အင်္ဂလန်ရဲ့ အဓိက ဆုဖလားပြိုင်ပွဲ သုံးခုထဲက တစ်ခုဖြစ်သလို သက်တမ်း အရင့်ဆုံး ဆုဖလားပြိုင်ပွဲလည်းဖြစ်တဲ့ အက်ဖ်အေဖလားအတွက် မဲခွဲမှုကို စတင်ခဲ့ပြီဖြစ်ပြီး ယူနိုက်တက်ရဲ့ ပြိုင်ဘက်အသင်းလည်း ပေါ်ထွက်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်က ပရီးမီးယားလိဂ်ပြိုင်ဘက်ဖြစ်တဲ့ ဝုဗ်အသင်းနဲ့ အတွဲကျခဲ့တာဖြစ်ပြီး ဒါဟာ မနှစ်တုန်းက ကွာတားဖိုင်နယ်မှာ ယူနိုက်တက်ကို အနိုင်ယူသွားတဲ့ ပြိုင်ဘက်ဟောင်းနဲ့ ပြန်လည် တွေ့ဆုံမှုပါ။ ဝုဗ်ဟာ ဒီရာသီမှာ ယူရိုပါလိဂ်ကို ပါဝင် ယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ယူနိုက်တက်နည်းတူ အုပ်စုအဆင့်ကနေ ကျော်လွန်ထားပါတယ်။

အက်ဖ်အေသမိုင်းမှာ အောင်မြင်ဆုံးအသင်းအဖြစ် အာဆင်နယ်နောက် ယူနိုက်တက်က ၁၂ ကြိမ်ထိ အနိုင်ရထားတာဖြစ်ပြီး နောက်ဆုံး အနိုင်ရထားတာက ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက ဖြစ်ပါတယ်။ အမှတ်ပေးလိဂ်မှာ အခြေအနေ မကောင်းဖြစ်နေတဲ့ ယူနိုက်တက်ဟာ ယူရိုနဲ့ ပြည်တွင်းဖလားပွဲတွေကို အဓိက အာရုံစိုက်မှာဖြစ်လို့ အက်ဖ်အေကလည်း အရေးပါတဲ့ ဆုဖလားပြိုင်ပွဲ ဖြစ်လာမှာပပါ။

ဝုဗ်ဟာ ထိပ်တန်းအသင်းတွေကို အနိုင်ယူလေ့ရှိတဲ့ အသင်းအဖြစ် နာမည်ကျော်လာပြီး မနှစ်က တန်းတက်လာပြီးနောက်ပိုင်း အသင်းကြီးတွေကို အတော်လေး ဒုက္ခတွေပေးနေတဲ့ အသင်းဖြစ်တယ်။ အထူးသဖြင့် ယူနိုက်တက်ဟာ ဝုဗ်နဲ့ ထိပ်တိုက်တွေ့တိုင်း ရုန်းကန်ရကာ ရလဒ်မကောင်းဖြစ်တတ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အနိုင်ရလဒ်ကို ရယူရမှာဖြစ်ပြီး အက်ဖ်အေဖလားကို ဇန်နယါရီ ၃ ရက်ကနေ ၆ ရက်ကြားမှာ ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

ZAWGYI

အဂၤလန္ရဲ႕ အဓိက ဆုဖလားျပိဳင္ပြဲ သံုးခုထဲက တစ္ခုျဖစ္သလို သက္တမ္း အရင့္ဆုံး ဆုဖလားၿပိဳင္ပြဲလည္းျဖစ္တဲ့ အက္ဖ္ေအဖလားအတြက္ မဲခြဲမႈကို စတင္ခဲ့ျပီျဖစ္ျပီး ယူႏုိက္တက္ရဲ႕ ျပိဳင္ဘက္အသင္းလည္း ေပၚထြက္ခဲ့ျပီျဖစ္ပါတယ္။

ယူႏုိက္တက္က ပရီးမီးယားလိဂ္ျပိဳင္ဘက္ျဖစ္တဲ့ ဝုဗ္အသင္းနဲ႔ အတြဲက်ခဲ့တာျဖစ္ျပီး ဒါဟာ မႏွစ္တုန္းက ကြာတားဖိုင္နယ္မွာ ယူႏုိက္တက္ကို အႏုိင္ယူသြားတဲ့ ျပိဳင္ဘက္ေဟာင္းနဲ႔ ျပန္လည္ ေတြ႔ဆံုမႈပါ။ ဝုဗ္ဟာ ဒီရာသီမွာ ယူရိုပါလိဂ္ကို ပါဝင္ ယွဥ္ျပိဳင္ေနတဲ့ အသင္းတစ္သင္းျဖစ္ျပီး ယူႏုိက္တက္နည္းတူ အုပ္စုအဆင့္ကေန ေက်ာ္လြန္ထားပါတယ္။

အက္ဖ္ေအသမိုင္းမွာ ေအာင္ျမင္ဆံုးအသင္းအျဖစ္ အာဆင္နယ္ေနာက္ ယူႏုိက္တက္က ၁၂ ၾကိမ္ထိ အႏုိင္ရထားတာျဖစ္ျပီး ေနာက္ဆံုး အႏုိင္ရထားတာက ၂၀၁၅-၂၀၁၆ ေဘာလံုးရာသီက ျဖစ္ပါတယ္။ အမွတ္ေပးလိဂ္မွာ အေျခအေန မေကာင္းျဖစ္ေနတဲ့ ယူႏုိက္တက္ဟာ ယူရိုနဲ႔ ျပည္တြင္းဖလားပြဲေတြကို အဓိက အာရံုစိုက္မွာျဖစ္လို႔ အက္ဖ္ေအကလည္း အေရးပါတဲ့ ဆုဖလားျပိဳင္ပြဲ ျဖစ္လာမွာပပါ။

ဝုဗ္ဟာ ထိပ္တန္းအသင္းေတြကို အႏုိင္ယူေလ့ရွိတဲ့ အသင္းအျဖစ္ နာမည္ေက်ာ္လာျပီး မႏွစ္က တန္းတက္လာျပီးေနာက္ပိုင္း အသင္းၾကီးေတြကို အေတာ္ေလး ဒုကၡေတြေပးေနတဲ့ အသင္းျဖစ္တယ္။ အထူးသျဖင့္ ယူႏုိက္တက္ဟာ ဝုဗ္နဲ႔ ထိပ္တိုက္ေတြ႔တိုင္း ရုန္းကန္ရကာ ရလဒ္မေကာင္းျဖစ္တတ္ပါတယ္။

ဒီတစ္ၾကိမ္မွာေတာ့ ေနာက္တစ္ဆင့္ကို တက္ႏုိင္ဖို႔ အႏုိင္ရလဒ္ကို ရယူရမွာျဖစ္ျပီး အက္ဖ္ေအဖလားကို ဇန္နယါရီ ၃ ရက္ကေန ၆ ရက္ၾကားမွာ ယွဥ္ျပိဳင္သြားမွာပဲ ျဖစ္ပါတယ္။