ဒီသီတင်းပတ်ကုန်ကတော့ လီဗာပူးပရိသတ်တွေအတွက် ကောင်းမွန်တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်းက အန်းဖီးမှာ ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ယူခဲ့သလို ဘုန်းမောက်မှာ အငှားချထားတဲ့ လီဗာပူး လူငယ်ကလည်း စပါးအသင်းဘက်ကို လှလှပပ ဂိုး သွင်းယူခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီး သရေကျစေမယ့် နယူးကာဆယ် အသင်းအတွက် ချေပဂိုး သွင်းယူသွားသူကလည်း လီဗာပူး ကစားသမားဟောင်း ဂျွန်ဂျို ရှယ်လ်ဗေး ဖြစ်ပါတယ်။ စနေနေ့ည ပွဲစဉ်များ အပြီးမှာ လီဗာပူး ပရိသတ်တွေ ပါးစပ်ဖျားထဲ ဗန်ဒိုက် ရေပန်းစားနေသလို ဟယ်ရီဝီဆန်ကိုလည်း ချီးကျူးမှုတွေ ရှိထားကာ လီဗာပူး အကယ်ဒမီထွက် လူငယ်လေးကို နောက်နှစ်မှာ အသင်းကြီးနဲ့ အတူ အခွင့်အရေးပေးဖို့ တောင်းဆိုနေကြပါတယ်။

ဘုန်းမောက်ဟာ စပါးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့တာ ဖြစ်ပြီး မော်ရင်ညိုရဲ့ အသင်းက ဦးဆောင်ဂိုး သုံးဂိုး သွင်းယူ ထားသော်လည်း ဝီဆန်က ဘုန်းမောက်အတွက် ၇၃ မိနစ်မှာ ဖရီးကစ်ကနေ တစ်ဂိုး၊ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ကန်ချက်ပြင်းပြင်းနဲ့ တစ်ဂိုး ချေပဂိုးများ ပြန်သွင်းခဲ့ကာ ၃-၂ နဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဝီဆန်ရဲ့ ဖရီးကစ်ဂိုး အပေါ် လီဗာပူး ပရိသတ်များ ကျေနပ်အားရနေကြပြီး တွစ်တာမှာ ချီးကျူးမှုများ ပြည့်နှက်နေခဲ့ပါတယ်။ ဝီလ်ဆန်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုးက ၆ ဂိုး အထိ ရှိသွားပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ဒီရာသီ လိဂ်ဂိုး အများဆုံးထဲမှာ မာနေးက ၈ ဂိုး ဖြစ်ပြီး ဆာလက်က ၆ ဂိုး သွင်းယူထားတာကြောင့် ဝီဆန်က စီနီယာတွေကို အမှီလိုက်လောနေပြီ ဖြစ်ပါတယ်။

လီဗာပူး ပရိသတ်တွေကတော့ ဝီဆန်ဟာ အသင်းမှာ ပျောက်ဆုံးနေဆဲ ဖြစ်တဲ့ နံပါတ် ၁၀ နေရာ အတွက် သင့်တော်မယ်လို့ မှတ်ချက်ပေး နေကြပါတယ်။ ဝီဆန်က မိခင်ကလပ်အသင်းရဲ့ စီနီယာအသင်းကြီးမှာ တစ်နေရာ ရဖို့ ထိုက်တန်တဲ့သူ ဖြစ်တယ်လို့ တိုက်တွန်း နေကြသလို ခြေစွမ်းထက် လူငယ်လေးကို အငှားချခဲ့တဲ့ ဆုံးဖြတ်ချက်ကို နားမလည်ဘူးလို့ စောဒက တက်နေသူများလည်း ရှိပါတယ်။

လယ်လာနာက လီဗာပူးအသင်းမှာ ဝီဆန်ထက် လုံလောက်စွာ ပို လုပ်ပြနိုင်ထားသလားလို့ မေးခွန်း ထုတ်မှုတွေလည်း ရှိနေကြပါတယ်။ ဝေးစ်တောင်ပံ လူငယ်လေးကတော့ ၎င်းဟာ လီဗာပူးအသင်း၊ နည်းပြ ကလော့ပ်တိုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကာ ကလော့ပ်နဲ့ အပတ်တိုင်း မက်ဆေ့ပို့ကာ ပြောဆိုဆွေးနွေးမှုတွေ ရှိနေတယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

Zawgyi

ဒီသီတင္းပတ္ကုန္ကေတာ့ လီဗာပူးပရိသတ္ေတြအတြက္ ေကာင္းမြန္တဲ့ အခိုက္အတန္႔ ျဖစ္ခဲ့ပါတယ္။ လီဗာပူးအသင္းက အန္းဖီးမွာ ဘရိုက္တန္ကို ၂-၁ နဲ႕ အနုိင္ယူခဲ့သလို ဘုန္းေမာက္မွာ အငွားခ်ထားတဲ့ လီဗာပူး လူငယ္ကလည္း စပါးအသင္းဘက္ကို လွလွပပ ဂိုး သြင္းယူခဲ့ပါတယ္။

ဒါ့အျပင္ မန္စီးတီး သေရက်ေစမယ့္ နယူးကာဆယ္ အသင္းအတြက္ ေခ်ပဂိုး သြင္းယူသြားသူကလည္း လီဗာပူး ကစားသမားေဟာင္း ဂၽြန္ဂ်ိဳ ရွယ္လ္ေဗး ျဖစ္ပါတယ္။ စေနေန႔ည ပြဲစဥ္မ်ား အျပီးမွာ လီဗာပူး ပရိသတ္ေတြ ပါးစပ္ဖ်ားထဲ ဗန္ဒိုက္ ေရပန္းစားေနသလို ဟယ္ရီ၀ီဆန္ကိုလည္း ခ်ီးက်ဴးမႈေတြ ရွိထားကာ လီဗာပူး အကယ္ဒမီထြက္ လူငယ္ေလးကို ေနာက္နွစ္မွာ အသင္းၾကီးနဲ႕ အတူ အခြင့္အေရးေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။

ဘုန္းေမာက္ဟာ စပါးအသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ခဲ့တာ ျဖစ္ျပီး ေမာ္ရင္ညိဳရဲ႕ အသင္းက ဦးေဆာင္ဂိုး သံုးဂိုး သြင္းယူ ထားေသာ္လည္း ၀ီဆန္က ဘုန္းေမာက္အတြက္ ၇၃ မိနစ္မွာ ဖရီးကစ္ကေန တစ္ဂိုး၊ ပြဲျပီးခါနီး နာက်င္အခ်ိန္ပိုမွာ ကန္ခ်က္ျပင္းျပင္းနဲ႕ တစ္ဂိုး ေခ်ပဂိုးမ်ား ျပန္သြင္းခဲ့ကာ ၃-၂ နဲ႕ အဆံုးသတ္ခဲ့ပါတယ္။

၀ီဆန္ရဲ႕ ဖရီးကစ္ဂိုး အေပၚ လီဗာပူး ပရိသတ္မ်ား ေက်နပ္အားရေနၾကျပီး တြစ္တာမွာ ခ်ီးက်ဴးမႈမ်ား ျပည့္နွက္ေနခဲ့ပါတယ္။ ၀ီလ္ဆန္ရဲ႕ ဒီရာသီ ပရီးမိီးယားလိဂ္ သြင္းဂိုးက ၆ ဂိုး အထိ ရွိသြားျပီ ျဖစ္ပါတယ္။ လီဗာပူးအသင္းမွာ ဒီရာသီ လိဂ္ဂိုး အမ်ားဆံုးထဲမွာ မာေနးက ၈ ဂိုး ျဖစ္ျပီး ဆာလက္က ၆ ဂိုး သြင္းယူထားတာေၾကာင့္ ၀ီဆန္က စီနီယာေတြကို အမွီလိုက္ေလာေနျပီ ျဖစ္ပါတယ္။

လီဗာပူး ပရိသတ္ေတြကေတာ့ ၀ီဆန္ဟာ အသင္းမွာ ေပ်ာက္ဆံုးေနဆဲ ျဖစ္တဲ့ နံပါတ္ ၁၀ ေနရာ အတြက္ သင့္ေတာ္မယ္လို႔ မွတ္ခ်က္ေပး ေနၾကပါတယ္။ ၀ီဆန္က မိခင္ကလပ္အသင္းရဲ႕ စီနီယာအသင္းၾကီးမွာ တစ္ေနရာ ရဖို႔ ထုိက္တန္တဲ့သူ ျဖစ္တယ္လို႔ တိုက္တြန္း ေနၾကသလို ေျခစြမ္းထက္ လူငယ္ေလးကို အငွားခ်ခဲ့တဲ့ ဆံုးျဖတ္ခ်က္ကို နားမလည္ဘူးလို႔ ေစာဒက တက္ေနသူမ်ားလည္း ရွိပါတယ္။

လယ္လာနာက လီဗာပူးအသင္းမွာ ၀ီဆန္ထက္ လံုေလာက္စြာ ပို လုပ္ျပနိုင္ထားသလားလို႔ ေမးခြန္း ထုတ္မႈေတြလည္း ရွိေနၾကပါတယ္။ ေ၀းစ္ေတာင္ပံ လူငယ္ေလးကေတာ့ ၄င္းဟာ လီဗာပူးအသင္း၊ နည္းျပ ကေလာ့ပ္တိုန႔ဲ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိကာ ကေလာ့ပ္နဲ႕ အပတ္တိုင္း မက္ေဆ့ပို႔ကာ ေျပာဆိုေဆြးေႏြးမႈေတြ ရွိေနတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။