆင္နယ္ ျဖစ္ပါတယ္။