လီဗာပူး ဗဟိုခံစစ်မှူး ဗာဂျေး ဗန်ဒိုက်ဟာ ၂၀၁၉ ဘလွန်းဒီအောဆု စာရင်းမှာ ဒုတိယနေရာက ရပ်တည်သွားပြီး ဘာစီလိုနာ ကြယ်ပွင့် မက်ဆီကပဲ တနင်္လာညက ဆုပေးပွဲမှာ ဘလွန်းဒီအော ဆုကို ၆ ကြိမ်မြောက် သိမ်းပိုက်သွားပါတယ်။ ပြင်သစ်ဘောလုံး မဂ္ဂဇင်းက ပေးအပ်တဲ့ အဆိုပါဆုဟာ နိုင်ငံတကာ သတင်းဂျာနယ်လစ်သမားတွေရဲ့ မဲပေးမှုနဲ့ ရွေးချယ်တဲ့ ကမ္ဘာ့ အကောင်းဆုံး အမျိုးသား ကစားသမားဆု ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ပီအက်ဖ်အေ အကောင်းဆုံး ကစားသမားဆု၊ ပရီးမီးယားလိဂ် တစ်ရာသီ အကောင်းဆုံး ကစားသမားဆုနဲ့ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကို ဒီနှစ်ထဲမှာ ရရှိခဲ့ပြီး ဖြစ်ကာ ထိပ်သီး ဆု သုံးဆုကို ၂၀၀၈ ဖာနန်ဒိုတောရက်စ် နောက်ပိုင်း ပြန်ယူနိုင်တဲ့ ပထမဆုံး လီဗာပူး ကစားသမား ဖြစ်ပါတယ်။

ဘလွန်းဒီအောဆု ထိပ်ဆုံးနား ရောက်ခဲ့တာ့လည်း ဗန်ဒိုက်က တတိယမြောက် လီဗာပူး ကစားသမား ဖြစ်လာပြီး ၎င်း အရင်က ကင်နီ ဒဲဂလစ်ရှ် (၁၉၈၃ – ဒုတိယ) နဲ့ မိုက်ကယ် အိုဝင် ( ၂၀၀၁ – ဆုရ) တို့ဖြစ်ပါတယ်။ ”

” ကစားသမား တစ်ယောက်ရဲ့ ကြီးမြတ်ထူးချွန်မှုကို လေးစားမှု ရှိရပါမယ်။ ကျနော် ရလုနီးပါး ဖြစ်ခဲ့တယ် ဒါပေမယ့် ကျနော့်ထက် နည်းနည်း ပိုကောင်းသူ တစ်ယောက် ရှိခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်က လီဗာပူး၊ ဟော်လန်အသင်းတို့နဲ့အတူ ကျနော် ရယူခဲ့တာတွေ အတွက် ဂုဏ်ယူပါတယ်။ ဒီနှစ်မှာလည်း ဒါမျိုး ထပ်လုပ်ပြနိုင်ဖို့ မျှော်လင့်တယ်။”

” ကျနော် တကယ်တမ်း ဆန်ကာတင်မှာ ပါဝင်လာသည်အထိ ဘလွန်းဒီအော ဆု စာရင်းထဲ ကျနော် ပါဝင်လိမ့်မယ်လို့ မတွေးခဲ့မိဘူး။ ဒါက ကျနော့် ကစားသမားဘ၀ တိုးတက်မှု ဘယ်လောက်ရှိလာလဲဆိုတာ အမာျးကြီး မြင်သာစေခဲ့တယ်။ ဒါက ဘယ်တုန်းကမှ လွယ်ကူတဲ့ ကိစ္စ မဟုတ်ခဲ့ဘူး။ ကျနော် နောက်ကျကောင်း နောက်ကျလိမ့်မယ် ဒါပေမယ့် အိပ်မက်တွေ အပေါ် ဘယ်တုန်းကမှ လက်မလျှော့ခဲ့ဘူး။ အခုလိုပဲ တစ်လှမ်းချင်း ဆက်သွားပြီး အလုပ်ကြိုးစား လုပ်မယ်။ ”

” အခု ဒီလိုနေရာမှာ ရှိနေရတာ ကျနာ် သိပ် ဂုဏ်ယူပါတယ်။ ဒီလို ဂုဏ်ယူရဖို့ အလိုရှိတာတွေ ဖြစ်လာဖို့ ပိုပြီးတောင် ကြိုးစား အလုပ် လုပ်ရဦးမှာပါ။ နောက်နှစ် ဒီနေရာမှာ ထပ် ရှိနိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ ဗန်ဒိုက်က ဆုပေးပွဲညမှာ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဇွန်လထဲမှာ ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့ပြီးနောက် ဘလွန်းဒီအောဆု အဆင့်တွေထဲမှာ ထိပ်သီး ၇ ယောက်နေရာထဲ လွှမ်းမိုးထားပါတယ်။ ဆာဒီယို မာနေးက အဆင့် ၄ မှာ ရှိနေပြီး ဆာလက်က အဆင့် ၅၊ ဂိုးသမား အယ်လစ်ဆန် ဘက်ကာက အဆင့် ၇ မှာ ရှိခဲ့ပါတယ်။

အခြား လီဗာပူး ကစားသမားတွေမှာ ဖာမီနိုက အဆင့် ၁၇၊ ထရန့် အလက်ဇန်းဒါးအာနိုးက အဆင့် ၁၉ နဲ့ ဝိုက်နယ်ဒန်က အဆင့် ၂၆ မှာ အသီးသီး ရွေးချယ် ခံခဲ့ရပါတယ်။

Zawgyi

လီဗာပူး ဗဟိုခံစစ္မွဴး ဗာေဂ်း ဗန္ဒိုက္ဟာ ၂၀၁၉ ဘလြန္းဒီေအာဆု စာရင္းမွာ ဒုတိယေနရာက ရပ္တည္သြားျပီး ဘာစီလိုနာ ၾကယ္ပြင့္ မက္ဆီကပဲ တနလၤာညက ဆုေပးပြဲမွာ ဘလြန္းဒီေအာ ဆုကို ၆ ၾကိမ္ေျမာက္ သိမ္းပိုက္သြားပါတယ္။ ျပင္သစ္ေဘာလံုး မဂၢဇင္းက ေပးအပ္တဲ့ အဆိုပါဆုဟာ နုိင္ငံတကာ သတင္းဂ်ာနယ္လစ္သမားေတြရဲ႕ မဲေပးမႈနဲ႕ ေရြးခ်ယ္တဲ့ ကမၻာ့ အေကာင္းဆံုး အမ်ိဳးသား ကစားသမားဆု ျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ ပီအက္ဖ္ေအ အေကာင္းဆံုး ကစားသမားဆု၊ ပရီးမီးယားလိဂ္ တစ္ရာသီ အေကာင္းဆံုး ကစားသမားဆုနဲ႕ ယူအီးအက္္ဖ္ေအရဲ႕ တစ္နွစ္တာ အေကာင္းဆံုး ကစားသမားဆုေတြကို ဒီနွစ္ထဲမွာ ရရွိခဲ့ျပီး ျဖစ္ကာ ထိပ္သီး ဆု သံုးဆုကို ၂၀၀၈ ဖာနန္ဒိုေတာရက္စ္ ေနာက္ပိုင္း ျပန္ယူနိုင္တဲ့ ပထမဆံုး လီဗာပူး ကစားသမား ျဖစ္ပါတယ္။

ဘလြန္းဒီေအာဆု ထိပ္ဆံုးနား ေရာက္ခဲ့တာ့လည္း ဗန္ဒိုက္က တတိယေျမာက္ လီဗာပူး ကစားသမား ျဖစ္လာျပီး ၄င္း အရင္က ကင္နီ ဒဲဂလစ္ရွ္ (၁၉၈၃ – ဒုတိယ) နဲ႕ မိုက္ကယ္ အို၀င္ ( ၂၀၀၁ – ဆုရ) တုိ႔ျဖစ္ပါတယ္။ ”

” ကစားသမား တစ္ေယာက္ရဲ႕ ၾကီးျမတ္ထူးခၽြန္မႈကို ေလးစားမႈ ရွိရပါမယ္။ က်ေနာ္ ရလုနီးပါး ျဖစ္ခဲ့တယ္ ဒါေပမယ့္ က်ေနာ့္ထက္ နည္းနည္း ပိုေကာင္းသူ တစ္ေယာက္ ရွိခဲ့တယ္။ ျပီးခဲ့တဲ့ နွစ္က လီဗာပူး၊ ေဟာ္လန္အသင္းတို႔နဲ႕အတူ က်ေနာ္ ရယူခဲ့တာေတြ အတြက္ ဂုဏ္ယူပါတယ္။ ဒီနွစ္မွာလည္း ဒါမ်ိဳး ထပ္လုပ္ျပနိုင္ဖို႔ ေမွ်ာ္လင့္တယ္။”

” က်ေနာ္ တကယ္တမ္း ဆန္ကာတင္မွာ ပါ၀င္လာသည္အထိ ဘလြန္းဒီေအာ ဆု စာရင္းထဲ က်ေနာ္ ပါ၀င္လိမ့္မယ္လို႔ မေတြးခဲ့မိဘူး။ ဒါက က်ေနာ့္ ကစားသမားဘ၀ တိုးတက္မႈ ဘယ္ေလာက္ရွိလာလဲဆိုတာ အမာ်းၾကီး ျမင္သာေစခဲ့တယ္။ ဒါက ဘယ္တုန္းကမွ လြယ္ကူတဲ့ ကိစၥ မဟုတ္ခဲ့ဘူး။ က်ေနာ္ ေနာက္က်ေကာင္း ေနာက္က်လိမ့္မယ္ ဒါေပမယ့္ အိပ္မက္ေတြ အေပၚ ဘယ္တုန္းကမွ လက္မေလွ်ာ့ခဲ့ဘူး။ အခုလိုပဲ တစ္လွမ္းခ်င္း ဆက္သြားျပီး အလုပ္ၾကိဳးစား လုပ္မယ္။ ”

” အခု ဒီလိုေနရာမွာ ရွိေနရတာ က်နာ္ သိပ္ ဂုဏ္ယူပါတယ္။ ဒီလို ဂုဏ္ယူရဖို႔ အလိုရွိတာေတြ ျဖစ္လာဖို႔ ပိုျပီးေတာင္ ၾကိဳးစား အလုပ္ လုပ္ရဦးမွာပါ။ ေနာက္နွစ္ ဒီေနရာမွာ ထပ္ ရွိနုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႔ ဗန္ဒိုက္က ဆုေပးပြဲညမွာ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဇြန္လထဲမွာ ခ်န္ပီယံလိဂ္ ဗိုလ္စြဲခဲ့ျပီးေနာက္ ဘလြန္းဒီေအာဆု အဆင့္ေတြထဲမွာ ထိပ္သီး ၇ ေယာက္ေနရာထဲ လႊမ္းမိုးထားပါတယ္။ ဆာဒီယို မာေနးက အဆင့္ ၄ မွာ ရွိေနျပီး ဆာလက္က အဆင့္ ၅၊ ဂိုးသမား အယ္လစ္ဆန္ ဘက္ကာက အဆင့္ ၇ မွာ ရွိခဲ့ပါတယ္။

အျခား လီဗာပူး ကစားသမားေတြမွာ ဖာမီနိုက အဆင့္ ၁၇၊ ထရန္႔ အလက္ဇန္းဒါးအာနုိးက အဆင့္ ၁၉ နဲ႕ ၀ိုက္နယ္ဒန္က အဆင့္ ၂၆ မွာ အသီးသီး ေရြးခ်ယ္ ခံခဲ့ရပါတယ္။