လက်စတာအသင်းက ၎င်းတို့ရဲ့မန်နေဂျာဖြစ်သူ ဘရန်ဒန်ရော်ဂျာကို ခေါ်ယူဖို့ ယူနိုက်တက်၊ အာဆင်နယ်တို့ အလိုရှိနေတဲ့နောက် အိုင်းရစ်သား မန်နေဂျာကြီးအတွက် ပေးရမယ့် လျော်ကြေးကို သက်မှတ်မှု လုပ်လာခဲ့ပြီဖြစ်ပါတယ်။

တယ်လီဂရပ်သတင်းဌာနက အတည်ပြုလာမှုအရ ရော်ဂျာကို အနာဂတ် အစီအစဉ်တွေအတွက် လက်စတာဘက်က မြင့်မြင့်မားမား မျှော်လင့်ထားတာဖြစ်ပေမယ့် ပြိုင်ဘက်ကလပ်တွေက တရားဝင် ချဉ်းကပ်လာရင် ပေါင် ၁၄ သန်းထိကို လျော်ကြေးအဖြစ် တောင်းဆိုမယ်လို့ သိရပါတယ်။

လက်တလောမှာတော့ အာဆင်နယ်က ရော်ဂျာကို မန်နေဂျာအဖြစ် ခေါ်ယူဖို့ ဆန်ကာတင်စာရင်းထဲ ထည့်ထားပြီး ယူနိုက်တက်ကလည်း ဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ပါက အစားထိုးဖို့ ပြင်ဆင်နေတဲ့ မန်နေဂျာများစာရင်းမှာ လီဗာပူးမန်နေဂျာဟောင်းကို ထည့်သွင်းလာတာဖြစ်တယ်။ လက်စတာဘက်က အင်္ဂလန်ဘောလုံးလောကကို ပြန်လာတာ ၁၂ လတောင် မပြည့်သေးတဲ့ မန်နေဂျာကြီးကို ဆက်ထိန်းဖို့တော့ ဦးစားပေး ဖြစ်နေပါတယ်။

မနှစ်တုန်းက ဆဲလ်တစ်အသင်းကနေ ရော်ဂျာနဲ့တကွ နည်းပြအဖွဲ့ဝင်တွေ အားလုံးအတွက် လက်စတာက ပေါင် ၉ သန်း အကုန်အကျခံထားရတာပါ။ ၎င်းတို့ဟာ သုံးနှစ်ခွဲကြာ စာချုပ်ရှိထားပြီး အဆိုပါ စာချုပ်မှာတော့ ပေါင် ၁၄ သန်းတန် သဘောတူညီမှုတွေ ပါဝင်တယ်လို့ သိထားရတယ်။

အသက် ၄၆ နှစ်အရွယ် လူငယ်မန်နေဂျာဟာ လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို စိန်ခေါ်ထားခဲ့ပြီး လက်စတာနဲ့လည်း တစ်ကျော့ပြန်ဝင်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်။ လက်စတာဟာ ပေါင် ၉၀ သန်း အကုန်အကျခံ တည်ဆောက်ထားတဲ့ လေ့ကျင့်ရေးကွင်းကိုလည်း နောက်နှစ်နွေမှာ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။

ZAWGYI

လက္စတာအသင္းက ၄င္းတို႔ရဲ႕မန္ေနဂ်ာျဖစ္သူ ဘရန္ဒန္ေရာ္ဂ်ာကို ေခၚယူဖို႔ ယူႏုိက္တက္၊ အာဆင္နယ္တို႔ အလိုရွိေနတဲ့ေနာက္ အိုင္းရစ္သား မန္ေနဂ်ာၾကီးအတြက္ ေပးရမယ့္ ေလ်ာ္ေၾကးကို သက္မွတ္မႈ လုပ္လာခဲ့ျပီျဖစ္ပါတယ္။

တယ္လီဂရပ္သတင္းဌာနက အတည္ျပဳလာမႈအရ ေရာ္ဂ်ာကို အနာဂတ္ အစီအစဥ္ေတြအတြက္ လက္စတာဘက္က ျမင့္ျမင့္မားမား ေမွ်ာ္လင့္ထားတာျဖစ္ေပမယ့္ ျပိဳင္ဘက္ကလပ္ေတြက တရားဝင္ ခ်ဥ္းကပ္လာရင္ ေပါင္ ၁၄ သန္းထိကို ေလ်ာ္ေၾကးအျဖစ္ ေတာင္းဆိုမယ္လို႔ သိရပါတယ္။

လက္တေလာမွာေတာ့ အာဆင္နယ္က ေရာ္ဂ်ာကို မန္ေနဂ်ာအျဖစ္ ေခၚယူဖို႔ ဆန္ကာတင္စာရင္းထဲ ထည့္ထားျပီး ယူႏုိက္တက္ကလည္း ဆိုးရွားကို ရာထူးကေန ထုတ္ပယ္ပါက အစားထိုးဖို႔ ျပင္ဆင္ေနတဲ့ မန္ေနဂ်ာမ်ားစာရင္းမွာ လီဗာပူးမန္ေနဂ်ာေဟာင္းကို ထည့္သြင္းလာတာျဖစ္တယ္။ လက္စတာဘက္က အဂၤလန္ေဘာလံုးေလာကကို ျပန္လာတာ ၁၂ လေတာင္ မျပည့္ေသးတဲ့ မန္ေနဂ်ာၾကီးကို ဆက္ထိန္းဖို႔ေတာ့ ဦးစားေပး ျဖစ္ေနပါတယ္။

မႏွစ္တုန္းက ဆဲလ္တစ္အသင္းကေန ေရာ္ဂ်ာနဲ႔တကြ နည္းျပအဖြဲ႔ဝင္ေတြ အားလံုးအတြက္ လက္စတာက ေပါင္ ၉ သန္း အကုန္အက်ခံထားရတာပါ။ ၄င္းတို႔ဟာ သံုးႏွစ္ခြဲၾကာ စာခ်ဳပ္ရွိထားျပီး အဆိုပါ စာခ်ဳပ္မွာေတာ့ ေပါင္ ၁၄ သန္းတန္ သေဘာတူညီမႈေတြ ပါဝင္တယ္လို႔ သိထားရတယ္။

အသက္ ၄၆ ႏွစ္အရြယ္ လူငယ္မန္ေနဂ်ာဟာ လီဗာပူးအသင္းနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို စိန္ေခၚထားခဲ့ျပီး လက္စတာနဲ႔လည္း တစ္ေက်ာ့ျပန္ဝင္ႏုိင္ဖို႔ ၾကိဳးစားေနတာျဖစ္တယ္။ လက္စတာဟာ ေပါင္ ၉၀ သန္း အကုန္အက်ခံ တည္ေဆာက္ထားတဲ့ ေလ့က်င့္ေရးကြင္းကိုလည္း ေနာက္ႏွစ္ေႏြမွာ ေျပာင္းေရႊ႔ဖို႔ ျပင္ဆင္ေနပါတယ္။