ရလဒ်ဆိုးတွေ များနေတဲ့ ယူနိုက်တက်ဟာ ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ နည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ စပါးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲ ပြီး သီတင်းပတ်ကုန်မှာလည်း မန်စီးတီးနဲ့ ဒါဘီပွဲ ကစားဖို့ ရှိနေတာကြောင့် ယူနိုက်တက် အတွက် စိန်ခေါ်မှုတွေ ဆက်လို့ နေပါတယ်။

ဒီပွဲ မတိုင်ခင်မှာ ယူနိုက်တက်က ၁၄ ပွဲ ကစား ၁၈ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိပြီး စပါးအသင်းကတော့ အမှတ် ၂၀ နဲ့ အဆင့် ၅ နေရာမှာ ရှိပါတယ်။ ပွဲချိန်ကတော့ ကြာသပတေးနေ့ မနက် မြန်မာစံတော်ချိန် ၂ နာရီပါ။ ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက်ကို ဖော်ပြပေးပါမယ်။

” ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က ပွဲစဉ်မှာ ဗီလာနဲ့ တစ်မှတ်စီခွဲယူပြီး လေးဂိုး မျှသွင်းခဲ့ကြတယ်။ ကြားရက်ပွဲမှာလည်း ဒီလိုမျိုး ရလဒ်ထွက်လာမယ် ဆိုရင် ကျနော် အံ့သြမိမှာ မဟုတ်ဘူး။ မော်ရင်ညိုကတော့ ယူနိုက်တက်က အထုတ်ပယ်ခံရပြီးနောက် ၁၂ လ အတွင်း အိုးထရက်ဖို့ဒ်ကို ပထမဆုံး အကြိမ် ပြန်လာရခြင်း ဖြစ်ပါတယ်။

နှစ်သင်းလုံး က နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ ဂိုးလည်းသွင်း ဂိုးလည်း ပေးထားကြတဲ့ အသင်းတွေ ဖြစ်တယ်။ ပိုချက်တီနို ထွက်ခွာသွားပြီး မြောက်လန်ဒန်ကလပ်မှာ မော်ရင်ညို အစားဝင်လာပေမယ့် စပါးအသင်းက နောက်ဆုံး ၃ ပွဲမှာ ၂ဂိုးစီ ပြန်ပေးထားရပါတယ်။ ဒီပွဲက ပွဲကောင်း တစ်ပွဲ ဖြစ်မှာ သေချာပေမယ့် နှစ်သင်းလုံး မျက်နှာမနာကြရဘဲ အမှတ်ခွဲယူသွားဖွယ် ရှိပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

ယူနိုက်တက်နဲ့ စပါးပွဲအတွက် မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး သရေရလဒ် ထွက်ပါမယ်။

Zawgyi

ရလဒ္ဆိုးေတြ မ်ားေနတဲ့ ယူနိုက္တက္ဟာ ၾကားရက္ ပရီးမီးယားလိဂ္ ပြဲစဥ္မွာေတာ့ နည္းျပေဟာင္း ေမာ္ရင္ညိဳ ကိုင္တြယ္ေနတဲ့ စပါးအသင္းကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ဒီပြဲ ျပီး သီတင္းပတ္ကုန္မွာလည္း မန္စီးတီးနဲ႕ ဒါဘီပြဲ ကစားဖို႔ ရွိေနတာေၾကာင့္ ယူနိုက္တက္ အတြက္ စိန္ေခၚမႈေတြ ဆက္လို႔ ေနပါတယ္။

ဒီပြဲ မတိုင္ခင္မွာ ယူနုိက္တက္က ၁၄ ပြဲ ကစား ၁၈ မွတ္နဲ႕ အဆင့္ ၉ ေနရာမွာ ရွိျပီး စပါးအသင္းကေတာ့ အမွတ္ ၂၀ နဲ႕ အဆင့္ ၅ ေနရာမွာ ရွိပါတယ္။ ပြဲခ်ိန္ကေတာ့ ၾကာသပေတးေန႔ မနက္ ျမန္မာစံေတာ္ခ်ိန္ ၂ နာရီပါ။ ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ခ်က္ကို ေဖာ္ျပေပးပါမယ္။

” ယူနိုက္တက္ဟာ တနဂၤေႏြေန႔က ပြဲစဥ္မွာ ဗီလာနဲ႕ တစ္မွတ္စီခြဲယူျပီး ေလးဂိုး မွ်သြင္းခဲ့ၾကတယ္။ ၾကားရက္ပြဲမွာလည္း ဒီလိုမ်ိဳး ရလဒ္ထြက္လာမယ္ ဆိုရင္ က်ေနာ္ အံ့ၾသမိမွာ မဟုတ္ဘူး။ ေမာ္ရင္ညိဳကေတာ့ ယူနုိက္တက္က အထုတ္ပယ္ခံရျပီးေနာက္ ၁၂ လ အတြင္း အိုးထရက္ဖို႔ဒ္ကို ပထမဆံုး အၾကိမ္ ျပန္လာရျခင္း ျဖစ္ပါတယ္။

နွစ္သင္းလံုး က ေနာက္ဆံုး ကစားထားတဲ့ ၄ ပြဲမွာ ဂိုးလည္းသြင္း ဂိုးလည္း ေပးထားၾကတဲ့ အသင္းေတြ ျဖစ္တယ္။ ပိုခ်က္တီနို ထြက္ခြာသြားျပီး ေျမာက္လန္ဒန္ကလပ္မွာ ေမာ္ရင္ညိဳ အစား၀င္လာေပမယ့္ စပါးအသင္းက ေနာက္ဆံုး ၃ ပြဲမွာ ၂ဂိုးစီ ျပန္ေပးထားရပါတယ္။ ဒီပြဲက ပြဲေကာင္း တစ္ပြဲ ျဖစ္မွာ ေသခ်ာေပမယ့္ နွစ္သင္းလံုး မ်က္နွာမနာၾကရဘဲ အမွတ္ခြဲယူသြားဖြယ္ ရွိပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

ယူႏုိက္တက္နဲ႔ စပါးပြဲအတြက္ မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ နွစ္သင္းလံုး ဂိုးသြင္းျပီး သေရရလဒ္ ထြက္ပါမယ္။