လီဗာပူး ၂-၁ ဘရိုက်တန်ပွဲအပြီး လီဗာပူးပရိသတ်တွေကြားမှာ ပြောစရာဖြစ်နေတဲ့ အချက် ၅ ချက်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။

ဖာဘင်ညို မပါတဲ့ လီဗာပူး

ဒဏ်ရာရနေတဲ့ ဖာဘင်ညိုကို အစားထိုးဖို့ဖြစ်လာတဲ့အခါ ကလော့ပ်က ပြဿနာအနည်းဆုံးနည်းကို ရွေးချယ်ခဲ့ပါတယ်။ ဟန်ဒါဆန်က ဖာဘင်ညို မရောက်လာခင်က သူနေခဲ့တဲ့ နေရာကို ပြန်ယူခဲ့ပြီး ချိန်ဘာလိန်က ဟန်ဒါဆန်ရဲ့ ကွင်းလယ်ညာခြမ်းနေရာကို ယူခဲ့ပါတယ်။ ကစားပုံပြောင်းလို့ရပေမယ့် နည်းပြက နေရာဖြည့်ရုံလောက်သာ လုပ်ခဲ့တာကြောင့် အထိအခိုက် အနည်းဆုံးနည်းနဲ့ ကစားသမားတစ်ယောက်သာ နေရာပြောင်းကစားခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ ကွင်းလယ်က ခြေချော်မှုအချို့နဲ့အတူ ဘောလုံးပိုင်ဆိုင်မှု ၅၀-၅၀ ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ပိုင်းကတော့ တစ်ခါတစ်လေ ဖာဘင်ဟို ပါသလိုတောင် ကစားပြနိုင်ခဲ့ပါတယ်။ ဖာဘင်ဟို မပါနိုင်ချိန်အတွင်း ဒီပုံစံအတိုင်းပဲ ကလော့ပ် ဆက်သုံးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ထရန့် + ဗန်ဒိုက် = ၂ ဂိုး

ဗန်ဒိုက်ဟာ နောဝစ်နဲ့ အဖွင့်ပွဲမှာ ခေါင်းတိုက်ဂိုး သွင်းပြီးကတည်းက ဂိုးထပ်မရခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ၂၅ မိနစ်အတွင်း ၂ ဂိုးသွင်းခဲ့ပြီး တိုက်စစ်ကစားသမားတွေရဲ့ တာဝန်ကိုမျှယူပေးခဲ့ပါတယ်။ ဒီဂိုးတွေကို ထရန့်က သူ့ပုံစံအတိုင်းပဲ ထိပ်တန်းအဆင့် ပေးပို့မှုတွေနဲ့ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဂိုးကြောင့် ညာနောက်ခံလူဟာ လီဗာပူး အတွက် ဖန်တီးမှု စုစုပေါင်း ၂၄ ကြိမ် ရှိလာပြီဖြစ်ပြီး သူပြိုင်ဆိုင်နေရတဲ့ အသင်းဖော် ရော်ဘတ်ဆန်ထက် တစ်ကြိမ်ပိုသာပါတယ်။

မထိရောက်ခဲ့တဲ့ တိုက်စစ်သုံးယောက်

ပထမပိုင်းအပြီးမှာ တိုက်စစ်သမားတွေ ဘာလုပ်နိုင်တယ်ဆိုတာ ပြသခဲ့တဲ့ ခြိမ်းခြောက်မှု နည်းပါးခဲ့ပါတယ်။ ဆာလက်နဲ့ တွဲဘက် တိုက်စစ်သမားတွေ ဂိုးသွင်းနိုင်ခဲ့ရင် ကောင်းမှာပါ။ လီဗာပူးအနေနဲ့ တိုက်စစ်ပိုင်းက ပွဲတိုင်း ဂိုးသွင်းပေးဖို့ လိုအပ်တယ်ဆိုပေမယ့် ကလော့ပ်က ဂိုးဘယ်သူသွင်းသွင်း ချေးမများပါဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

” တိုက်စစ်သုံးယောက်အပေါ် ကျနော်တို့ အတော်လေး မှီခိုနေရတာ သိပ်မကြာသေးပါဘူး။ဘယ်သူဂိုးသွင်းသွင်း ကျနော်ကတော့ ဂရုမစိုက်ပါဘူး။ ဂိုးရရင် ပျော်နေတာပါပဲ။ ကျနော်တို့ ဂိုးတွေပိုရခဲ့သင့်တယ်လို့တော့ထင်မိတယ်” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

အယ်လီဆန်မပါပဲ အဲဗာတန် ကိုရင်ဆိုင်ရမယ့် လီဗာပူး

အယ်လီဆန် အနီကဒ်ထိသွားတာကြောင့် မာဆေးဆိုဒ်ဒါဘီမှာတော့ ဂိုးသမား အတ်ဒရီရန်က ပွဲထွက်ရပါလိမ့်မယ်။ အယ်လီဆန်က ဘောလုံးဖမ်းဖို့ ရှေ့ထွက်လာတာဖြစ်ပေမယ့် ဧရိယာပြင်ပမှာ လက်နဲ့ဖမ်းမိခဲ့တာပါ။ VAR နဲ့ ဆုံးဖြတ်ချက် ပြောင်းမလားလို့ ကွင်းထဲမှာ ဆက်နေနေခဲ့ပေမယ့် ထင်ရှားတဲ့အနီကဒ်ပဲ ဖြစ်ခဲ့ပါတယ်။ အတ်ဒရီယန်ဟာ ရာသီအစ လိဂ် ၈ ပွဲဆက်အနိုင်မှာ ပွဲထွက်ခွင့် ရခဲ့ပြီး လီဗာပူးတို့ အနိုင်ရဖို့ မျှော်လင့်နေမယ့် မာဆေးဆိုဒ် ဒါဘီမှာ ပြန်ပါလာမယ့် စပိန် ဂိုးသမားအတွက် ဒါက ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်ပါလိမ့်မယ်။

အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့

ဒီရာသီ လီဗာပူးဟာ နောက်ကျသွင်းဂိုးတွေကြောင့် အမှတ်တွေ မဆုံးရှုံးခဲ့ရသလို ဘရိုက်တန်ပွဲမှာလည်း နောက်ဆုံး ၁၅ မိနစ်အတွင်း ကြံ့ကြံ့ခံနိုင်မှုကြောင့် အနိုင်ရခဲ့ပါတယ်။ ပွဲသိမ်းခရာမှုတ်ချိန်မှာ ပွဲကြည့်စင်ဘက်က ပရိသတ်တွေရဲ့ အော်ဟစ်မှုက ဒီနိုင်ပွဲ ဘယ်လောက် အရေးပါလဲဆိုတာ ပြသခဲ့ပါတယ်။ လီဗာပူးရဲ့ လူတံတိုင်းနဲ့ ဂိုးသမားကိုကျော်ပြီး ဘရိုက်တန် သွင်းခဲ့တဲ့ ဖရီးကစ်က လီဗာပူးကို အတော်လေး ဖိအားသက်ရောက်စေခဲ့တာပါ။ အနီကဒ်ရပြီးနောက် လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှု ၁၃% သာ ရှိခဲ့ပြီး ပျာပျာသလဲနဲ့ ရုန်းကန်နေခဲ့ရတာပါ။ အာရွန်မိုးနဲ့ ဂရော့စ်တို့ရဲ့ ကန်ချက်တွေကို အေဒရီရန် ကာကွယ်နိုင်ခဲ့လိုသာ နောက်ဆုံး အနိုင် ၃ မှတ် ရခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ၂-၁ ဘရိုက္တန္ပြဲအျပီး လီဗာပူးပရိသတ္ေတြၾကားမွာ ေျပာစရာျဖစ္ေနတဲ့ အခ်က္ ၅ ခ်က္ကို ေဖာ္ျပသြားမွာျဖစ္ပါတယ္။

ဖာဘင္ညိဳ မပါတဲ့ လီဗာပူး

ဒဏ္ရာရေနတဲ့ ဖာဘင္ညိဳကို အစားထိုးဖို႔ျဖစ္လာတဲ့အခါ ကေလာ့ပ္က ျပႆနာအနည္းဆုံးနည္းကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဟန္ဒါဆန္က ဖာဘင္ညိဳ မေရာက္လာခင္က သူေနခဲ့တဲ့ ေနရာကို ျပန္ယူခဲ့ၿပီး ခ်ိန္ဘာလိန္က ဟန္ဒါဆန္ရဲ႕ ကြင္းလယ္ညာျခမ္းေနရာကို ယူခဲ့ပါတယ္။ ကစားပုံေျပာင္းလို႔ရေပမယ့္ နည္းျပက ေနရာျဖည့္႐ုံေလာက္သာ လုပ္ခဲ့တာေၾကာင့္ အထိအခိုက္ အနည္းဆုံးနည္းနဲ႔ ကစားသမားတစ္ေယာက္သာ ေနရာေျပာင္းကစားခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းအၿပီးမွာ ကြင္းလယ္က ေျခေခ်ာ္မႈအခ်ိဳ႕နဲ႔အတူ ေဘာလုံးပိုင္ဆိုင္မႈ ၅၀-၅၀ ျဖစ္ခဲ့ေပမယ့္ ကြင္းလယ္ပိုင္းကေတာ့ တစ္ခါတစ္ေလ ဖာဘင္ဟို ပါသလိုေတာင္ ကစားျပႏိုင္ခဲ့ပါတယ္။ ဖာဘင္ဟို မပါႏိုင္ခ်ိန္အတြင္း ဒီပုံစံအတိုင္းပဲ ကေလာ့ပ္ ဆက္သုံးမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ထရန္႔ + ဗန္ဒိုက္ = ၂ ဂိုး

ဗန္ဒိုက္ဟာ ေနာဝစ္နဲ႔ အဖြင့္ပြဲမွာ ေခါင္းတိုက္ဂိုး သြင္းၿပီးကတည္းက ဂိုးထပ္မရခဲ့ပါဘူး။ ဒီတစ္ႀကိမ္မွာေတာ့ ၂၅ မိနစ္အတြင္း ၂ ဂိုးသြင္းခဲ့ၿပီး တိုက္စစ္ကစားသမားေတြရဲ႕ တာဝန္ကိုမွ်ယူေပးခဲ့ပါတယ္။ ဒီဂိုးေတြကို ထရန္႔က သူ႔ပံုစံအတိုင္းပဲ ထိပ္တန္းအဆင့္ ေပးပို႔မႈေတြနဲ႔ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။ ဒီႏွစ္ဂိုး​ေၾကာင့္ ညာေနာက္ခံလူဟာ လီဗာပူး အတြက္ ဖန္တီးမႈ စုစုေပါင္း ၂၄ ႀကိမ္ ရွိလာၿပီျဖစ္ၿပီး သူျပိဳင္ဆိုင္ေနရတဲ့ အသင္းေဖာ္ ေရာ္ဘတ္ဆန္ထက္ တစ္ႀကိမ္ပိုသာပါတယ္။

မထိေရာက္ခဲ့တဲ့ တိုက္စစ္သုံးေယာက္

ပထမပိုင္းအၿပီးမွာ တိုက္စစ္သမားေတြ ဘာလုပ္ႏိုင္တယ္ဆိုတာ ျပသခဲ့တဲ့ ၿခိမ္းေျခာက္မႈ နည္းပါးခဲ့ပါတယ္။ ဆာလက္နဲ႔ တြဲဘက္ တုိက္စစ္သမားေတြ ဂိုးသြင္းႏိုင္ခဲ့ရင္ ေကာင္းမွာပါ။ လီဗာပူးအေနနဲ႔ တိုက္စစ္ပိုင္းက ပြဲတိုင္း ဂိုးသြင္းေပးဖို႔ လိုအပ္တယ္ဆိုေပမယ့္ ကေလာ့ပ္က ဂိုးဘယ္သူသြင္းသြင္း ေခ်းမမ်ားပါဘူးလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

” တိုက္စစ္သုံးေယာက္အေပၚ က်ေနာ္တို႔ အေတာ္ေလး မွီခိုေနရတာ သိပ္မၾကာေသးပါဘူး။ဘယ္သူဂိုးသြင္းသြင္း က်ေနာ္ကေတာ့ ဂ႐ုမစိုက္ပါဘူး။ ဂိုးရရင္ ေပ်ာ္ေနတာပါပဲ။ က်ေနာ္တို႔ ဂိုးေတြပိုရခဲ့သင့္တယ္လို႔ေတာ့ထင္မိတယ္” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

အယ္လီဆန္မပါပဲ အဲဗာတန္ ကိုရင္ဆိုင္ရမယ့္ လီဗာပူး

အယ္လီဆန္ အနီကဒ္ထိသြားတာေၾကာင့္ မာေဆးဆိုဒ္ဒါဘီမွာေတာ့ ဂိုးသမား အတ္ဒရီရန္က ပြဲထြက္ရပါလိမ့္မယ္။ အယ္လီဆန္က ေဘာလုံးဖမ္းဖို႔ ေရွ႕ထြက္လာတာျဖစ္ေပမယ့္ ဧရိယာျပင္ပမွာ လက္နဲ႔ဖမ္းမိခဲ့တာပါ။ VAR နဲ႔ ဆုံးျဖတ္ခ်က္ ေျပာင္းမလားလို႔ ကြင္းထဲမွာ ဆက္ေနေနခဲ့ေပမယ့္ ထင္ရွားတဲ့အနီကဒ္ပဲ ျဖစ္ခဲ့ပါတယ္။ အတ္ဒရီယန္ဟာ ရာသီအစ လိဂ္ ၈ ပြဲဆက္အႏိုင္မွာ ပြဲထြက္ခြင့္ ရခဲ့ၿပီး လီဗာပူးတို႔ အႏိုင္ရဖို႔ ေမွ်ာ္လင့္ေနမယ့္ မာေဆးဆိုဒ္ ဒါဘီမွာ ျပန္ပါလာမယ့္ စပိန္ ဂိုးသမားအတြက္ ဒါက ႀကီးမားတဲ့ စမ္းသပ္မႈ ျဖစ္ပါလိမ့္မယ္။

အႏိုင္ရလဒ္ကို ပုံေဖာ္ႏိုင္ခဲ့

ဒီရာသီ လီဗာပူးဟာ ေနာက္က်သြင္းဂိုးေတြေၾကာင့္ အမွတ္ေတြ မဆုံးရႈံးခဲ့ရသလို ဘရိုက္တန္ပြဲမွာလည္း ေနာက္ဆုံး ၁၅ မိနစ္အတြင္း ၾကံ႕ၾကံ႕ခံႏုိင္မႈေၾကာင့္ အႏိုင္ရခဲ့ပါတယ္။ ပြဲသိမ္းခရာမႈတ္ခ်ိန္မွာ ပြဲၾကည့္စင္ဘက္က ပရိသတ္ေတြရဲ႕ ေအာ္ဟစ္မႈက ဒီႏိုင္ပြဲ ဘယ္ေလာက္ အေရးပါလဲဆိုတာ ျပသခဲ့ပါတယ္။ လီဗာပူးရဲ႕ လူတံတိုင္းနဲ႔ ဂိုးသမားကိုေက်ာ္ၿပီး ဘ႐ိုက္တန္ သြင္းခဲ့တဲ့ ဖရီးကစ္က လီဗာပူးကို အေတာ္ေလး ဖိအားသက္ေရာက္ေစခဲ့တာပါ။ အနီကဒ္ရၿပီးေနာက္ လီဗာပူးဟာ ေဘာလုံးပိုင္ဆိုင္မႈ ၁၃% သာ ရွိခဲ့ၿပီး ပ်ာပ်ာသလဲနဲ႔ ႐ုန္းကန္ေနခဲ့ရတာပါ။ အာ႐ြန္မိုးနဲ႔ ဂေရာ့စ္တို႔ရဲ႕ ကန္ခ်က္ေတြကို ေအဒရီရန္ ကာကြယ္ႏိုင္ခဲ့လိုသာ ေနာက္ဆံုး အႏိုင္ ၃ မွတ္ ရခဲ့တာျဖစ္ပါတယ္။