အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေအတွက် မဲခွဲမှု ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး လီဗာပူး၊ ယူနိုက်တက်တို့က ပရီးမီးယားလိဂ်အသင်းချင်း ထိပ်တိုက်တွေ့ခဲ့ပြီး အာဆင်နယ်ကတော့ ချန်ပီယံရှစ် ဦးဆောင်သူအသင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

လီဗာပူးဟာ မာဆေးဆိုဒ်ပြိုင်ဘက်ဖြစ်တဲ့ အဲဗာတန်နဲ့ မဲကျခဲ့တာဖြစ်လို့ နောက်ထပ် ဒါဘီပွဲစဉ်တစ်ပွဲကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရဦးမှာပါ။ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ကလပ် ဝုဗ်နဲ့ မဲကျခဲ့တာဖြစ်ပြီး အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အာဆင်နယ်နဲ့ မဲကျခဲ့တဲ့ လိဒ်ကလည်း ဒီရာသီ ချန်ပီယံရှစ်ကို ဦးဆောင်နေတဲ့ အသင်းဖြစ်ပါတယ်။

လီဗာပူးအတွက်ကတော့ ရံှူးထွက်အဆင့် လိဂ်ပွဲတွေတိုင်း အသင်းကြပ်တွေနဲ့ပဲ တိုးတတ်တဲ့ အနေအထားကို ဆက်ထိန်းသွားတာဖြစ်တယ်။ ကာရာဘောင်းမှာတုန်းကလည်း အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးဖြစ်ပြီး ထပ်ပြီးလည်း အက်စတွန်ဗီလာနဲ့ ထိပ်တိုက်တွေ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ် အဲဗာတန်နဲ့ အက်ဖ်အေဖလားမှာ တွေ့ဆုံခြင်းကြောင့် ဖလားပွဲတွေမှာ အတွဲမချောင်ပဲ ပွဲကြပ်ကာလမှာတင် ဒါဘီ နောက်တစ်ပွဲပါ ကစားသွားရမှာပါ။

အခြားသော ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေရဲ့ အတွဲတွေမှာတော့ မန်စီးတီးက လိဂ်တူးကလပ် Port Vale အသင်းနဲ့ တွေ့ဆုံပြီး ချယ်ဆီးက ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖော်ရက်စ်နဲ့ တွေ့မှာဖြစ်တယ်။ စပါးအသင်းကတော့ ချန်ပီယံရှစ်ကလပ် မယ်ဒယ်ဘရော့နဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေကိုတော့ ဇန်နဝါရီလ ၃-၆ ရက်ကြားမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲကြပ်ကာလဖြစ်တဲ့ ဒီဇင်ဘာအကုန်မှာ နောက်ထပ်သော ပွဲကြပ်လတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

ZAWGYI

အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္ေတြအတြက္ မဲခြဲမႈ ထြက္ေပၚလာခဲ့ျပီျဖစ္ျပီး လီဗာပူး၊ ယူႏုိက္တက္တုိ႔က ပရီးမီးယားလိဂ္အသင္းခ်င္း ထိပ္တိုက္ေတြ႔ခဲ့ျပီး အာဆင္နယ္ကေတာ့ ခ်န္ပီယံရွစ္ ဦးေဆာင္သူအသင္းနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

လီဗာပူးဟာ မာေဆးဆိုဒ္ျပိဳင္ဘက္ျဖစ္တဲ့ အဲဗာတန္နဲ႔ မဲက်ခဲ့တာျဖစ္လို႔ ေနာက္ထပ္ ဒါဘီပြဲစဥ္တစ္ပြဲကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရဦးမွာပါ။ ယူႏုိက္တက္ကေတာ့ ပရီးမီးယားလိဂ္ကလပ္ ဝုဗ္နဲ႔ မဲက်ခဲ့တာျဖစ္ျပီး အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ အာဆင္နယ္နဲ႔ မဲက်ခဲ့တဲ့ လိဒ္ကလည္း ဒီရာသီ ခ်န္ပီယံရွစ္ကို ဦးေဆာင္ေနတဲ့ အသင္းျဖစ္ပါတယ္။

လီဗာပူးအတြက္ကေတာ့ ရံွဴးထြက္အဆင့္ လိဂ္ပြဲေတြတိုင္း အသင္းၾကပ္ေတြနဲ႔ပဲ တိုးတတ္တဲ့ အေနအထားကို ဆက္ထိန္းသြားတာျဖစ္တယ္။ ကာရာေဘာင္းမွာတုန္းကလည္း အာဆင္နယ္နဲ႔ ထိပ္တိုက္ေတြ႔ခဲ့ျပီးျဖစ္ျပီး ထပ္ျပီးလည္း အက္စတြန္ဗီလာနဲ႔ ထိပ္တိုက္ေတြ႔တာျဖစ္ပါတယ္။ ဒီတစ္ၾကိမ္ အဲဗာတန္နဲ႔ အက္ဖ္ေအဖလားမွာ ေတြ႔ဆံုျခင္းေၾကာင့္ ဖလားပြဲေတြမွာ အတြဲမေခ်ာင္ပဲ ပြဲၾကပ္ကာလမွာတင္ ဒါဘီ ေနာက္တစ္ပြဲပါ ကစားသြားရမွာပါ။

အျခားေသာ ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းေတြရဲ႕ အတြဲေတြမွာေတာ့ မန္စီးတီးက လိဂ္တူးကလပ္ Port Vale အသင္းနဲ႔ ေတြ႔ဆံုျပီး ခ်ယ္ဆီးက ခ်န္ပီယံရွစ္ကလပ္ ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ ေတြ႔မွာျဖစ္တယ္။ စပါးအသင္းကေတာ့ ခ်န္ပီယံရွစ္ကလပ္ မယ္ဒယ္ဘေရာ့နဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္ေတြကိုေတာ့ ဇန္နဝါရီလ ၃-၆ ရက္ၾကားမွာ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ပြဲၾကပ္ကာလျဖစ္တဲ့ ဒီဇင္ဘာအကုန္မွာ ေနာက္ထပ္ေသာ ပြဲၾကပ္လတစ္ခုျဖစ္လာမွာ ျဖစ္ပါတယ္။