လီဗာပူး ခံစစ်မူှး ဗန်ဒိုက်ဟာ ဘလွန်းဒီအော ဆုပေးပွဲ ညနေခင်းမှာ ဆန်ကာတင်စာရင်းဝင်ဖြစ်တဲ့ နာမည်ကျော် ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ ပတ်သြတ်ပီး အင်တာဗျူးမှာ ပေါ့ပေါ့ပါးပါး လှောင်ပြောင်တဲ့ အဖြေမျိုး ဟာသလုပ်ကာ ဖြေကြားမှု ပြုလုပ်ခဲ့ပါတယ်။ ဆုပေးပွဲ အပြီးမှာတော့ ရိုနယ်ဒိရဲ့ အစ်မ ဖြစ်သူ ကာတီရာ အဗီရီရိုက အင်စတာဂရမ်ကနေ စာရှည်ရေးသားပြီး တုန့်ပြန်မှု ပြုခဲ့ပါတယ်။

ဒီနှစ် ဘလွန်းဒီအော ဆုမှာ မက်ဆီနဲ့ ဗန်ဒိုက်သာ အထူးရေပန်းစားခဲ့ပြီး မက်ဆီကပဲ ဆုကို သိမ်းပိုက်သွားခဲ့ပါတယ်။ ဗန်ဒိုက်ကတော့ ဒုတိယနေရာ ရခဲ့ပြီး ရိုနယ်ဒိုက တတိယနေရာမှာ ရခဲ့ပါတယ်။ ရိုနယ်ဒိုဟာ ဘလွန်းဒီအော ဆုပေးပွဲကိုလည်း မတက်ရောက် ဖြစ်ခဲ့ဘဲ မီလန်မှာ စီးရီးအေ အကောင်းဆုံး ကစားသမားဆု ကို လက်ခံ ယူဖို့ ဆုပေးပွဲ တက်နေခဲ့ပါတယ်။

ရိုနယ်ဒို ဘလွန်းဒီအော ဆုပေးပွဲ မတက်ရော်ကခဲ့တဲ့ အပေါ် ဒတ်ချ် တယ်လီဗေးရှင်းနဲ့ အင်တာဗျူးမှာ မေးမြန်းမှု ပြုလုပ်ခဲ့တာမှာ ဗန်ဒိုက်က ဟာသလုပ် ဖြေကြားခဲ့တာပါ။

ဒီဆုပေးပွဲကို ရိုနယ်ဒို မတက်ရောက်ဘူးဆိုတော့ ပြိုင်ဘက် တစ်ယောက် လျော့ပြီပေါ့လို့ သတင်းသမားက မေးမြန်းခဲ့တာ ဖြစ်ပြီး ဗန်ဒိုက်က ” ဒါဆို သူက ပြိုင်ဘက် ဟုတ်ခဲ့တယ်ပေါ့” လို့ ုတန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် အသက် ၃၄ နှစ် အရွယ် ဂျူဗင်တပ် တိုက်စစ်မှူးရဲ့ အစ်မ ဖြစ်သူ ကာတီရာက အင်စတာဂရမ်ကနေ ဗန်ဒိုက်ကို ဒေါသတကြီး တုန့်ပြန် ရေးသားခဲ့ပါတယ်။

” လူတွေက လုံးဝကို ဒေါသထွက်စရာ နေနေကြတယ်ပဲ။ လက်တွေ့မကျဘူး တဖက်သားကို နှိမ်ချတတ်ကြတယ်။ ဒီညမှာ ရိုနယ်ဒို ဆုရမှာ မဟုတ်ဘူးဆိုတာ ကောင်းကောင်း သိကြပါတယ်။ ငါသာ အရေးကြီးတဲ့ ဆုဖလားတွေ ရထားတယ် ဆိုရင်လည်း ဘောလုံးနဲ့ ပတ်သတ်တဲ့ အမှန်တရားဆိုပြီး ပြောချင်တာတွေ ထပြောကြပြန်ရော။ ”

” အခုရော။ ချစ်ခင်ရသော ဗန်ဒိုက်ရေ မင်း ဘယ်လမ်းကို သွားနေလဲ။ ရိုနယ်ဒို ထောင်ပေါင်းများစွာ သွားခဲ့ဖူးတဲ့ လမ်းတွေကိုလေ။ အခု မင်း တွေ့သလား။ ခရစ္စတီယာနို ရိုနယ်ဒိုက နိုင်ငံထဲမှာ သုံးထပ်ကွမ်း ချန်ပီယံနေယ်။ မင်းဆို နှစ်ပေါင်းများစွာ ကစားခဲ့ပြီးပြီ လက်ထဲမှာ ဘာရှိလို့လဲ။ ”

” ခရစ္စတီယာနို ရိုနယ်ဒိုက မင်း ကစားနေတဲ့ နိုင်ငံမှာ အကောင်းဆုံး ကစားသမား အကောင်းဆုံး သွင်းဂိုး ရှင် ဖြစ်ခဲ့တာနော်။ အဲဒီတုန်းက မင်းထက်တောင် ငယ်သေးတဲ့ အရွယ်။ ဒီတော့ ချစ်ခင်ရတဲ့ မစ္စတာ ဗန်ဒိုက်၊ ရိုနယ်ဒိုက တခြားနိုင်ငံတွေ နေရာတွေကိုလည်း သွားခဲ့ပြီးပြီ။ ဘောလုံး သမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားလည်း ဖြစ်ခဲ့ပြီးပြီ။ ”

” ရီးရဲလ် မက်ဒရစ်လို့ ပြောရင် မင်းကို တစ်ခုခု ရည်ညွှန်းရာများ ကျမလား။ ဖြစ်ကောင်း ဖြစ်လိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ခရစ္စတီယာနိုနဲ့ ဒီကလပ်အသင်းနဲ့က မင်းတို့ကို ချန်ပီယံလိဂ် ဖိုင်နယ်မှာ အနိုင်ယူခဲ့တာ။ ပြီးတော့ ရိုနယ်ဒိုက ဒီဆု ၅ ခုတောင် ရပြီးပြီနော် ဗန်ဒိုက်။ ”

” နောက်ပြီး ရိုနယ်ဒိုနဲ့ သူ့အဖွဲ့တွေက မင်းတို့ လိမ္မော်ရောင်တွေကို ချေမှုန်းပြီး ဗိုလ်လုပွဲမှာ အနိုင်ယူခဲ့တာ မှတ်မိသလား။ သိပ် ခက်ခဲခဲ့သလား ဗန်ဒိုက်။ ငါတို့လည်း သနားတတ်ပါတယ်။ ချစ်ခင်ရသော ဗန်ဒိုက်ရေ ငါတို့ (ရိုနယ်ဒို) ကစားသမားဘ၀ အောင်မြင်တာ အနည်းဆုံး အချိန်မှာတောင်မှ မင်းထက် ဆုဖလား ပိုရခဲ့သေးတာနော်။ မင်းရထားတာတွေထက် ပိုတဲ့ ဆုဖလားတွေ ရိုနယ်ဒိုက ရပြီးပြီ။ မမိုက်ဘူးလား ကြည့်စမ်း။ ”

” တကယ်လို့ ဗန်ဒိုက်ကသာ တကယ် ရေတွက်လို့ရတဲ့ ဆုဖလားကြီးတွေ ရယူပြီးမယ်ဆိုရင် စကားပြောကြတာပေါ့။ လက်နဲ့ အပြည့် ဖြစ်လာရင် တကယ့် ထိပ်တန်း ဆုဖလားတွေ ရလာပြီဆိုရင် မင်း ခရစ္စတီယာနိုနဲ့ တစ်စားပွဲတည်း ထိုင်ခွင့် ရချင် ရမှာပေါ့ ”

” ငါ့အတွက်ကတော့ ခရစ္စတီယာနိုက အခုရော အမြဲတမ်း အတွက်ရော ကမ္ဘာ့အကောင်းဆုံး ကစားသမားပဲ။ ငါတို့ ပိုင်တဲ့ မြေက အများအတွက် သေးသေးလေး ဖြစ်ချင်ဖြစ်မယ် (စကားပုံ) ဒါပေမယ့် အမြဲတမ်းအတွက် အကောင်းဆုံးပဲ။ ” လို့ ကာတီရာ က ဒေါသတကြီး ရေးသားထားခဲ့ပါတယ်။

Zawgyi

လီဗာပူး ခံစစ္မဴွး ဗန္ဒိုက္ဟာ ဘလြန္းဒီေအာ ဆုေပးပြဲ ညေနခင္းမွာ ဆန္ကာတင္စာရင္း၀င္ျဖစ္တဲ့ နာမည္ေက်ာ္ ခရစၥတီယာနို ရိုနယ္ဒိုနဲ႕ ပတ္သတျ္ပီး အင္တာဗ်ဴးမွာ ေပါ့ေပါ့ပါးပါး ေလွာင္ေျပာင္တဲ့ အေျဖမ်ိဳး ဟာသလုပ္ကာ ေျဖၾကားမႈ ျပဳလုပ္ခဲ့ပါတယ္။ ဆုေပးပြဲ အျပီးမွာေတာ့ ရိုနယ္ဒိရဲ႕ အစ္မ ျဖစ္သူ ကာတီရာ အဗီရီရိုက အင္စတာဂရမ္ကေန စာရွည္ေရးသားျပီး တုန္႔ျပန္မႈ ျပဳခဲ့ပါတယ္။

ဒီနွစ္ ဘလြန္းဒီေအာ ဆုမွာ မက္ဆီနဲ႕ ဗန္ဒိုက္သာ အထူးေရပန္းစားခဲ့ျပီး မက္ဆီကပဲ ဆုကို သိမ္းပိုက္သြားခဲ့ပါတယ္။ ဗန္ဒိုက္ကေတာ့ ဒုတိယေနရာ ရခဲ့ျပီး ရိုနယ္ဒိုက တတိယေနရာမွာ ရခဲ့ပါတယ္။ ရိုနယ္ဒိုဟာ ဘလြန္းဒီေအာ ဆုေပးပြဲကိုလည္း မတက္ေရာက္ ျဖစ္ခဲ့ဘဲ မီလန္မွာ စီးရီးေအ အေကာင္းဆံုး ကစားသမားဆု ကို လက္ခံ ယူဖို႔ ဆုေပးပြဲ တက္ေနခဲ့ပါတယ္။

ရိုနယ္ဒို ဘလြန္းဒီေအာ ဆုေပးပြဲ မတက္ေရာ္ကခဲ့တဲ့ အေပၚ ဒတ္ခ်္ တယ္လီေဗးရွင္းနဲ႕ အင္တာဗ်ဴးမွာ ေမးျမန္းမႈ ျပဳလုပ္ခဲ့တာမွာ ဗန္ဒိုက္က ဟာသလုပ္ ေျဖၾကားခဲ့တာပါ။

ဒီဆုေပးပြဲကုိ ရိုနယ္ဒို မတက္ေရာက္ဘူးဆိုေတာ့ ျပိဳင္ဘက္ တစ္ေယာက္ ေလ်ာ့ျပီေပါ့လို႔ သတင္းသမားက ေမးျမန္းခဲ့တာ ျဖစ္ျပီး ဗန္ဒိုက္က ” ဒါဆို သူက ျပိဳင္ဘက္ ဟုတ္ခဲ့တယ္ေပါ့” လို႔ ုတန္႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

ထို႔ေနာက္ အသက္ ၃၄ နွစ္ အရြယ္ ဂ်ဴဗင္တပ္ တိုက္စစ္မွဴးရဲ႕ အစ္မ ျဖစ္သူ ကာတီရာက အင္စတာဂရမ္ကေန ဗန္ဒိုက္ကို ေဒါသတၾကီး တုန္႔ျပန္ ေရးသားခဲ့ပါတယ္။

” လူေတြက လံုး၀ကို ေဒါသထြက္စရာ ေနေနၾကတယ္ပဲ။ လက္ေတြ႔မက်ဘူး တဖက္သားကို နွိမ္ခ်တတ္ၾကတယ္။ ဒီညမွာ ရိုနယ္ဒို ဆုရမွာ မဟုတ္ဘူးဆိုတာ ေကာင္းေကာင္း သိၾကပါတယ္။ ငါသာ အေရးၾကီးတဲ့ ဆုဖလားေတြ ရထားတယ္ ဆုိရင္လည္း ေဘာလံုးနဲ႕ ပတ္သတ္တဲ့ အမွန္တရားဆိုျပီး ေျပာခ်င္တာေတြ ထေျပာၾကျပန္ေရာ။ ”

” အခုေရာ။ ခ်စ္ခင္ရေသာ ဗန္ဒိုက္ေရ မင္း ဘယ္လမး္ကုိ သြားေနလဲ။ ရိုနယ္ဒို ေထာင္ေပါင္းမ်ားစြာ သြားခဲ့ဖူးတဲ့ လမ္းေတြကိုေလ။ အခု မင္း ေတြ႔သလား။ ခရစၥတီယာနို ရိုနယ္ဒိုက နုိင္ငံထဲမွာ သံုးထပ္ကြမ္း ခ်န္ပီယံေနယ္။ မင္းဆို နွစ္ေပါင္းမ်ားစြာ ကစားခဲ့ျပီးျပီ လက္ထဲမွာ ဘာရွိလို႔လဲ။ ”

” ခရစၥတီယာနို ရိုနယ္ဒိုက မင္း ကစားေနတဲ့ နုိင္ငံမွာ အေကာင္းဆံုး ကစားသမား အေကာင္းဆံုး သြင္းဂိုး ရွင္ ျဖစ္ခဲ့တာေနာ္။ အဲဒီတုန္းက မင္းထက္ေတာင္ ငယ္ေသးတဲ့ အရြယ္။ ဒီေတာ့ ခ်စ္ခင္ရတဲ့ မစၥတာ ဗန္ဒိုက္၊ ရိုနယ္ဒိုက တျခားနုိင္ငံေတြ ေနရာေတြကိုလည္း သြားခဲ့ျပီးျပီ။ ေဘာလံုး သမိုင္းမွာ အၾကီးက်ယ္ဆံုး ကစားသမားလည္း ျဖစ္ခဲ့ျပီးျပီ။ ”

” ရီးရဲလ္ မက္ဒရစ္လို႔ ေျပာရင္ မင္းကို တစ္ခုခု ရည္ညႊန္းရာမ်ား က်မလား။ ျဖစ္ေကာင္း ျဖစ္လိမ့္မယ္ ဘာျဖစ္လို႔လဲဆိုေတာ့ ခရစၥတီယာနိုနဲ႕ ဒီကလပ္အသင္းနဲ႕က မင္းတို႔ကို ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ အနုိုင္ယူခဲ့တာ။ ျပီးေတာ့ ရိုနယ္ဒိုက ဒီဆု ၅ ခုေတာင္ ရျပီးျပီေနာ္ ဗႏ္ဒိုက္။ ”

” ေနာက္ျပီး ရိုနယ္ဒိုနဲ႕ သူ႔အဖြဲ႕ေတြက မင္းတို႔ လိေမၼာ္ေရာင္ေတြကို ေခ်မႈန္းျပီး ဗိုလ္လုပြဲမွာ အနုိင္ယူခဲ့တာ မွတ္မိသလား။ သိပ္ ခက္ခဲခဲ့သလား ဗန္ဒိုက္။ ငါတုိ႔လည္း သနားတတ္ပါတယ္။ ခ်စ္ခင္ရေသာ ဗန္ဒိုက္ေရ ငါတုိ႔ (ရိုနယ္ဒို) ကစားသမားဘ၀ ေအာင္ျမင္တာ အနည္းဆံုး အခ်ိန္မွာေတာင္မွ မင္းထက္ ဆုဖလား ပိုရခဲ့ေသးတာေနာ္။ မင္းရထားတာေတြထက္ ပိုတဲ့ ဆုဖလားေတြ ရိုနယ္ဒိုက ရျပီးျပီ။ မမိုက္ဘူးလား ၾကည့္စမ္း။ ”

” တကယ္လုိ႔ ဗန္ဒိုက္ကသာ တကယ္ ေရတြက္လို႔ရတဲ့ ဆုဖလားၾကီးေတြ ရယူျပီးမယ္ဆိုရင္ စကားေျပာၾကတာေပါ့။ လက္နဲ႕ အျပည့္ ျဖစ္လာရင္ တကယ့္ ထိပ္တန္း ဆုဖလားေတြ ရလာျပီဆိုရင္ မင္း ခရစၥတီယာနိုနဲ႕ တစ္စားပြဲတည္း ထိုင္ခြင့္ ရခ်င္ ရမွာေပါ့ ”

” ငါ့အတြက္ကေတာ့ ခရစၥတီယာနိုက အခုေရာ အျမဲတမ္း အတြက္ေရာ ကမၻာ့အေကာင္းဆံုး ကစားသမားပဲ။ ငါတို႔ ပိုင္တဲ့ ေျမက အမ်ားအတြက္ ေသးေသးေလး ျဖစ္ခ်င္ျဖစ္မယ္ (စကားပံု) ဒါေပမယ့္ အျမဲတမ္းအတြက္ အေကာငး္ဆံုးပဲ။ ” လို႔ ကာတီရာ က ေဒါသတၾကီး ေရးသားထားခဲ့ပါတယ္။