နိုင်ငံတကာ သီတင်းပတ် ပြီးတည်းက ရလဒ်ဆိုးတွေ ကြုံနေရတဲ့ ချယ်ဆီးအသင်းဟာ လာမယ့် ကြာသပတေးနေ့မှာတော့ အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံ ကစားပြီး နိုင်ပွဲ ပြန်တွေ့ဖွယ် ရှိနေပါတယ်။ ဒဏ်ရာ ရထားတဲ့ တိုက်စစ်မှူး အေဗရာဟမ်ကလည်း ဒီပွဲ အမှီ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။

ဒီပွဲ မကစားခင်မှာ ချယ်ဆီးက အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ၂၆ မှတ်နဲ့ ရှိနေပြီး အက်စတွန်ဗီလာကတော့ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁၅ မှာ ရှိနေတာပါ။ ပွဲချိန်ကတော့ ကြာသပတေးနေ့ မနက် မြန်မာစံတော်ချိန် ၂ နာရီ ဖြစ်ပါတယ်။

” ချယ်ဆီးဟာ စနေနေ့ စတန်းဖို့ဘရစ်ချ်က ပွဲမှာ ဝက်စ်ဟမ်းကို ချေမှုန်းဖို့ ရုန်းကန်ခဲ့ရပါတယ်။ ရှုံးပွဲတွေ ဆက်လာပြီး တစ်မှတ် ယူဖို့တောင် ရုန်းကန်လာရတာက ချယ်ဆီးအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်က ပွဲမှာ အက်စတွန်ဗီလာဘက်က ဂရေးလစ်ချ်က ထပ်မံ အစွမ်းပြခဲ့ပြီး ထိုက်တန်စွာ သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ ဖရန့်လမ်းပတ်ရဲ့ အသင်းက ဝက်စ်ဟမ်းနဲ့ ပွဲမှာ အကောင်းဆုံး ပုံစံ မဟုတ်ခဲ့ပေမယ့် ဒီပွဲမှာတော့ နှစ်သင်းလုံး ဖွင့် ကစားပြီး ချယ်ဆီးက အနိုင် သုံးမှတ် ပြန်လည် ရယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်။” လို့ အိုဝင်က သုံးသပ်ခဲ့ပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ နှစ်သင်းပေါင်း သွင်းဂိုးများမှာ ဖြစ်ပြီး ချယ်ဆီး အနိုင်ပါ။

ဒီပွဲမှာ ချယ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂန္တဝင် ကစားသမားကြီး ဂျွန်တယ်ရီက အက်စတွန်ဗီလာဘက်မှ လက်ထောက် နည်းပြ အဖြစ် လိုက်ပါလာမှာ ဖြစ်ပြီး တယ်ရီကို စတန်းဖို့ဘရစ်ချ်မှာ ချယ်ဆီး ပရိသတ်များက နွေးထွေးစွာ ကြိုဆိုကြဖွယ် ရှိနေပါတယ်။

Zawgyi

နိုင္ငံတကာ သီတင္းပတ္ ျပီးတည္းက ရလဒ္ဆိုးေတြ ၾကံဳေနရတဲ့ ခ်ယ္ဆီးအသင္းဟာ လာမယ့္ ၾကာသပေတးေန႔မွာေတာ့ အိမ္ကြင္းမွာ အက္စတြန္ဗီလာကို ဧည့္ခံ ကစားျပီး နိုင္ပြဲ ျပန္ေတြ႔ဖြယ္ ရွိေနပါတယ္။ ဒဏ္ရာ ရထားတဲ့ တိုက္စစ္မွဴး ေအဗရာဟမ္ကလည္း ဒီပြဲ အမွီ ျပန္ကစားနုိင္ဖို႔ ေမွ်ာ္လင့္ေနတာပါ။

ဒီပြဲ မကစားခင္မွာ ခ်ယ္ဆီးက အမွတ္ေပးဇယား အဆင့္ ၄ ေနရာမွာ ၂၆ မွတ္နဲ႕ ရွိေနျပီး အက္စတြန္ဗီလာကေတာ့ ရမွတ္ ၁၅ မွတ္နဲ႕ အဆင့္ ၁၅ မွာ ရွိေနတာပါ။ ပြဲခ်ိန္ကေတာ့ ၾကာသပေတးေန႔ မနက္ ျမန္မာစံေတာ္ခ်ိန္ ၂ နာရီ ျဖစ္ပါတယ္။

” ခ်ယ္ဆီးဟာ စေနေန႔ စတန္းဖို႔ဘရစ္ခ်္က ပြဲမွာ ၀က္စ္ဟမ္းကို ေခ်မႈန္းဖို႔ ရုန္းကန္ခဲ့ရပါတယ္။ ရွံဳးပြဲေတြ ဆက္လာျပီး တစ္မွတ္ ယူဖို႔ေတာင္ ရုန္းကန္လာရတာက ခ်ယ္ဆီးအတြက္ စိုးရိမ္စရာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔ အိုးထရက္ဖို႔ဒ္က ပြဲမွာ အက္စတြန္ဗီလာဘက္က ဂေရးလစ္ခ်္က ထပ္မံ အစြမ္းျပခဲ့ျပီး ထိုက္တန္စြာ သေရတစ္မွတ္ ခြဲယူနုိင္ခဲ့ပါတယ္။ ဖရန္႔လမ္းပတ္ရဲ႕ အသင္းက ၀က္စ္ဟမ္းနဲ႕ ပြဲမွာ အေကာင္းဆံုး ပံုစံ မဟုတ္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ နွစ္သင္းလံုး ဖြင့္ ကစားျပီး ခ်ယ္ဆီးက အနိုင္ သံုးမွတ္ ျပန္လည္ ရယူနိုင္လိမ့္မယ္လို႔ ထင္ပါတယ္။” လို႔ အို၀င္က သံုးသပ္ခဲ့ပါတယ္။

မိုက္ကယ္အို၀င္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ နွစ္သင္းေပါင္း သြင္းဂိုးမ်ားမွာ ျဖစ္ျပီး ခ်ယ္ဆီး အနုိင္ပါ။

ဒီပြဲမွာ ခ်ယ္ဆီးအသင္းေခါင္းေဆာင္ေဟာင္း ဂႏၱ၀င္ ကစားသမားၾကီး ဂၽြန္တယ္ရီက အက္စတြန္ဗီလာဘက္မွ လက္ေထာက္ နည္းျပ အျဖစ္ လိုက္ပါလာမွာ ျဖစ္ျပီး တယ္ရီကို စတန္းဖို႔ဘရစ္ခ်္မွာ ခ်ယ္ဆီး ပရိသတ္မ်ားက ေႏြးေထြးစြာ ၾကိဳဆိုၾကဖြယ္ ရွိေနပါတယ္။