အာဆင်နယ်ဟာ ကလပ်အသင်းမှာ လစ်လပ်နေတဲ့ မန်နေဂျာရာထူးအတွက် လာလီဂါကလပ် ဗလန်စီယာအသင်းကို ဥရောပဝင်ခွင့်ရအောင် ပြန်လည် ကြိုးစားပေးနိုင်တဲ့ မန်နေဂျာ မာဆယ်လီနိုကို အဲဗာတန်နဲ့အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မာဆယ်လီနိုဟာ မနှစ်တုန်းက ဗလန်စီယာကို ကိုပါဒယ်ရေးဖလား အနိုင်ရအောင်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားပေးခဲ့သူပါ။ သူဟာ အသင်းပပိုင်ရှင် ပီတာလင်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုကြောင့် စက်တင်ဘာမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အာဆင်နယ်အကြီးအကဲ ဆမ်လီဟီးက စပိန်မြေမှာ သူ့ရဲ့ အလုပ်လုပ်ပုံကို အထင်ကြီးနေပြီး မန်နေဂျာသစ်အတွက် နှစ်သက်နေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြခဲ့တယ်။

ဆမ်လီဟီးနဲ့ အီဒူးတို့ဟာ လက်ရှိမှာတော့ အမ်မရီနေရာကို အစားထိုးဖို့ မန်နေဂျာကို စတင်ရှာဖွေနေကြပြီဖြစ်တယ်။ လောလောဆယ်မှာ ယွန်းဘတ်ကို ယာယီမန်နေဂျာအဖြစ် ထားရရှိပြီး အမြဲတမ်း မန်နေဂျာအဖြစ်တော့ အသင်းခေါင်းဆောင်ဟောင်း အာတီတာ၊ လက်စတာမန်နေဂျာ ဘရန်ဒန်ရော်ဂျာ၊ နာပိုလီမန်နေဂျာ အန်ဆယ်လော့တီ၊ ဂျူဗင်တပ်မန်နေဂျာဟောင်း အယ်လီဂရီတို့နဲ့ ချိတ်ဆက်မှုတွေ ရှိထားပါတယ်။

အမ်မရီရဲ့ ဆိုးရွားတဲ့ ကိုင်တွယ်မှုတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခဲ့ပေမယ့် မန်နေဂျာသစ်အတွက်က အာဆင်နယ်တင် မဟုတ်ပဲ အဲဗာတန်ကလည်း စတင် ရှာဖွေမှုတွေ လုပ်နေတာပါ။ မားကိုစ့်ဆေးဗားနေရာ အစားထိုးဖို့အတွက် မာဆေးဆိုဒ် ကလပ်ကလည်း အသက် ၅၄ နှစ်အရွယ် မန်နေဂျာ မာဆယ်လီနိုကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

မာဆယ်လီနိုဟာ ဂွာဒီယိုလာနဲ့ အန်းနရစ်တို့ကို ဟုန်းဟုန်းတောက်ခ့တာ မဟုတ်ပဲ လာလီဂါမှာ ဖြေးဖြေးချင်းနဲ့ စတင်လာခဲ့ပြီး အတွေ့အကြုံများလာသူဖြစ်တယ်။ သူဟာ စပို့တင်းဂီဂျွန်းမှာ ကစားသမားဘဝအတွင်း ဒဏ်ရာပြဿနာတွေကြောင့် မန်နေဂျာလောကကို ကူးပြောင်းလာခဲ့တာဖြစ်တယ်။ ရေးဆင်းဆန်ဒရာအသင်းနဲ့ လာလီဂါမျာ အဆင့် ၆ နေရာရခဲ့သလို ဇာရာဂိုဇာနဲ့လည်း လာလီဂါကို တန်းတက်အောင် လုပ်ပေးနိုင်ခဲ့ပါသေးတယ်။

၂၀၁၃ မှာ ဗီလာရီးရဲလ်ကို ကိုင်တွယ်ခဲ့ပြီး သုံးရာသီဆက် ထိပ်ဆုံး ၆ သင်းထဲ ဝင်ခဲ့သလို ၂၀၁၆ မှာ အဆင့်လေးနေရာ ရောက်ခဲ့တယ်။ အဆိုပါ နှစ်မှာပဲ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ လီဗာပူးကို အရေးနိမ့်ခဲ့ပါသေးတယ်။ ဗလန်စီယာနဲ့ ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားပေးနိုင်ခဲ့ပြီး စပိန်မာကာသတင်းဌာနကပေးတဲ့ တစ်နှစ်တာအကောင်းဆုံး မန်နေဂျာဖြစ်ခဲ့တယ်။ ဒုတိယရာသီမှာလည်း ကိုပါဒယ်ရေးကို အနိုင်ရခဲ့ကာ ကလပပ်အသင်း ၁၁ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလားကို ရယူပေးနိုင်မှု ဖြစ်ခဲ့ပါတယ်။

ZAWGYI

အာဆင္နယ္ဟာ ကလပ္အသင္းမွာ လစ္လပ္ေနတဲ့ မန္ေနဂ်ာရာထူးအတြက္ လာလီဂါကလပ္ ဗလန္စီယာအသင္းကို ဥေရာပဝင္ခြင့္ရေအာင္ ျပန္လည္ ၾကိဳးစားေပးႏုိင္တဲ့ မန္ေနဂ်ာ မာဆယ္လီႏိုကို အဲဗာတန္နဲ႔အျပိဳင္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

မာဆယ္လီႏိုဟာ မႏွစ္တုန္းက ဗလန္စီယာကို ကိုပါဒယ္ေရးဖလား အႏုိင္ရေအာင္နဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ ၾကိဳးစားေပးခဲ့သူပါ။ သူဟာ အသင္းပပိုင္ရွင္ ပီတာလင္းနဲ႔ ဆက္ဆံေရး အဆင္မေျပမႈေၾကာင့္ စက္တင္ဘာမွာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရပါတယ္။ အာဆင္နယ္အၾကီးအကဲ ဆမ္လီဟီးက စပိန္ေျမမွာ သူ႔ရဲ႕ အလုပ္လုပ္ပံုကို အထင္ၾကီးေနျပီး မန္ေနဂ်ာသစ္အတြက္ ႏွစ္သက္ေနတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပခဲ့တယ္။

ဆမ္လီဟီးနဲ႔ အီဒူးတို႔ဟာ လက္ရွိမွာေတာ့ အမ္မရီေနရာကို အစားထိုးဖို႔ မန္ေနဂ်ာကို စတင္ရွာေဖြေနၾကျပီျဖစ္တယ္။ ေလာေလာဆယ္မွာ ယြန္းဘတ္ကို ယာယီမန္ေနဂ်ာအျဖစ္ ထားရရွိျပီး အျမဲတမ္း မန္ေနဂ်ာအျဖစ္ေတာ့ အသင္းေခါင္းေဆာင္ေဟာင္း အာတီတာ၊ လက္စတာမန္ေနဂ်ာ ဘရန္ဒန္ေရာ္ဂ်ာ၊ နာပိုလီမန္ေနဂ်ာ အန္ဆယ္ေလာ့တီ၊ ဂ်ဴဗင္တပ္မန္ေနဂ်ာေဟာင္း အယ္လီဂရီတို႔နဲ႔ ခ်ိတ္ဆက္မႈေတြ ရွိထားပါတယ္။

အမ္မရီရဲ႕ ဆိုးရြားတဲ့ ကိုင္တြယ္မႈေတြေၾကာင့္ ရာထူးကေန ထုတ္ပယ္ခဲ့ေပမယ့္ မန္ေနဂ်ာသစ္အတြက္က အာဆင္နယ္တင္ မဟုတ္ပဲ အဲဗာတန္ကလည္း စတင္ ရွာေဖြမႈေတြ လုပ္ေနတာပါ။ မားကိုစ့္ေဆးဗားေနရာ အစားထိုးဖို႔အတြက္ မာေဆးဆိုဒ္ ကလပ္ကလည္း အသက္ ၅၄ ႏွစ္အရြယ္ မန္ေနဂ်ာ မာဆယ္လီႏိုကို စိတ္ဝင္စားေနတာျဖစ္ပါတယ္။

မာဆယ္လီႏိုဟာ ဂြာဒီယိုလာနဲ႔ အန္းနရစ္တို႔ကို ဟုန္းဟုန္းေတာက္ခ့တာ မဟုတ္ပဲ လာလီဂါမွာ ေျဖးေျဖးခ်င္းနဲ႔ စတင္လာခဲ့ျပီး အေတြ႔အၾကံဳမ်ားလာသူျဖစ္တယ္။ သူဟာ စပို႔တင္းဂီဂၽြန္းမွာ ကစားသမားဘဝအတြင္း ဒဏ္ရာျပႆနာေတြေၾကာင့္ မန္ေနဂ်ာေလာကကို ကူးေျပာင္းလာခဲ့တာျဖစ္တယ္။ ေရးဆင္းဆန္ဒရာအသင္းနဲ႔ လာလီဂါမ်ာ အဆင့္ ၆ ေနရာရခဲ့သလို ဇာရာဂိုဇာနဲ႔လည္း လာလီဂါကို တန္းတက္ေအာင္ လုပ္ေပးႏုိင္ခဲ့ပါေသးတယ္။

၂၀၁၃ မွာ ဗီလာရီးရဲလ္ကို ကိုင္တြယ္ခဲ့ျပီး သံုးရာသီဆက္ ထိပ္ဆံုး ၆ သင္းထဲ ဝင္ခဲ့သလို ၂၀၁၆ မွာ အဆင့္ေလးေနရာ ေရာက္ခဲ့တယ္။ အဆိုပါ ႏွစ္မွာပဲ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္မွာ လီဗာပူးကို အေရးနိမ့္ခဲ့ပါေသးတယ္။ ဗလန္စီယာနဲ႔ ပထမဆံုးရာသီမွာပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ ၾကိဳးစားေပးႏုိင္ခဲ့ျပီး စပိန္မာကာသတင္းဌာနကေပးတဲ့ တစ္ႏွစ္တာအေကာင္းဆံုး မန္ေနဂ်ာျဖစ္ခဲ့တယ္။ ဒုတိယရာသီမွာလည္း ကိုပါဒယ္ေရးကို အႏုိင္ရခဲ့ကာ ကလပပ္အသင္း ၁၁ ႏွစ္ၾကာ ေဝးကြာေနတဲ့ ဆုဖလားကို ရယူေပးႏုိင္မႈ ျဖစ္ခဲ့ပါတယ္။