အမ်မရီကို ရာထူးက ထုတ်ပယ်ပြီး ယာယီမန်နေဂျာအဖြစ် ယွန်းဘတ်နဲ့ အစားထိုးမှုမှာ ဂန်းနားဟောင်းကြီးဟာ အကယ်ဒမီနည်းပြ မာတီဆက်ကာနဲ့အတူ အသင်းကို ပူးတွဲတာဝန်ယူသွားမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အမ်မရီနေရာအတွက် အစားထိုးဖို့ရာ ပိုချက်တီနို၊ ရော်ဂျာ၊ အာတီတာ၊ အယ်လီဂရီ၊ အန်ဆယ်လော့တီကို စဉ်းစားနေပေမယ့် ယာယီမန်နေဂျာ ယွန်းဘတ်ကိုလဲ ကလပ်အသင်းရဲ့ အနာဂတ်အစီအစဉ်တွေအတွက် လိုအပ်သလောက် အသင်းကို ဦးဆောင်နိုင်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေး ပေးပါလိမ့်မယ်။ သူ့ကိုရာသီကုန်အထိတော့ တာဝန်ပေးပြီး အာဆင်နယ်ဘက်က အလိုရှိနေတယ်လို့သိရပါတယ်။

ကလပ်ဟာ ၁၉၉၂ နောက်ပိုင်း အမှတ်ပေးလိဂ်မှာ အဆိုးဝါးဆုံး တာထွက်နေရတဲ့ အနေအထားကို ကိုင်တွယ်ဖို့ ကြိုးစားနေသလို
အာဆင်နယ်မှာ မန်နေဂျာအဖြစ် ယွန်းဘတ်ဘယ်လောက်ကြာမယ်ဆိုတာ တိတိကျကျ မသိရတဲ့ ဂန်းနားဟောင်းကြီးက စီနီယာအသင်းကို ကိုင်တွယ်မှုမှာ အကယ်ဒမီ နည်းပြ မာတီဆက်ကာနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အသင်းခေါင်းဆောင်ဟောင်း မာတီဆက်ကာဟာ ၂၀၁၈ မှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး အကယ်ဒမီကို တာဝန်ယူကတည်းက ကလပ်တာဝန်ရှိသူတွေကို အထင်ကြီးစေခဲ့ပြီး သိပ်မကြာခင်မှာပဲ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ အလုပ်အမှုဆောင်အဖွဲ့ထဲ ရောက်ရှိခဲ့တာပါ။ သူဟာ အကယ်ဒမီ နည်းပြတာဝန်သာမက စနစ်အတွင်း နည်းပြဌာနများစွာကို အုပ်ချုပ်တဲ့တာဝန်ယူထားလဲဖြစ်ပါတယ်။

နော်ဝစ်ပွဲကြို ယွန်းဘတ်က ပြောရာမှာ “ ကျနော်အတွက်ကတော့ ကလပ်နဲ့ အသင်းက အရေးကြီးဆုံးပါပဲ။ တနင်္ဂနွေနေ့ပွဲနဲ့ အနာဂတ်အတွက် အာရုံစိုက်နိုင်ဖို့ ကြိုးစားမှာဖြစ်တယ်။ နောက်ထပ် ပွဲတွေ ထပ်ကိုင်တွယ်ခွင့်ရရင်လည်း ကျနေ်ာတို့ ကြည့်ရပါမယ်။ ဘယ်လောက်ကြာကြာ ကိုင်ရမယ်ဆိုတာ မရှိပါဘူး။ တာဝန်ရှိသူတွေက လာမယ့်ပွဲကို အာရုံစိုက်ဖို့ပဲ ပြောထားပြီး အကောင်းဆုံး လုပ်ရမှာဖြစ်ကာ ဘာဖြစ်လာမယ် ကြည့်ရပါမယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

အမ္မရီကို ရာထူးက ထုတ္ပယ္ျပီး ယာယီမန္ေနဂ်ာအျဖစ္ ယြန္းဘတ္နဲ႔ အစားထိုးမႈမွာ ဂန္းနားေဟာင္းၾကီးဟာ အကယ္ဒမီနည္းျပ မာတီဆက္ကာနဲ႔အတူ အသင္းကို ပူးတြဲတာဝန္ယူသြားမွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အမ္မရီေနရာအတြက္ အစားထိုးဖို႔ရာ ပိုခ်က္တီႏို၊ ေရာ္ဂ်ာ၊ အာတီတာ၊ အယ္လီဂရီ၊ အန္ဆယ္ေလာ့တီကို စဥ္းစားေနေပမယ့္ ယာယီမန္ေနဂ်ာ ယြန္းဘတ္ကိုလဲ ကလပ္အသင္းရဲ႕ အနာဂတ္အစီအစဥ္ေတြအတြက္ လိုအပ္သေလာက္ အသင္းကို ဦးေဆာင္ႏိုင္တယ္ဆိုတာ သက္ေသျပဖို႔ အခြင့္အေရး ေပးပါလိမ့္မယ္။ သူ႔ကိုရာသီကုန္အထိေတာ့ တာဝန္ေပးၿပီး အာဆင္နယ္ဘက္က အလိုရွိေနတယ္လို႔သိရပါတယ္။

ကလပ္ဟာ ၁၉၉၂ ေနာက္ပိုင္း အမွတ္ေပးလိဂ္မွာ အဆိုးဝါးဆုံး တာထြက္ေနရတဲ့ အေနအထားကို ကိုင္တြယ္ဖို႔ ႀကိဳးစားေနသလို
အာဆင္နယ္မွာ မန္ေနဂ်ာအျဖစ္ ယြန္းဘတ္ဘယ္ေလာက္ၾကာမယ္ဆိုတာ တိတိက်က် မသိရတဲ့ ဂန္းနားေဟာင္းၾကီးက စီနီယာအသင္းကို ကိုင္တြယ္မႈမွာ အကယ္ဒမီ နည္းျပ မာတီဆက္ကာနဲ႔ လက္တြဲလုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ေဟာင္း မာတီဆက္ကာဟာ ၂၀၁၈ မွာ ကစားသမားဘဝကေန အနားယူခဲ့ျပီး အကယ္ဒမီကို တာဝန္ယူကတည္းက ကလပ္တာဝန္ရွိသူေတြကို အထင္ႀကီးေစခဲ့ၿပီး သိပ္မၾကာခင္မွာပဲ အုပ္ခ်ဳပ္ေရးအဖြဲ႔ျဖစ္တဲ့ အလုပ္အမႈေဆာင္အဖြဲ႕ထဲ ေရာက္ရွိခဲ့တာပါ။ သူဟာ အကယ္ဒမီ နည္းျပတာဝန္သာမက စနစ္အတြင္း နည္းျပဌာနမ်ားစြာကို အုပ္ခ်ဳပ္တဲ့တာဝန္ယူထားလဲျဖစ္ပါတယ္။

ေနာ္ဝစ္ပြဲၾကိဳ ယြန္းဘတ္က ေျပာရာမွာ “ က်ေနာ္အတြက္ကေတာ့ ကလပ္နဲ႔ အသင္းက အေရးၾကီးဆံုးပါပဲ။ တနဂၤေႏြေန႔ပြဲနဲ႔ အနာဂတ္အတြက္ အာရံုစိုက္ႏုိင္ဖို႔ ၾကိဳးစားမွာျဖစ္တယ္။ ေနာက္ထပ္ ပြဲေတြ ထပ္ကိုင္တြယ္ခြင့္ရရင္လည္း က်ေန္ာတို႔ ၾကည့္ရပါမယ္။ ဘယ္ေလာက္ၾကာၾကာ ကိုင္ရမယ္ဆိုတာ မရွိပါဘူး။ တာဝန္ရွိသူေတြက လာမယ့္ပြဲကို အာရံုစိုက္ဖို႔ပဲ ေျပာထားျပီး အေကာင္းဆံုး လုပ္ရမွာျဖစ္ကာ ဘာျဖစ္လာမယ္ ၾကည့္ရပါမယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။