မကြာသေးခင်ကပဲ ၂၀၁၉ ခုနှစ်ရဲ့ ဘလွန်းဒီအော့ဆုကို မက်ဆီကပဲ အနိုင်ရခဲ့တယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြခဲ့ပြီး အဆိုပါသတင်းကို ပိုခိုင်မာစေတဲ့ ပေါက်ကြားမှုတစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။

ဒီတစ်ကြိမ် ထွက်ပေါ်တာကတော့ ၂၀၁၉ ခုနှစ်ရဲ့ ဘလွန်းဒီအော့ ထိပ်ဆုံး ၁၀ ဦးစာရင်းနဲ့ ၎င်းတို့ရဲ့ ရမှတ်တွေ ဖြစ်ပါတယ်။ အဆိုပါ ပေါက်ကြားမှုမှာတော့ မက်ဆီကပဲ ဘလွန်းဒီအော့ဆုကို အနိုင်ရမှာဖြစ်ပြီး ထိပ်ဆုံး သုံးဦးစာရင်းမှာတော့ ရော်နယ်ဒို မပါလာနိုင်ခဲ့ကာ လီဗာပူးမှ ဗန်ဒိုက်နဲ့ ဆာလက်တို့က ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

အဆိုပါစာရင်း မှန်မယ်ဆိုရင် ၂၀၁၉ ခုနှစ် ဘလွန်းဒီအော့ဆုကို မက်ဆီက ရမှတ် ၄၄၆ မှတ်နဲ့ အနိုင်ရတာဖြစ်ပြီး ဒုတိယနေရာမှ ဗန်ဒိုက်က ၃၈၂ မှတ်၊ တတိယနေရာမှ ဆာလက်က ၁၇၉ မှတ်ရရှိခဲ့တာဖြစ်တယ်။ သူတို့ သုံးဦးနောက်မှာတော့ ရော်နယ်ဒိုက ရမှတ် ၁၃၃ မှတ်၊ လီဗာပူးတိုက်စစ်သမား မာနေးက ၉၇ မှတ်တွေနဲ့ အသီးသီး ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ထိပ်ဆုံး ၁၀ ဦးထဲမှာ ပါဝင်ခဲ့တဲ့ နောက်ဆုံးသော လီဗာပူးအသင်းသားက အယ်လီဆန်ဖြစ်ပြီး အမ်ဘတ်ပီ၊ ဒီဂျောင်း၊ ဒီလစ်နဲ့ ဟာဇက်တို့ကလည်း အဆိုပါစာရင်းထဲ ပါဝင်ခဲ့တာဖြစ်တယ်။

မနှစ်ကဘောလုံးရာသီမှာ လီဗာပူးဟာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့သလို အမှတ်ပေးလိဂ်မှာလည်း မန်စီးတီးနောက် တစ်မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရှိခဲ့တာဖြစ်တယ်။ ဒီအတွက် ဗန်ဒိုက်က လီဗာပူးခံစစ်ကို ဦးဆောင်ပေးခဲ့တာဖြစ်တယ်။ မက်ဆီ ပါဝင်တဲ့ ဘာစီလိုနာကတော့ လာလီဂါ အမှတ်ပေးဖလားကို အနိုင်ရခဲ့ပြီး အာဂျင်တီးနား တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်မှာကော၊ လာလီဂါမှာပါ ရွှေဖိနပ်ဆု ရခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ဘလွန်းဒီအော့ဆု ထိပ်တန်းစာရင်းမှာ လီဗာပူးအသင်းသားတွေ လွှမ်းမိုးခဲ့တာဖြစ်ပြီး မက်ဆီကို ယှဉ်ပြိုင်ဖို့ အဓိက ရေပန်းစားတဲ့ ကစားသမားက ဗန်ဒိုက်ဖြစ်ကာ သူတို့နှစ်ဦးထဲက တစ်ဦးကပဲ ဒီဆုကို ရရှိမှာဖြစ်တယ်။ ဒီကနေ့ ပေါက်ကြားလာတဲ့ စာရင်းအရတော့ မက်ဆီကပဲ ဗန်ဒိုက်ကို ကျော်လွန်ပြီး အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

မၾကာေသးခင္ကပဲ ၂၀၁၉ ခုႏွစ္ရဲ႕ ဘလြန္းဒီေအာ့ဆုကို မက္ဆီကပဲ အႏုိင္ရခဲ့တယ္လုိ႔ စပိန္သတင္းဌာနေတြက ေဖာ္ျပခဲ့ျပီး အဆိုပါသတင္းကို ပိုခိုင္မာေစတဲ့ ေပါက္ၾကားမႈတစ္ခု ထပ္မံ ေပၚထြက္လာခဲ့ျပီျဖစ္ပါတယ္။

ဒီတစ္ၾကိမ္ ထြက္ေပၚတာကေတာ့ ၂၀၁၉ ခုႏွစ္ရဲ႕ ဘလြန္းဒီေအာ့ ထိပ္ဆံုး ၁၀ ဦးစာရင္းနဲ႔ ၄င္းတို႔ရဲ႕ ရမွတ္ေတြ ျဖစ္ပါတယ္။ အဆိုပါ ေပါက္ၾကားမႈမွာေတာ့ မက္ဆီကပဲ ဘလြန္းဒီေအာ့ဆုကို အႏုိင္ရမွာျဖစ္ျပီး ထိပ္ဆံုး သံုးဦးစာရင္းမွာေတာ့ ေရာ္နယ္ဒို မပါလာႏုိင္ခဲ့ကာ လီဗာပူးမွ ဗန္ဒိုက္နဲ႔ ဆာလက္တို႔က ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။

အဆိုပါစာရင္း မွန္မယ္ဆိုရင္ ၂၀၁၉ ခုႏွစ္ ဘလြန္းဒီေအာ့ဆုကို မက္ဆီက ရမွတ္ ၄၄၆ မွတ္နဲ႔ အႏုိင္ရတာျဖစ္ျပီး ဒုတိယေနရာမွ ဗန္ဒိုက္က ၃၈၂ မွတ္၊ တတိယေနရာမွ ဆာလက္က ၁၇၉ မွတ္ရရွိခဲ့တာျဖစ္တယ္။ သူတို႔ သံုးဦးေနာက္မွာေတာ့ ေရာ္နယ္ဒိုက ရမွတ္ ၁၃၃ မွတ္၊ လီဗာပူးတိုက္စစ္သမား မာေနးက ၉၇ မွတ္ေတြနဲ႔ အသီးသီး ရပ္တည္ခဲ့တာျဖစ္ပါတယ္။

ထိပ္ဆံုး ၁၀ ဦးထဲမွာ ပါဝင္ခဲ့တဲ့ ေနာက္ဆံုးေသာ လီဗာပူးအသင္းသားက အယ္လီဆန္ျဖစ္ျပီး အမ္ဘတ္ပီ၊ ဒီေဂ်ာင္း၊ ဒီလစ္နဲ႔ ဟာဇက္တို႔ကလည္း အဆိုပါစာရင္းထဲ ပါဝင္ခဲ့တာျဖစ္တယ္။

မႏွစ္ကေဘာလံုးရာသီမွာ လီဗာပူးဟာ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရခဲ့သလို အမွတ္ေပးလိဂ္မွာလည္း မန္စီးတီးေနာက္ တစ္မွတ္အကြာနဲ႔ ဒုတိယေနရာမွာ ရွိခဲ့တာျဖစ္တယ္။ ဒီအတြက္ ဗန္ဒိုက္က လီဗာပူးခံစစ္ကို ဦးေဆာင္ေပးခဲ့တာျဖစ္တယ္။ မက္ဆီ ပါဝင္တဲ့ ဘာစီလိုနာကေတာ့ လာလီဂါ အမွတ္ေပးဖလားကို အႏုိင္ရခဲ့ျပီး အာဂ်င္တီးနား တိုက္စစ္မွဴးဟာ ခ်န္ပီယံလိဂ္မွာေကာ၊ လာလီဂါမွာပါ ေရႊဖိနပ္ဆု ရခဲ့တာျဖစ္ပါတယ္။

ဒီႏွစ္ရဲ႕ ဘလြန္းဒီေအာ့ဆု ထိပ္တန္းစာရင္းမွာ လီဗာပူးအသင္းသားေတြ လႊမ္းမိုးခဲ့တာျဖစ္ျပီး မက္ဆီကို ယွဥ္ျပိဳင္ဖို႔ အဓိက ေရပန္းစားတဲ့ ကစားသမားက ဗန္ဒိုက္ျဖစ္ကာ သူတို႔ႏွစ္ဦးထဲက တစ္ဦးကပဲ ဒီဆုကို ရရွိမွာျဖစ္တယ္။ ဒီကေန႔ ေပါက္ၾကားလာတဲ့ စာရင္းအရေတာ့ မက္ဆီကပဲ ဗန္ဒိုက္ကို ေက်ာ္လြန္ျပီး အႏုိင္ရသြားခဲ့တာျဖစ္ပါတယ္။