ယူနိုက်တက်ဟာ ကြားရက်က ယူရိုပါလိဂ် အဝေးကွင်းပွဲမှာ အဓိက ကစားသမားတွေကို အကုန်လုံး အနားပေးထားခဲ့ပြီး ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာတော့ ကြယ်ပွင့်တွေအားလုံးကို ပြန်ထုတ်သုံးသွားတော့မှာဖြစ်တယ်။

ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဘက်တွေထဲက စပါး၊ အာဆင်နယ်တို့ဟာ မန်နေဂျာအပြောင်းအလဲတွေ ပြုလုပ်ကာ ရလဒ်ကောင်းတွေ ရဖို့အတွက် ပြန်လည်ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပါပြီ။ ယူနိုက်တက်ရဲ့ အခြေအနေက အထက်က အသင်းတွေနဲ့ သိပ်ကွာနေတာ မဟုတ်ပဲ ဒီအပတ်တွေ ရလဒ်ဆိုးမယ်ဆိုရင် မန်နေဂျာဆိုးရှားရဲ့ အနာဂတ်ကလည်း ခပ်လှုပ်လှုပ်ဖြစ်လာနိုင်တာပါ။

ဒီပွဲမှာ ဆိုးရှားဟာ အဓိက တိုက်စစ်အတွဲဖြစ်တဲ့ ရပ်ဖိုဒ့်၊ မာရှယ်၊ ဂျိမ်းတို့ကို ထုတ်သုံးမှာဖြစ်ပြီး ကွင်းလယ်မှာတော့ ဖရတ်နဲ့ ပါရဲရာတို့ကိုပဲ ထုတ်သုံးလာနိုင်ပါတယ်။ ယူရိုပါလိဂ်ပွဲမှာတုန်းက ဂါနာနဲ့ ဂိုးမက်စ်တို့ အလားအလာကောင်းတွေ ပြသခဲ့သေးပေမယ့် ပွဲပန်းနေမယ့် အနေအထားမှာ သူတို့ဟာ အရန်စာရင်းလောက်မှာပဲ ပါဝင်လာဖို့ ရှိနေတာဖြစ်တယ်။

တော်မီနေး၊ ပေါ့ဘာတို့ မကစားနိုင်ချိန် ယူနိုက်တက် ကွင်းလယ် လွှမ်းမိုးမှုက လိုအပ်ချက်တွေ များနေခဲ့ပြီး ဆိုးရှားမှာ ထုတ်သုံးစရာ ကစားသမားတွေလည်း အများကြီး မရှိပါဘူး။ ပွဲထွက် တစ်နေရာမှာ ဝါရင့်ကွင်းလယ်လူ မာတာကို ထုတ်သုံးလာမယ်လို့ ခန့်မှန်းရပါတယ်။

ခံစစ်ကတော့ ယူနိုက်တက်ရဲ့ အတောင့်တင်းဆုံး နေရာဖြစ်ပြီး ယူရိုပါလိဂ်ပွဲမှာ လုရှော ပြန်ကစားခဲ့ပေမယ့် ဒီပွဲတော့ ပွဲထွက်ခွင့်ရမှာ မဟုတ်ပါဘူး။ ဘယ်အစွန်မှာ ဝီလီယံက ယန်းကို ကျော်ကာနေရာရဖို့ရှိပြီး သူနဲ့ ဘစ်ဆာကာ အစွန်အတွဲတွေက တိုက်စစ်ကို ပံ့ပိုးပေးနိုင်စွမ်း ကောင်းမွန်နေတာဖြစ်တယ်။

မက်ဂွဲရား၊ လင်ဒီအော့ ခံစစ်အတွဲနဲ့ ဂိုးသမား ဒီဂီယာတို့ဟာ ဒီအပတ် အဝေးကွင်းပွဲမှာ အနိုင်ရလဒ်အတွက် အထောက်အကူဖြစ်ဖို့ ခံစစ်စည်းကို ခိုင်ခိုင်မာမာ ကာကွယ်မှုတွေ လုပ်သွားရမှာဖြစ်ပြီး ဒီပွဲဟာ ယူနိုက်တက်ကို ကျဉ်းထဲ ကျပ်ထဲကနေ ကယ်ထုတ်ဖို့ရာ အနိုင်သုံးမှတ် သေချာပေါက် ယူရမယ် ပွဲပဲဖြစ်ပါတယ်။

Manchester United predicted line-up vs Aston Villa – Premier League

(4-3-3): De Gea; Wan-Bissaka, Lindelof, Maguire, Williams; Fred, Pereira, Mata; James, Rashford, Martial

ZAWGYI

ယူႏုိက္တက္ဟာ ၾကားရက္က ယူရိုပါလိဂ္ အေဝးကြင္းပြဲမွာ အဓိက ကစားသမားေတြကို အကုန္လံုး အနားေပးထားခဲ့ျပီး ဒီအပတ္ ပရီးမီးယားလိဂ္ပြဲမွာေတာ့ ၾကယ္ပြင့္ေတြအားလံုးကို ျပန္ထုတ္သံုးသြားေတာ့မွာျဖစ္တယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပိဳင္ဘက္ေတြထဲက စပါး၊ အာဆင္နယ္တို႔ဟာ မန္ေနဂ်ာအေျပာင္းအလဲေတြ ျပဳလုပ္ကာ ရလဒ္ေကာင္းေတြ ရဖို႔အတြက္ ျပန္လည္ျပင္ဆင္မႈေတြ လုပ္ထားခဲ့ပါျပီ။ ယူႏုိက္တက္ရဲ႕ အေျခအေနက အထက္က အသင္းေတြနဲ႔ သိပ္ကြာေနတာ မဟုတ္ပဲ ဒီအပတ္ေတြ ရလဒ္ဆိုးမယ္ဆိုရင္ မန္ေနဂ်ာဆိုးရွားရဲ႕ အနာဂတ္ကလည္း ခပ္လႈပ္လႈပ္ျဖစ္လာႏုိင္တာပါ။

ဒီပြဲမွာ ဆိုးရွားဟာ အဓိက တိုက္စစ္အတြဲျဖစ္တဲ့ ရပ္ဖိုဒ့္၊ မာရွယ္၊ ဂ်ိမ္းတို႔ကို ထုတ္သံုးမွာျဖစ္ျပီး ကြင္းလယ္မွာေတာ့ ဖရတ္နဲ႔ ပါရဲရာတို႔ကိုပဲ ထုတ္သံုးလာႏုိင္ပါတယ္။ ယူရိုပါလိဂ္ပြဲမွာတုန္းက ဂါနာနဲ႔ ဂိုးမက္စ္တို႔ အလားအလာေကာင္းေတြ ျပသခဲ့ေသးေပမယ့္ ပြဲပန္းေနမယ့္ အေနအထားမွာ သူတို႔ဟာ အရန္စာရင္းေလာက္မွာပဲ ပါဝင္လာဖို႔ ရွိေနတာျဖစ္တယ္။

ေတာ္မီေနး၊ ေပါ့ဘာတို႔ မကစားႏုိင္ခ်ိန္ ယူႏုိက္တက္ ကြင္းလယ္ လႊမ္းမိုးမႈက လိုအပ္ခ်က္ေတြ မ်ားေနခဲ့ျပီး ဆိုးရွားမွာ ထုတ္သံုးစရာ ကစားသမားေတြလည္း အမ်ားၾကီး မရွိပါဘူး။ ပြဲထြက္ တစ္ေနရာမွာ ဝါရင့္ကြင္းလယ္လူ မာတာကို ထုတ္သံုးလာမယ္လို႔ ခန္႔မွန္းရပါတယ္။

ခံစစ္ကေတာ့ ယူႏုိက္တက္ရဲ႕ အေတာင့္တင္းဆံုး ေနရာျဖစ္ျပီး ယူရိုပါလိဂ္ပြဲမွာ လုေရွာ ျပန္ကစားခဲ့ေပမယ့္ ဒီပြဲေတာ့ ပြဲထြက္ခြင့္ရမွာ မဟုတ္ပါဘူး။ ဘယ္အစြန္မွာ ဝီလီယံက ယန္းကို ေက်ာ္ကာေနရာရဖို႔ရွိျပီး သူနဲ႔ ဘစ္ဆာကာ အစြန္အတြဲေတြက တိုက္စစ္ကို ပံ့ပိုးေပးႏုိင္စြမ္း ေကာင္းမြန္ေနတာျဖစ္တယ္။

မက္ဂြဲရား၊ လင္ဒီေအာ့ ခံစစ္အတြဲနဲ႔ ဂိုးသမား ဒီဂီယာတို႔ဟာ ဒီအပတ္ အေဝးကြင္းပြဲမွာ အႏုိင္ရလဒ္အတြက္ အေထာက္အကူျဖစ္ဖို႔ ခံစစ္စည္းကို ခိုင္ခိုင္မာမာ ကာကြယ္မႈေတြ လုပ္သြားရမွာျဖစ္ျပီး ဒီပြဲဟာ ယူႏုိက္တက္ကို က်ဥ္းထဲ က်ပ္ထဲကေန ကယ္ထုတ္ဖို႔ရာ အႏုိင္သံုးမွတ္ ေသခ်ာေပါက္ ယူရမယ္ ပြဲပဲျဖစ္ပါတယ္။

Manchester United predicted line-up vs Aston Villa – Premier League

(4-3-3): De Gea; Wan-Bissaka, Lindelof, Maguire, Williams; Fred, Pereira, Mata; James, Rashford, Martial