လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဘရိုက်တန်ကို နိုင်ပွဲရအပြီးမှာ ကွင်းအတွင်း အငြင်းပွာစရာ အနေအထားဖြစ်တဲ့ အယ်လီဆန်ကို ဘာကြောင့် အနီကဒ်ပေးတယ်ဆိုတာ သူမသေချာကြောင်းနဲ့ ရမှတ် ၁၁ မှတ်ပြတ်မှုတွေကို တွေးနေလို့ မရသေးဘူးဆိုတာတွေကို ထုတ်ပြောခဲ့တယ်။

လီဗာပူးဟာ ဒီရာသီမှာတော့ ကစားအားကို ထိန်းနိုင်ဖို့ ခံစစ်လိုင်းကို မြင့်မြင့်ထားတဲ့ စနစ်ကို ကျင့်သုံးနေတာပါ။ ဘရိုက်တန်နဲ့ပွဲမှာလည်း အဆိုပါ ခံစစ်ပြင်ဆင်မှုကနေ ပေါက်ထွက်လာတဲ့ ထိုးဖောက်မှုကို အယ်လီဆန် စိုးရိမ်ကြီးစွာ ကာကွယ်ဖို့ လုပ်ရာက ဧရိယာပြင်ပမှာ ဘောလုံးကို လက်နဲ့ ပုတ်မိတာဖြစ်တယ်။ ဒါဟာ အနီကဒ်ဖြစ်ခဲ့ပြီး အယ်လီဆန်ဟာ လာမယ့် အဲဗာတန်ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။

အယ်လီဆန်ရဲ့ အနီကတ်နဲ့ ပတ်သတ်ပြီးလည်း ကလော့ပ်က ” ကျနော်က လက်ထိဘောလို့ ထင်တာ ဒါပေမယ့် သေချာလည်း မမြင်လိုက်ရဘူး။ လူကျွံဘောလည်း မဟုတ်ဘူး နည်းနည်း ပြောရခက်တဲ့ အနေအထားပါ။ သူက ဘောလုံးကို ခေါင်းနဲ့ တိုက်ဖို့ ရာနှုန်းပြည့် အလိုရှိခဲ့တာပါ။ ဒါပေမယ့် တခြား ကစားသမားက ခပ်စောစော ဝင်လာတော့ အခြေအနေက ပြောင်းလဲသွားပြီး ဒါကို ကျနေ်ာတို့ ဘာမှ လုပ်မရတော့ပါဘူး။ ” လို့ မှတ်ချက် ပြုခဲ့ပါတယ်။

လီဗာပူးအသင်းက ၁၁ မှတ် အသာရထားတဲ့ အပေါ် – ” လက်ရှိ အခြေအနေကတော့ ဒီလိုပဲ။ ဒါပေမယ့် လက်စတာသာ မနက်ဖြန် နိုင်ရင် ကျနော်တို့ ၈ မှတ်ပဲ ဖြတ်ထားတဲ့ အနေအထား ပြန်ရောက်မှာပါ။ ဒီလို ကိစ္စတွေ ကျနော် မတွေးပါဘူး။ ဒီပွဲကို နိုင်ဖို့သာ အာရုံစိုက်တယ်။ နောက်ပွဲမှာ ဒီလိုပဲ အားထုတ်ပြီး ထပ် ကြိုးစားမှာပါ။

အယ်လီဆန် အနီကဒ်ကြောင့် ထွက်ခွာရချိန်မှာ အတ်ဒရီယန် အစားဝင်လာခဲ့ပြီး လူကာတံတိုင်းကို နေရာချဖို့ ကြိုးစားနေချိန်မှာ ဂိုးသမားက တိုင်ထောင့်မှာ ရှိနေသေးတာကို မြင်ပါလျက်နဲ့ အက်ကင်ဆန်က ဝီစီမှုတ်ခဲ့တာဖြစ်တယ်။ ဖြစ်ရပ်ကို ပြန်ကြည့်မယ်ဆိုရင် ဘရိုက်တန်ဘက်က ကန်မယ့်သူကလွဲလို့ ဘယ်လိုမှ ပြင်ဆင်ဖို့ အဆင်သင့် မဖြစ်နိုင်သေးတဲ့ အနေအထားမှာ ခွင့်ပြုခဲ့ခြင်းက လီဗာပူးကို အထိနာစေခဲ့သေးတာပါ။

တည်ကန်ဘော ကန်ခွင့်ပေးလိုက်တဲ့ အနေအထားကို ကလော့ပ်က ” အဲ့သည်လို အခြေအနေမျိုးမှာ လူသားဆန်မှုနဲ့ ကြည့်မယ်ဆိုရင် အဲ့လို မလုပ်သင့်ပါဘူး။ ဘရိုက်တန်ဘက်က အရမ်းကို ရှင်းလင်းပေမယ့် ဂိုးသမားဘက်က သူက လူစားဝင်လာရပြီး ဝေါကာကို စီမံနိုင်ဖို့ ကြိုးစားနေတာပါ။ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေဆဲမှာ ဒိုင်လူကြီးက ကန်ခွင့်ပေးလိုက်တယ်။ ကျနော်တို့ ပြန်လည်ပြင်ဆင်လို့တော့ မရတော့ပါဘူး။ ဒါပေမယ့် ကျနေ်ာအတွက်တော့ အဲ့သည် အနေအထားက ကန်ခွင့်ပေးသင့်တယ် မထင်ပါဘူး ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဘရိုက္တန္ကို ႏုိင္ပြဲရအျပီးမွာ ကြင္းအတြင္း အျငင္းပြာစရာ အေနအထားျဖစ္တဲ့ အယ္လီဆန္ကို ဘာေၾကာင့္ အနီကဒ္ေပးတယ္ဆိုတာ သူမေသခ်ာေၾကာင္းနဲ႔ ရမွတ္ ၁၁ မွတ္ျပတ္မႈေတြကို ေတြးေနလို႔ မရေသးဘူးဆိုတာေတြကို ထုတ္ေျပာခဲ့တယ္။

လီဗာပူးဟာ ဒီရာသီမွာေတာ့ ကစားအားကို ထိန္းႏုိင္ဖို႔ ခံစစ္လိုင္းကို ျမင့္ျမင့္ထားတဲ့ စနစ္ကို က်င့္သံုးေနတာပါ။ ဘရိုက္တန္နဲ႔ပြဲမွာလည္း အဆိုပါ ခံစစ္ျပင္ဆင္မႈကေန ေပါက္ထြက္လာတဲ့ ထိုးေဖာက္မႈကို အယ္လီဆန္ စိုးရိမ္ၾကီးစြာ ကာကြယ္ဖို႔ လုပ္ရာက ဧရိယာျပင္ပမွာ ေဘာလံုးကို လက္နဲ႔ ပုတ္မိတာျဖစ္တယ္။ ဒါဟာ အနီကဒ္ျဖစ္ခဲ့ျပီး အယ္လီဆန္ဟာ လာမယ့္ အဲဗာတန္ပြဲကို လြဲေခ်ာ္ရမွာျဖစ္ပါတယ္။

အယ္လီဆန္ရဲ႕ အနီကတ္နဲ႕ ပတ္သတ္ျပီးလည္း ကေလာ့ပ္က ” က်ေနာ္က လက္ထိေဘာလို႔ ထင္တာ ဒါေပမယ့္ ေသခ်ာလည္း မျမင္လိုက္ရဘူး။ လူကၽြံေဘာလည္း မဟုတ္ဘူး နည္းနည္း ေျပာရခက္တဲ့ အေနအထားပါ။ သူက ေဘာလံုးကို ေခါင္းနဲ႕ တိုက္ဖို႔ ရာနႈန္းျပည့္ အလိုရွိခဲ့တာပါ။ ဒါေပမယ့္ တျခား ကစားသမားက ခပ္ေစာေစာ ၀င္လာေတာ့ အေျခအေနက ေျပာင္းလဲသြားျပီး ဒါကို က်ေန္ာတို႔ ဘာမွ လုပ္မရေတာ့ပါဘူး။ ” လို႔ မွတ္ခ်က္ ျပဳခဲ့ပါတယ္။

လီဗာပူးအသင္းက ၁၁ မွတ္ အသာရထားတဲ့ အေပၚ – ” လက္ရွိ အေျခအေနကေတာ့ ဒီလိုပဲ။ ဒါေပမယ့္ လက္စတာသာ မနက္ျဖန္ နုိင္ရင္ က်ေနာ္တို႔ ၈ မွတ္ပဲ ျဖတ္ထားတဲ့ အေနအထား ျပန္ေရာက္မွာပါ။ ဒီလို ကိစၥေတြ က်ေနာ္ မေတြးပါဘူး။ ဒီပြဲကို နုိင္ဖို႔သာ အာရံုစိုက္တယ္။ ေနာက္ပြဲမွာ ဒီလိုပဲ အားထုတ္ျပီး ထပ္ ၾကိဳးစားမွာပါ။

အယ္လီဆန္ အနီကဒ္ေၾကာင့္ ထြက္ခြာရခ်ိန္မွာ အတ္ဒရီယန္ အစားဝင္လာခဲ့ျပီး လူကာတံတိုင္းကို ေနရာခ်ဖို႔ ၾကိဳးစားေနခ်ိန္မွာ ဂိုးသမားက တိုင္ေထာင့္မွာ ရွိေနေသးတာကို ျမင္ပါလ်က္နဲ႔ အက္ကင္ဆန္က ဝီစီမႈတ္ခဲ့တာျဖစ္တယ္။ ျဖစ္ရပ္ကို ျပန္ၾကည့္မယ္ဆိုရင္ ဘရိုက္တန္ဘက္က ကန္မယ့္သူကလြဲလို႔ ဘယ္လိုမွ ျပင္ဆင္ဖို႔ အဆင္သင့္ မျဖစ္ႏုိင္ေသးတဲ့ အေနအထားမွာ ခြင့္ျပဳခဲ့ျခင္းက လီဗာပူးကို အထိနာေစခဲ့ေသးတာပါ။

တည္ကန္ေဘာ ကန္ခြင့္ေပးလိုက္တဲ့ အေနအထားကို ကေလာ့ပ္က ” အဲ့သည္လို အေျခအေနမ်ိဳးမွာ လူသားဆန္မႈနဲ႔ ၾကည့္မယ္ဆိုရင္ အဲ့လို မလုပ္သင့္ပါဘူး။ ဘရိုက္တန္ဘက္က အရမ္းကို ရွင္းလင္းေပမယ့္ ဂိုးသမားဘက္က သူက လူစားဝင္လာရျပီး ေဝါကာကို စီမံႏုိင္ဖို႔ ၾကိဳးစားေနတာပါ။ အခ်င္းခ်င္း ခ်ိတ္ဆက္ႏုိင္ဖို႔ ၾကိဳးစားေနဆဲမွာ ဒိုင္လူၾကီးက ကန္ခြင့္ေပးလိုက္တယ္။ က်ေနာ္တို႔ ျပန္လည္ျပင္ဆင္လို႔ေတာ့ မရေတာ့ပါဘူး။ ဒါေပမယ့္ က်ေန္ာအတြက္ေတာ့ အဲ့သည္ အေနအထားက ကန္ခြင့္ေပးသင့္တယ္ မထင္ပါဘူး ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။