ဂျေဆီလင်ဂတ်ဟာ ယူနိုက်တက်မှာ ၁၀ လကြာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်ခဲ့ပြီးတဲ့နောက် ပုံစံကောင်းတွေပြန်ရဖို့ မျှော်လင့်နေပါတယ်။ လင်ဂတ်ဟာ အက်စ်တာနာနဲ့ ယူရိုပါလိဂ်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့ပေမယ့် ကလပ်အသင်းရဲ့ ခြေချော်မှုကြောင့် ၂-၁နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လင်ဂတ်ဟာ ကာလရှည် ဂိုးမိုးခေါင်မှုကြောင့် ဝေဖန်မှုတွေကို ရင်ဆိုင်ထားရသူဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးကြောင့် ခက်ခဲတဲ့ ကာလတွေကို ကျော်ဖြတ်နိုင်ဖို့ တွန်းအားဖြစ်စေမယ်လို့ ယုံကြည်လာခဲ့တယ်။ ယူရိုပါလိဂ်မှာ အဓိက ကစားသမားအဖြစ် ပွဲထွက်ခဲ့တဲ့ လင်ဂတ်ဟာ ဒီကနေ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ပွဲထွက်လူစာရင်းက ပါဝင်ဖွယ် မရှိဘူးလို့လည်း ခန့်မှန်းထားရတယ်။

” နေရာအတွက်တိုက်ပွဲဝင်ဖို့၊ ပုံစံကောင်းတွေ ပြသနိုင်ဖို့ အမြဲတမ်း စိတ်အားထက်သန်မှုရှိပါတယ်။ ကျနော့်အနေနဲ့တော့ လူတိုင်းသိတဲ့ ဂျေဆီလင်ဂတ် ပြန်ဖြစ်ဖို့ ကြိုးစားသွားမှာပါ။ အရာအားလုံးက ကွင်းတွင်းရော ကွင်းပြင်မှာပါ အကျိုးသက်ရောက်နိုင်တယ်။ အဲ့ဒီ့အတွက် စိတ်ဓာတ်နဲ့ယုံကြည်ချက်က အဓိကကျပါတယ်။

ကျနော်က သွင်းဂိုးနဲ့ ဖန်တီးမှုတွေ ပြုလုပ်လိုတဲ့ ကစားသမားတစ်ယောက်ပါ။ ကျနော့်ရဲ့ အကောင်းဆုံး ပုံစံတွေ ပြန်ရဖို့လိုအပ်တယ်။ တဖြည်းဖြည်းချင်း သွားနေပေမယ့် သေချာပေါက် ဖြစ်လာဖို့ ယုံကြည်ပါတယ်” လို့ လင်ဂတ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရလဒ်တွေ မတည်ငြိမ်ဖြစ်နေပြီး ဒီရာသီမှာ ထိပ်ဆုံးလေးနေရာ စိန်ခေါ်ခွင့်နဲ့ ဝေးကွာနေတာဖြစ်တယ်။ ဒဏ်ရာကနေ ပေါ့ဘာ ပြန်သက်သာလာဖို့နဲ့ လင်ဂတ် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့က ယူနိုက်တက်ရဲ့ ပွဲကြပ်ကာလတွေအတွက် လိုအပ်နေတာဖြစ်ပါတယ်။

ZAWGYI

ေဂ်ဆီလင္ဂတ္ဟာ ယူႏိုက္တက္မွာ ၁၀ လၾကာ ဂိုးမိုးေခါင္မႈကို အဆုံးသတ္ခဲ့ၿပီးတဲ့ေနာက္ ပုံစံ​ေကာင္းေတြျပန္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ လင္ဂတ္ဟာ အက္စ္တာနာနဲ႔ ယူ႐ိုပါလိဂ္ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ ပါဝင္ခဲ့ၿပီး အဖြင့္ဂိုးသြင္းယူေပးခဲ့ေပမယ့္ ကလပ္အသင္းရဲ႕ ေျခေခ်ာ္မႈေၾကာင့္ ၂-၁နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

လင္ဂတ္ဟာ ကာလရွည္ ဂိုးမိုးေခါင္မႈေၾကာင့္ ေဝဖန္မႈေတြကို ရင္ဆုိင္ထားရသူျဖစ္ျပီး သူ႔ရဲ႕ သြင္းဂိုးေၾကာင့္ ခက္ခဲတဲ့ ကာလေတြကို ေက်ာ္ျဖတ္ႏိုင္ဖို႔ တြန္းအားျဖစ္ေစမယ္လို႔ ယံုၾကည္လာခဲ့တယ္။ ယူရိုပါလိဂ္မွာ အဓိက ကစားသမားအျဖစ္ ပြဲထြက္ခဲ့တဲ့ လင္ဂတ္ဟာ ဒီကေန႔ ပရီးမီးယားလိဂ္ပြဲမွာေတာ့ ပြဲထြက္လူစာရင္းက ပါဝင္ဖြယ္ မရွိဘူးလို႔လည္း ခန္႔မွန္းထားရတယ္။

” ေနရာအတြက္တိုက္ပြဲဝင္ဖို႔၊ ပုံစံေကာင္းေတြ ျပသႏိုင္ဖို႔ အၿမဲတမ္း စိတ္အားထက္သန္မႈရွိပါတယ္။ က်ေနာ့္အေနနဲ႔ေတာ့ လူတိုင္းသိတဲ့ ေဂ်ဆီလင္ဂတ္ ျပန္ျဖစ္ဖို႔ ႀကိဳးစားသြားမွာပါ။ အရာအားလုံးက ကြင္းတြင္းေရာ ကြင္းျပင္မွာပါ အက်ိဳးသက္ေရာက္ႏိုင္တယ္။ အဲ့ဒီ့အတြက္ စိတ္ဓာတ္နဲ႔ယုံၾကည္ခ်က္က အဓိကက်ပါတယ္။

က်ေနာ္က သြင္းဂိုးနဲ႔ ဖန္တီးမႈေတြ ျပဳလုပ္လိုတဲ့ ကစားသမားတစ္ေယာက္ပါ။ က်ေနာ့္ရဲ႕ အေကာင္းဆုံး ပုံစံေတြ ျပန္ရဖို႔လိုအပ္တယ္။ တျဖည္းျဖည္းခ်င္း သြားေနေပမယ့္ ေသခ်ာေပါက္ ျဖစ္လာဖို႔ ယုံၾကည္ပါတယ္” လို႔ လင္ဂတ္က ေျပာဆိုခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ရလဒ္ေတြ မတည္ျငိမ္ျဖစ္ေနျပီး ဒီရာသီမွာ ထိပ္ဆံုးေလးေနရာ စိန္ေခၚခြင့္နဲ႔ ေဝးကြာေနတာျဖစ္တယ္။ ဒဏ္ရာကေန ေပါ့့ဘာ ျပန္သက္သာလာဖို႔နဲ႔ လင္ဂတ္ ေျခစြမ္းေကာင္းေတြ ျပသႏုိင္ဖို႔က ယူႏုိက္တက္ရဲ႕ ပြဲၾကပ္ကာလေတြအတြက္ လိုအပ္ေနတာျဖစ္ပါတယ္။