ပရီးမီးယားလိဂ်ကလပ် စပါးအသင်းက ရာထူးကနေ ထုတ်ပယ်ထားခြင်း ခံထားရတဲ့ ပိုချက်တီနိုကို လက်တလော မန်နေဂျာသစ် ရှာဖွေနေတဲ့ လန်ဒန်ပြိုင်ဘက်ကလပ် အာဆင်နယ်ထံ မသွားပဲ ပိုကောင်းတဲ့ အလုပ်ကို စောင့်သင့်တယ်လို့ သူ့မိတ်ဆွေတွေက အကြံပေးခဲ့ကြကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

ပိုချက်တီနိုအနေနဲ့ အာဆင်နယ်ကို တာဝန်ယူလိုက်ရင် စပါးအပေါ် သစ္စာဖောက်သလိုဖြစ်သွားရုံမက စပါးမှာ သူထားရစ်ခဲ့တဲ့ အခြေအနေထက် အများကြီး ပိုဆိုးတာနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ တိုက်တွန်းမှုတွေ ရထားတာဖြစ်တယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရပြီး ထပ်မံပြီး လွဲချော်ဦးမယ်ဆိုရင် အူဘာမီးယန်း၊ လာကာဇက်တီ စတဲ့ တိုက်စစ်မှူးတွေကို ထွက်ခွာခွင့်ပေးလိုက်ရမှာဖြစ်ပါတယ်။

စပါးမန်နေဂျာဟောင်းဟာ အမြဲတမ်းမန်နေဂျာအဖြစ် အာဆင်နယ်အသင်း မန်နေဂျာရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အမ်မရီရဲ့နေရာကို ဆက်ခံဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ မနှစ်က သူဟာ အာဆင်နယ်ကို ဘယ်တော့မှ နည်းပြမှာမဟုတ်ဘူးလို့ ပြောခဲ့ပြီး အခု ဂန်းနားတွေရဲ့ စိတ်ဝင်စားမှုရနေတာနဲ့အတူ အဲ့စကားကို အခုချိန်မှာ တည်အောင်လုပ်ဖို့ မိတ်ဆွေတွေက အားပေးခဲ့တာပါ။

ပိုချက်တီနိုကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ လာလီဂါကလပ် ဘာစီလိုနာ၊ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်တို့လည်း ပါဝင်နေပြီး အာဂျင်တီးနားသားက ပိုကောင်းတဲ့အခွင့်အတွက် နွေရာသီ မတိုင်ခင်အထိ စောင့်ဖို့ ဆန္ဒရှိနေနိုင်ပါတယ်။ ပိုချက်တီနိုနဲ့ ရင်းနှီးတဲ့သူတွေကလည်း သူ့အနေနဲ့ ခဏနားနေပြီး အချိန်ယူမယ်ဆိုရင် ဘိုင်ယန်၊ ရီးရဲလ်၊ ယူနိုက်တက်တို့လို အသင်းကြီးတစ်သင်းမှာ လုပ်ရဖို့အတွက် စောင့်နေသင့်တယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဘက်ကတော့ အန်ဆယ်လော့တီ၊ အယ်လီဂရီ၊ ဆန်တို၊ အာတီတာ၊ ရော်ဂျာ၊ ပိုချက်တီနိုတို့ထဲက တစ်ဦးကို မန်နေဂျာအဖြစ် ခန့်နိုင်ဖို့ ကြိုးစားနေတာပါ။ အာဆင်နယ်ဟာ ခံစစ်အားဖြည့်ဖို့ အတော်လေး လိုအပ်နေဆဲဖြစ်တဲ့အသင်းကို ပြန်လည်တည်ဆောက်ရေးအတွက် မန်နေဂျာသစ်ဟာ ဘဏ္ဍာငွေကန့်သတ်ခံရမှုမှာ အလုပ်လုပ်နိုင်ရမှာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ စပါးအသင္းက ရာထူးကေန ထုတ္ပယ္ထားျခင္း ခံထားရတဲ့ ပိုခ်က္တီႏိုကို လက္တေလာ မန္ေနဂ်ာသစ္ ရွာေဖြေနတဲ့ လန္ဒန္ျပိဳင္ဘက္ကလပ္ အာဆင္နယ္ထံ မသြားပဲ ပိုေကာင္းတဲ့ အလုပ္ကို ေစာင့္သင့္တယ္လို႔ သူ႔မိတ္ေဆြေတြက အႀကံေပးခဲ့ၾကေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

ပိုခ်က္တီႏိုအေနနဲ႔ အာဆင္နယ္ကို တာဝန္ယူလိုက္ရင္ စပါးအေပၚ သစၥာေဖာက္သလိုျဖစ္သြား႐ုံမက စပါးမွာ သူထားရစ္ခဲ့တဲ့ အေျခအေနထက္ အမ်ားႀကီး ပိုဆိုးတာနဲ႔ ႀကဳံေတြ႕ရလိမ့္မယ္လို႔ တိုက္တြန္းမႈေတြ ရထားတာျဖစ္တယ္။ အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ တိုက္ပြဲဝင္ေနရၿပီး ထပ္မံၿပီး လြဲေခ်ာ္ဦးမယ္ဆိုရင္ အူဘာမီးယန္း၊ လာကာဇက္တီ စတဲ့ တိုက္စစ္မႉးေတြကို ထြက္ခြာခြင့္ေပးလိုက္ရမွာျဖစ္ပါတယ္။

စပါးမန္ေနဂ်ာေဟာင္းဟာ အၿမဲတမ္းမန္ေနဂ်ာအျဖစ္ အာဆင္နယ္အသင္း မန္ေနဂ်ာရာထူးကေန ထုတ္ပယ္ခံလိုက္ရတဲ့ အမ္မရီရဲ႕ေနရာကို ဆက္ခံဖို႔ ေရပန္းစားေနတာျဖစ္ပါတယ္။ မႏွစ္က သူဟာ အာဆင္နယ္ကို ဘယ္ေတာ့မွ နည္းျပမွာမဟုတ္ဘူးလို႔ ေျပာခဲ့ၿပီး အခု ဂန္းနားေတြရဲ႕ စိတ္ဝင္စားမႈရေနတာနဲ႔အတူ အဲ့စကားကို အခုခ်ိန္မွာ တည္ေအာင္လုပ္ဖို႔ မိတ္ေဆြေတြက အားေပးခဲ့တာပါ။

ပိုခ်က္တီႏိုကို စိတ္ဝင္စားေနတဲ့ အသင္းေတြထဲမွာ လာလီဂါကလပ္ ဘာစီလိုနာ၊ ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္တို႔လည္း ပါဝင္ေနျပီး အာဂ်င္တီးနားသားက ပိုေကာင္းတဲ့အခြင့္အတြက္ ေႏြရာသီ မတိုင္ခင္အထိ ေစာင့္ဖို႔ ဆႏၵရွိေနႏိုင္ပါတယ္။ ပိုခ်က္တီႏိုနဲ႔ ရင္းႏွီးတဲ့သူေတြကလည္း သူ႔အေနနဲ႔ ခဏနားေနၿပီး အခ်ိန္ယူမယ္ဆိုရင္ ဘိုင္ယန္၊ ရီးရဲလ္၊ ယူႏုိက္တက္တို႔လို အသင္းႀကီးတစ္သင္းမွာ လုပ္ရဖို႔အတြက္ ေစာင့္ေနသင့္တယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္ဘက္ကေတာ့ အန္ဆယ္ေလာ့တီ၊ အယ္လီဂရီ၊ ဆန္တို၊ အာတီတာ၊ ေရာ္ဂ်ာ၊ ပိုခ်က္တီႏိုတို႔ထဲက တစ္ဦးကို မန္ေနဂ်ာအျဖစ္ ခန္႔ႏုိင္ဖို႔ ၾကိဳးစားေနတာပါ။ အာဆင္နယ္ဟာ ခံစစ္အားျဖည့္ဖို႔ အေတာ္ေလး လိုအပ္ေနဆဲျဖစ္တဲ့အသင္းကို ျပန္လည္တည္ေဆာက္ေရးအတြက္ မန္ေနဂ်ာသစ္ဟာ ဘ႑ာေငြကန္႔သတ္ခံရမႈမွာ အလုပ္လုပ္ႏုိင္ရမွာျဖစ္ပါတယ္။