ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ မှာတော့ ရလဒ်တွေ ယိမ်းယိုင်ထားတဲ့ ချယ်ဆီးအသင်းဟာ ခြေစွမ်းသိပ်မဆိုးတဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၂ ပွဲဆက် အရေးနိမ့်ထားပြီး ရလဒ်ပိုင်း ပြန်လည် ရုန်းကန်လာရတာပါ။ ဒီအပတ် ထိပ်တိုက်တွေ့မှုက ချယ်ဆီးအတွက်အရေးပါသလို ကလပ်အသင်းရဲ့ ဂန္တဝင်နှစ်ဦးဖြစ်တဲ့ လမ်းပတ်နဲ့ ဂျွန်တယ်ရီတို့ ထပ်မံပြီး ထိပ်တိုက်တွေ့တဲ့ ပွဲတစ်ပွဲလည်း ဖြစ်လာပါတယ်။

လော်ရိုးက ” စနေနေ့က ဝက်ဟမ်းကို ချယ်ဆီးတို့ အရေးနိမ့်ခဲ့တာက ကလပ်နှစ်သင်း ကစားပုံနဲ့ စဉ်းစားမယ်ဆိုရင် တကယ်ကို အံ့အားသင့်ဖွယ် ရလဒ်ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အဲ့တာက အခိုက်အတန့် ရလဒ်တစ်ခုပဲလို့ ထင်ပါတယ်။ အက်စတွန်ဗီလာရဲ့ အဝေးကွင်း ရလဒ်တွေက ဆိုးရွားလွန်းပါတယ်။ ဒါပေမယ့် အိုထရတ်ဖိုဒ်ကပွဲမှာ သူတို့ စွမ်းဆောင်ရည်ကောင်းနဲ့အတူ သရေရလဒ် ထွက်ပေါ်အောင် ကြိုးစားနိုင်ခဲ့တာက ဥပမာပါပဲ။

အက်စတွန်ဗီလာ အသင်းသား ဂါလစ်က ကစားတာ အတော်လေး ကောင်းနေတယ်။ ဗီလာက တိုက်စစ်ပိုင်းကို ခြိမ်းခြောက်မှုတွေ လုပ်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ချယ်ဆီးကပဲ ထိပ်တန်းခြေစွမ်းတွေနဲ့ အနိုင်ယူသွားမယ်လို့ ကျနေ်ာ ထင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးနဲ့ အက်စတွန်ဗီလာပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းကတော့ အိမ်ရှင် ချယ်ဆီးက ၂-၀ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၅ မွာေတာ့ ရလဒ္ေတြ ယိမ္းယိုင္ထားတဲ့ ခ်ယ္ဆီးအသင္းဟာ ေျခစြမ္းသိပ္မဆိုးတဲ့ အက္စတြန္ဗီလာကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ေနာက္ဆံုး ပရီးမီးယားလိဂ္ ၂ ပြဲဆက္ အေရးနိမ့္ထားျပီး ရလဒ္ပိုင္း ျပန္လည္ ရုန္းကန္လာရတာပါ။ ဒီအပတ္ ထိပ္တိုက္ေတြ႔မႈက ခ်ယ္ဆီးအတြက္အေရးပါသလို ကလပ္အသင္းရဲ႕ ဂႏၱဝင္ႏွစ္ဦးျဖစ္တဲ့ လမ္းပတ္နဲ႔ ဂၽြန္တယ္ရီတို႔ ထပ္မံျပီး ထိပ္တိုက္ေတြ႔တဲ့ ပြဲတစ္ပြဲလည္း ျဖစ္လာပါတယ္။

ေလာ္ရိုးက ” စေနေန႔က ဝက္ဟမ္းကို ခ်ယ္ဆီးတို႔ အေရးနိမ့္ခဲ့တာက ကလပ္ႏွစ္သင္း ကစားပံုနဲ႔ စဥ္းစားမယ္ဆိုရင္ တကယ္ကို အံ့အားသင့္ဖြယ္ ရလဒ္ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ အဲ့တာက အခိုက္အတန္႔ ရလဒ္တစ္ခုပဲလို႔ ထင္ပါတယ္။ အက္စတြန္ဗီလာရဲ႕ အေဝးကြင္း ရလဒ္ေတြက ဆိုးရြားလြန္းပါတယ္။ ဒါေပမယ့္ အိုထရတ္ဖိုဒ္ကပြဲမွာ သူတို႔ စြမ္းေဆာင္ရည္ေကာင္းနဲ႔အတူ သေရရလဒ္ ထြက္ေပၚေအာင္ ၾကိဳးစားႏုိင္ခဲ့တာက ဥပမာပါပဲ။

အက္စတြန္ဗီလာ အသင္းသား ဂါလစ္က ကစားတာ အေတာ္ေလး ေကာင္းေနတယ္။ ဗီလာက တိုက္စစ္ပိုင္းကို ျခိမ္းေျခာက္မႈေတြ လုပ္ႏုိင္စြမ္းလည္း ရွိပါတယ္။ ဒါေပမယ့္ ဒီပြဲမွာေတာ့ ခ်ယ္ဆီးကပဲ ထိပ္တန္းေျခစြမ္းေတြနဲ႔ အႏုိင္ယူသြားမယ္လို႔ က်ေန္ာ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႔ အက္စတြန္ဗီလာပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းကေတာ့ အိမ္ရွင္ ခ်ယ္ဆီးက ၂-၀ နဲ႔ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။